Pages
▼
Pages - Menu
▼
Tuesday, November 5, 2013
ငွေစာရင်းမထုတ်ပြန်သည့်အတွက် နယ်မြေမှူးကို ပြည်သူ ၉၂ ဦး တိုင်ကြား
RangonNewsDaily:: November . 5 .2013
လားရှိုးမြို့ရှိ နယ်မြေမှူး တစ်ဦးအား ရေဘေးသင့်ပြည်သူများထံ လှူဒါန်းထားငွေများ ငွေစာရင်းရှင်းတမ်း မ
ထုတ်ပြန်သည့်အတွက်အရေးယူပေးရန်ရပ်ကွက်နေပြည်သူ၉၂ ဦးကလက်မှတ်ထိုးတိုင်ကြားထားကြောင်း
မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ဆီးရီးယား အရေးနှင့်ပတ်သတ်ပြီး အမေရိကန်ပြည်ထောင်စုနဲ့ ဆော်ဒီအာရေဗျနိုင်ငံကြား သဘောတူညီမှု ရရှိ
![ဆီးရီးယား အရေးနှင့်ပတ်သတ်ပြီး အမေရိကန်ပြည်ထောင်စုနဲ့ ဆော်ဒီအာရေဗျနိုင်ငံကြား သဘောတူညီမှု ရရှိ
kolatt(PBDN): November . 5 .2013
ဆီးရီးယားနိုင်ငံတွင်းအခြေအနေတွေနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုနဲ့ ဆော်ဒီအာရေဗျနိုင်ငံကြားမှာ သဘောတူညီမှုတွေ ရခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောပါတယ်။ ဆော်ဒီနဲ့အမေရိကန်ကြား ဆက်ဆံရေးဟာ မဟာဗျူဟာကျပြီး ကြာရှည်ခံမယ့် ဆက်ဆံရေးမျိုး ဖြစ်တယ်လို့လည်း မစ္စတာကယ်ရီက ပြောခဲ့ပါတယ်။
::
မစ္စတာကယ်ရီအနေနဲ့ ဆော်ဒီ မင်းသား Saud - ဆော်ဒီဘုရင် Abdullah တိုနဲ့ ဆွေးနွေးပြီးနောက် ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး မင်းသား Saud al-Faisal နဲ့ တနင်္လာနေ့မှာ ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ် အခုလို မှတ်ချက် ပေးခဲ့တာပါ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ အခု ဆော်ဒီနိုင်ငံကို အလည်အပတ်ရောက်နေတာဖြစ်ပါတယ်။
::
ဆီးရီးယားမှာဖြစ်တဲ့ ပြည်တွင်းစစ်နဲ့ အီရန်နျူကလီယား အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုကိုင်တွယ်မလဲဆိုတဲ့အပေါ် သဘော ကွဲလွဲ
မှုတွေကြောင့် အမေရိကန်နဲ့ ဆော်ဒီအကြားမှာ သံတမန်ဆက်ဆံရေးမှာ မပြေမပြစ်တာတွေ ရှိခဲ့ပုံရပါတယ်။
::
နည်းနာပိုင်းမှာ ကွဲလွဲမှုတွေ ရှိပေမယ့်လည်း အမေရိကန်နဲ့ ဆော်ဒီ နှစ်နိုင်ငံအကြားမှာ ဆီးရီးယားနဲ့
ပတ်သက်လို့ ရည်မှန်းချက် တူညီပါတယ် လို့ ဆော်ဒီ နိုင်ငံခြားရေး ၀န်ကြီးက သတင်းထောက်တွေကို ပြောပါတယ်။
::
ဒါပေမယ့်လည်း မိတ်ဆွေနိုင်ငံတွေအကြား အမှန်တကယ်ဆက်ဆံရေး
ဆိုတာဟာ ပျူငှာတဲ့ သံခင်းတမန်ခင်းထက်စာရင် ပြတ်ပြတ်သားသား ရိုးသားပွင့်လင်းမှုတွေ အပေါ် အခြေခံရမယ်လို့ ပြောသွားပါတယ်။
VOA News ::--](https://fbcdn-sphotos-f-a.akamaihd.net/hphotos-ak-frc1/p75x225/1001270_402517709851723_390344064_n.jpg)
RangonNewsDaily:: November . 5 .2013 ဆီးရီးယားနိုင်ငံတွင်းအခြေအနေတွေနဲ့ပတ်သက်လို့
