RangonNewsDaily:: November . 5 .2013
အင်အားကြီး တောင်ကိုးရီးယားနည်းပညာ ကုမ္ပဏီ Samsung ဟာ Galaxy မျိုးဆက်တင်မက ခေါက်ဖုန်းကို

လည်း ဆက်တိုက်ဆိုသလိုဖန်တီး ထုတ်လုပ်လျက်ရှိနေပါတယ်။ ယခုတစ်ဖန်ထပ်မံဖန်တီးလိုက်တဲ့ ဗားရှင်းမြှင့်ခေါက်ဖုန်းအမျိုးအစားကတော့တရုတ် ဆက်သွယ်ရေး ကုမ္ပဏီ
တစ်ခုနဲ့ ပူးပေါင်းကာ တရုတ်ဈေးကွက် အတွင်းဖြန့်ချိရောင်းချဖို့အတွက် ဖန်တီးထုတ်လုပ်ထားတာဖြစ်ပါ
တယ်။
ယခင်ဗားရှင်းတွေဖြစ်တဲ့ ခေါက်ဖုန်းတွေကတော့ Samsung SCH-W2013 ,ပြီးခဲ့တဲ့အောက်တိုဘာကထွက်ရှိ

ထားတဲ့Samsung SM-W2014တို့အပြင်မျက်နှာပြင်နှစ်ဖက်ပါ ခေါက်ဖုန်းတွေကိုဆက်တိုက်ထုတ်လုပ်ပြီး ဖြစ်
ပါတယ်။
ယခုဖန်တီး လိုက်တဲ့ မျက်နှာပြင်နှစ်ဖက်ပါခေါက်ဖုန်းကတော့ SCH-W2014ဆိုပြီးအမည်ပေးထားပါတယ်

။ ယခင်ထွက်ရှိခဲ့တဲ့ SCH-W789 Hennessyထက်ဗားရှင်းမြှင့်ဖန်တီးထားတာကိုမြင်တွေ့ခဲ့ရပါတယ်။
SCH-W2014 ခေါက်ဖုန်းမှာတော့ 2.3 GHz Qualcomm Snapdragon 800နှင့် ၃.၇ လက်မ Super AMOLED မျက်နှာပြင်၊ 800×480 pixel resolutions ပါဝင်တယ်လို့ဆိုပါတယ်။ RAM 2GB နှင့် သိုလှောင်မှုပိုင်းအနေနဲ့
internal memory 32GB ပါဝင်ကာ ကင်မရာပိုင်းအနေနဲ့ Main ကင်မရာ13MP, ရှေကင်မရာ 2MP အသုံးပြု

ပေးထားတယ်။
ိMico sd Card, Dual-Sim အသုံးပြုလို့ရတဲ့အဆိုပါ ခေါက်ဖုန်းတရုတ်ဈေးကွက်အတွင်းဖြန့်ချိမှာ ဖြစ်ပြီး အမေ

ရိကန်ဒေါ်လာ၇၀၀ လောက်ကျသင့်မယ့်တန်ဖိုးမြှင့် ခေါက်ဖုန်းဖြစ်တယ်လို့သိရပါတယ်။ နိုင်ငံတကာဈေးကွက်
အတွင်းဖြန့်ချိဖို့ ရှိမရှိဆိုတာကိုတော့ ပြောဆိုထားခြင်း မရှိကြောင်း သိရပါတယ်။
Ref:Arena
ခွန်နေ(AMMG)
Guide Magazine , kolatt(PBDN)
RangonNewsDaily

No comments:
Post a Comment