BREAKING
သတင်းများကို ရယူနေပါသည်...
RANGON NEWS DAILY

Trending News

ခေါင်းနှစ်လုံးပါ လင်းပိုင်ငယ်တစ်ကောင်အား တူရကီ ကမ်းခြေတစ်ခုတွင် တွေ့ရှိ


RangonNewsDaily:: August . 12 .2014
ခေါင်းနှစ်လုံးပါရှိသော လင်းပိုင်ငယ် တစ်ကောင်သည် တူရကီနိုင်ငံ အနောက်ကမ်းရိုးတန်းရှိ အိုင်ဇီမာ ကမ်းခြေ တစ်ခုသို့ သြဂုတ် ၁၁ ရက် က သေဆုံး မျောပါလာသည်ကို ဒေသခံများက တွေ့ရှိခဲ့ရသည်။

အားကစားနည်းပြတစ်ဦးဖြစ်သူ တူဂရူမီတင်က အရှည် ၃ ဒသမ ၂ ပေ နှင့် တစ်နှစ်သားအရွယ်ခန့် အဆိုပါ လင်းပိုင်ငယ် အား တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“လင်းပိုင်တစ်ကောင် ပင်လယ်ထဲမှာ မျောလာတာကို ကြည့်နေတုန်း ကမ်းခြေကို ရောက်လာပါတယ်။ လင်းပိုင်ကို ဒီလို တစ်ကောင် တည်း တွေ့ရတာဟာ ပထမဆုံးမို့လို့ ကျွန်တော့် မျက်လုံးတွေကိုတောင် မယုံခဲ့ပါဘူး” ဟု မီတင်က ပြောကြားသည်။

၎င်းသည် ရဲများ၏ အကူအညီဖြင့် လင်းပိုင်အား ဓာတ်ခွဲခန်းတစ်ခုသို့ သယ်ဆောင်သွားခဲ့သည်။

AK Deniz တက္ကသိုလ်၏ အဏ္ဏ၀ါဇီဝသိပ္ပံဌာနမှ တွဲဖက်ပါမောက္ခ မာမက်ဂိုကိုဂလူက ထူးဆန်းသော လင်းပိုင်ငယ် အား လေ့လာခွင့်ရခြင်းအပေါ် ဂုဏ်ယူမိကြောင်း ပြောကြားသည်။

“ခေါင်းနှစ်လုံးနဲ့ လူတွေကို တွေ့ရခဲသလို ဒီလို လင်းပိုင်မျိုးကိုလည်း တွေ့ရခဲပါတယ်” ဟု ၎င်းက ပြော ကြားသည်။

Ref:Daily Mail , Mizzima -, KOLATT(PBDN)
RangonNewsDaily