အမေရိကန်ပြည်ထောင်စုနဲ့ ဆော်ဒီအာရေဗျနိုင်ငံကြားမှာ သဘောတူညီမှုတွေ
ရခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောပါတယ်။
ဆော်ဒီနဲ့အမေရိကန်ကြား ဆက်ဆံရေးဟာ မဟာဗျူဟာကျပြီး ကြာရှည်ခံမယ့်
ဆက်ဆံရေးမျိုး ဖြစ်တယ်လို့လည်း မစ္စတာကယ်ရီက ပြောခဲ့ပါတယ်။
![]() |

Myanmar Handsome အထည်ချုပ်စက်ရုံအလုပ်သမားများ ငါးရက်မြောက် အဖြစ် ဆက်လက်သပိတ်မှောက်နေကြပြီး စက်ရုံတာဝန်ရှိသူများနှင့် ညှိနှိုင်းနေဆဲ
![Myanmar Handsome အထည်ချုပ်စက်ရုံအလုပ်သမားများ ငါးရက်မြောက် အဖြစ် ဆက်လက်သပိတ်မှောက်နေကြပြီး စက်ရုံတာဝန်ရှိသူများနှင့် ညှိနှိုင်းနေဆဲ
kolatt(PBDN): November . 5 .2013
ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ Myanmar Handsome အထည်ချုပ်
စက်ရုံ မှ သပိတ်မှောက်အလုပ်သမား ၃၂၀ ကျော်မှာ ငါးရက်မြောက်အဖြစ် ဆက်လက်သပိတ် မှောက်ခဲ့ကြပြီး တောင်းဆိုချက် (၄) ချက်အား စက်ရုံတာဝန်ရှိသူများနှင့်ညှိနှိုင်းနေဆဲဖြစ်ကြောင်း နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းက အလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုစည်သူမင်းက
ပြောကြားခဲ့သည်။
::
''ကျွန်တော်တို့ အလုပ်သမားခေါင်းဆောင်တွေနဲ့ စက်ရုံတာဝန်ရှိသူတွေ ညှိနှိုင်း နေဆဲပါ။ ကျွန်တော်တို့ဘက်က တောင်းဆိုတာ (၄) ချက်ပဲ
တောင်းဆိုတာပါ။ ခုထိ တော့ညှိနှိုင်းနေဆဲပါ''ဟု ပြောကြားခဲ့သည်။
::
အဆိုပါစက်ရုံအလုပ်သမား ၃၂၀ ကျော် မှာ အောက်တိုဘာ ၂၇ ရက်က အလုပ်သမား ခေါင်းဆောင်ကိုစည်သူမင်းအား လက်မှတ် ထိုးခိုင်းပြီးအလုပ်ထုတ်ခဲ့သည့်အတွက် အလုပ်ပြန်လည်ခန့်ပေးရန်
အောက်တိုဘာ ၂၈ ရက်မှ စ၍ စက်ရုံထမင်းစားဆောင်၌အလုပ် မဆင်းဘဲစတင်တောင်းဆိုခဲ့ကြခြင်းဖြစ်ကာ အောက်တိုဘာ ၃၁ ရက်တွင်မူ စက်ရုံအပြင် ၌ သပိတ်စခန်းဖွင့်ကာ အချက်လေးချက်အား တောင်းဆို
ခဲ့ကြကြောင်း သိရသည်။
::
ထို့အပြင် ယင်းစက်ရုံ၌ အလုပ်သမား များအားစောင့်ကြည့်ရန်အတွက် စီစီတီဗွီကင် မရာများအား မိန်းကလေးအိမ်သာကော်ရစ် တာအထိ တပ်ဆင်ထားပြီး ယင်းကင်မရာမှတ်တမ်းများကိုစောင့်ကြည့်ရန်အတွက် တရုတ်အမျိုးသားတစ်ဦးအား ငှားရမ်းစောင့် ကြည့်ခိုင်းကြောင်း စက်ရုံအလုပ်သမားများက ပြောကြားသည်။
::
အလုပ်သမားတစ်ဦးက ''ကျွန်မတို့မိန်း ကလေးအိမ်သာကော်ရစ်တာအထိ စီစီတီဗွီ တွေကို တပ်ထားတယ်။ အလုပ်နဲ့သက်ဆိုင် တဲ့နေရာတွေမှာ တပ်တာတော့ ဘာမှမပြောလို ပါဘူး။ ခုဟာက မိန်းကလေးအိမ်သာနား အထိတပ်ထားတယ်ဆိုတော့ ကျွန်မတို့ ထဘီ တောင်ဖြန့်မ၀တ်ရဲဘူး။ ဒါက ကျွန်မတို့ရဲ့ ပုဂ္ဂလိကလွတ်လပ်မှုကို ချိုးဖောက်တာပါ'' ဟု ဆိုသည်။
eleven media ::--
See More News: (www.rangonnewsdaily.blogspot.com)](https://fbcdn-sphotos-d-a.akamaihd.net/hphotos-ak-ash4/s403x403/1382194_402517363185091_104322044_n.jpg)
RangonNewsDaily:: November . 5 .2013 ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ Myanmar Handsome အထည်ချုပ်စက်ရုံ မှ သပိတ်မှောက်အလုပ်သမား
၃၂၀ ကျော်မှာ ငါးရက်မြောက်အဖြစ်
ဆက်လက်သပိတ် မှောက်ခဲ့ကြပြီး တောင်းဆိုချက် (၄) ချက်အား
စက်
ရုံတာဝန်ရှိသူများနှင့်ညှိနှိုင်းနေဆဲဖြစ်ကြောင်း နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းက အလုပ်သမားခေါင်းဆောင်
တစ်ဦးဖြစ် သူ ကိုစည်သူမင်းကပြောကြားခဲ့သည်။

ကျောက်ကပ်ရောဂါ ဖြစ်ပွားမှုမှ ကင်းဝေးစေသော နည်းလမ်းသုံးခု
![]() |
RangonNewsDaily:: November . 5 .2013
ကျောက်ကပ်က ခန္ဓာကိုယ် တွင်းနဲ့ သွေးကြောတွေကို သန့်စင်ပေးတဲ့ အင်္ဂါ အစိတ်အပိုင်း တစ်ခုပါ။ ကျောက်ကပ်ထဲ မှာ ပိတ်ဆို့နေပါက အညစ်အကြေးတွေ ကို ကောင်းစွာ မစွန့်ထုတ်နိုင်ပါ။ အောက် ပါ နည်းလမ်း သုံးခုကို လိုက်နာပါက ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းမွန်ပြီး ကျောက်ကပ် ရောဂါတွေ ဖြစ်ပွားမှုမှ ကင်းဝေးစေပါတယ်။

အမြန်လမ်းမကြီးပေါ် ကိုယ်ပိုင်ယာဉ်တစ်စီးတိမ်းမှောက် နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရ
![အမြန်လမ်းမကြီးပေါ် ကိုယ်ပိုင်ယာဉ်တစ်စီးတိမ်းမှောက် နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရ
kolatt(PBDN): November . 5 .2013
မင်္ဂလာဆောင်အပြန် လူငါးဦး ပါ ကိုယ်ပိုင်ပရာဒိုကားတစ်စီး ယာဉ်မောင်းအိပ်ငိုက်၍ တိမ်းမှောက်သဖြင့် ယာဉ်မောင်းအပါအဝင် နှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာပြင်း ထန်စွာရရှိခဲ့ကြောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ပဲခူးတိုင်း ဒေသကြီး တောင်ငူခရိုင် အုတ်တွင်း မြို့နယ်တွင် နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
::
ဖြစ်စဉ်မှာ မန္တလေးမြို့မှ ရန်ကုန်သို့အပြန် ယာဉ်မောင်း ခင်မောင်ကျော် (၄၄ နှစ်) ကျောင်း တော်ရာ ပွင့်ဖြူမြို့နယ် မောင်းနှင် လာသော ကိုယ်ပိုင်ပရာဒိုကား အမှတ် ၃ဃ/--- သည် နိုဝင်ဘာ ၄ ရက် နံနက် ၅ နာရီက အမြန် လမ်းမကြီး အုတ်တွင်းမြို့နယ် မိုင် တိုင်အမှတ် (၁၂၁/၂နှင့် ၁၂၁/၃) အကြားအရောက် ယာဉ်မောင်း အိပ်ငိုက်ရာမှ လမ်းလယ်ရှိကွန် ကရစ်ကျွန်းတိုင်များကို တိုက်မိပြီး ယာဉ်တိမ်းမှောက်သွားသည်။
::
ယာဉ်တိုက်မှုကြောင့် ယာဉ် မောင်း ခင်မောင်ကျော်၊ ဦးဇော်လွင်၊ ဒေါ်ထွေးယုံ၊ ဒေါ်သိန်းသိန်းနှင့် မဖူးပွင့်သက်တို့သည် ပြင်းထန်စွာ ဒဏ်ရာများရရှိကာ ဖြူးပြည်သူ့ ဆေးရုံကြီး အရောက်တွင် ယာဉ်မောင်း ခင်မောင်ကျော်နှင့် ဦးဇော်လွင်တို့နှစ်ဦးသည် ဒဏ်ရာ များဖြင့်သေဆုံးသွားကြပြီး ကျန် လူနာများကို ရန်ကုန်မြို့သို့ ခေါ်ဆောင်သွားကြောင်း သိရသည်။
::
ယာဉ်တိမ်းမှောက်မှုသတင်းရလျှင်ရချင်း အမြန်လမ်းမကြီး ၁၁၅ မိုင်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်း အရေးပေါ်ရှေးဦးပြုစုခြင်းစခန်းမှ လူနာတင်ယာဉ်တစ်စီးနှင့် တာဝန်ခံ ဒေါ်သန်းသန်းမြင့်နှင့် အဖွဲ့၊ ၁၂၂ မိုင်ရှိ အာရောဂျံခြံမှ ဦးကိုကိုကြီး နှင့် ကုသိုလ်ဖြစ် လူနာတင်ယာဉ် တစ်စီးနှင့် ဗောဓိကုန်းရဲစခန်းမှ လူနာတင်ယာဉ်တစ်စီးတို့ ရောက်ရှိ ကြပြီး လူနာများကို ဖြူးဆေးရုံကြီးသို့ တင်ပို့ခဲ့ကြသည်။ အမှုကို အမြန် လမ်းမကြီး ဗောဓိကုန်းရဲစခန်းက အရေးယူထားကြောင်း သိရ သည်။
Myanmaalinn ::--
See More News: (www.rangonnewsdaily.blogspot.com)](https://fbcdn-sphotos-e-a.akamaihd.net/hphotos-ak-frc3/s403x403/1012485_402509519852542_914866648_n.jpg)
RangonNewsDaily:: November . 5 .2013
မင်္ဂလာဆောင်အပြန် လူငါးဦး ပါ ကိုယ်ပိုင်ပရာဒိုကားတစ်စီး
ယာဉ်မောင်းအိပ်ငိုက်၍ တိမ်းမှောက်သဖြင့် ယာဉ်မောင်းအပါအဝင် နှစ်ဦး
သေဆုံးပြီး သုံးဦး ဒဏ်ရာပြင်း ထန်စွာရရှိခဲ့ကြောင်း၊ ရန်ကုန်-မန္တလေး
အမြန်လမ်းမကြီး ပဲခူးတိုင်း ဒေသကြီး တောင်ငူခရိုင် အုတ်တွင်း မြို့နယ်တွင်
နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တောင်တရုတ်ပင်လယ်သို့ မုန်တိုင်း 30W နှင့် 31W ရောက်ရှိလာတော့မည်
![]() |
RangonNewsDaily:: November . 5 .2013
လက်ရှိအချိန်တွင် ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းသို့ ရောက်ရှိလာသည့် လေဖိအားနည်းရပ်ဝန်း(30W – THIRTY)မှာ အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး တောင်တရုတ်ပင်လယ်သို့ ဝင်ရောက်ကာ ဗီယက်နန်နိုင်ငံ တောင်ပိုင်း၊ ကမ္ဘောဒီးယားနိုင်ငံနှင့်၊ ထိုင်းနိုင်ငံတောင်ပိုင်းတို့ကို ဖြတ်ကျော်ပြီး ထိုင်းပင်လယ်ကွေ့အတွင်း၌ ပိုမိုအားကောင်းလာမည် ဖြစ်ပါသည်။

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်အတွင်း ဗုံးပေါက်ကွဲ လူ ၄ဦးဒဏ်ရာရ
RangonNewsDaily:: November . 5 .2013
ထိုင်း-မြန်မာနယ်စပ်၊ ကန်ချနဘူရီခရိုင်အတွင်းရှိ အမို-ဆင်ဖြူတိုင်-ဘောင်း
တိလမ်းခွဲတွင် ယမန်နေ့ နေ့လည် ၁၂နာရီက ဗုံး တစ်လုံး ပေါက်ကွဲရာ ထိုင်းလူမျိုးအရပ်သား ၃ဦးနှင့် မြန်မာစစ်တပ်မှ တပ်ကြပ်ကြီးတစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည်ဟု ကေအိုင်စီ က စုံစမ်းသိရှိရသည်။

တိုင်းရင်းသား ၁၆ ဖွဲ့ရဲ့ ဘုံတင်ပြချက် ၂ ခုကို ဆွေးနွေးဖို့ အစိုးရ မဆုံးဖြတ်နိုင်သေး
![]() |
RangonNewsDaily:: November . 5 .2013
မြန်မာနိုင်ငံကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၁၆ ဖွဲ့နဲ့အစိုးရငြိမ်းချမ်းရေးအဖွဲ့တို့သမိုင်းဝင်တဲ့ ဆွေးနွေး
မြန်မာနိုင်ငံကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၁၆ ဖွဲ့နဲ့အစိုးရငြိမ်းချမ်းရေးအဖွဲ့တို့သမိုင်းဝင်တဲ့ ဆွေးနွေး
ပွဲပြုလုက်ကြပြီး ပထမရက်
ဆွေးနွေးမှုအတွင်း တိုင်းရင်းသားအဖွဲ့ဖက်က တင်ပြတဲ့ ဘုံသဘောတူညီချက် အချက် ၂
ချက်ကို အစိုးရဖက်က ထပ်မံ ဆွေးနွေးဖို့အချက်အဖြစ် သတ်မှတ်ထားပါတယ်။
အမေရိကန်ဒေါ်လာ အသစ်ထုတ်ဝေသည့် ဂယက်
RangonNewsDaily:: November . 5 .2013
အမေရိကန်နိုင်ငံက ငွေစက္ကူအသစ်များ ရိုက်ထုတ်လာသည့် သတင်းထွက်ပေါ်လာသည်။ စီးပွားရေး သတင်းကိုလိုက်ပြီး သတင်းဦး၊ သတင်းထူးများ ထုတ်ပြန်ပေးကြသည့် သတင်းစာ၊ ဂျာနယ်သမားများက စီးပွားရေးပညာရှင်များကို မေးကြမြန်းကြ၍ သတင်းဝေဖန်ချက်များ ရေးကြသည်။ သုံးသပ်ချက်များ ရေး ကြသည်။

သူလျှိုလုပ်တဲ့ ကိစ္စကြောင့် သြစီနဲ့ ပူးပေါင်းမှုအပေါ် ပြန်ဆန်းစစ်မယ်လို့ အင်ဒိုဆို
![]() |
RangonNewsDaily:: November . 5 .2013
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ရှိ သြစတြေးလျသံရုံးမှာ ထောက်လှမ်းရေးပစ္စည်းကိရိယာတွေထားရှိတယ်
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ရှိ သြစတြေးလျသံရုံးမှာ ထောက်လှမ်းရေးပစ္စည်းကိရိယာတွေထားရှိတယ်
ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ပြီးနောက် အင်ဒိုနီးရှားနိုင်ငံအစိုးရကအမျက်ဒေါသထွက်နေပြီး သြစတြေးလျနဲ့ ပူးပေါင်းမှုလုပ်နေတဲ့ လုပ်ငန်းတချို့အပေါ် ပြန်လည်ဆန်းစစ်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။
ချင်းပြည်နယ် ဒေသဖွံ့ဖြိုးရေး အတွက် ၂၄ နာရီ လျှပ်စစ်မီးရရှိရန် မဟာ ဓာတ်အားလိုင်းများ သွယ်တန်းနေ
![]() |
RangonNewsDaily:: November . 5 .2013
မြန်မာနိုင်ငံ တစ်ဝန်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များကို တန်းတူ ညီမျှဖွံ့ဖြိုး တိုးတက်လာစေရန် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက် ရှိရာ ချင်းပြည်နယ်၏ မြို့တော် ဟားခါးဒေသ၌ ၂၄ နာရီ လျှပ်စစ် မီးလင်းနိုင်ရေးအတွက် မဟာ ဓာတ်အားလိုင်းကြီးများကို မကွေးတိုင်း ဒေသကြီး ဂန့်ဂေါမြို့နယ်မှ တစ်ဆင့် သွယ်တန်းလုပ်ကိုင်လျက် ရှိကြောင်း သိရသည်။