Saturday, January 18, 2014
ဘန်ကောက် ရပ်ဆိုင်းရေး ဆန္ဒပြပွဲအတွက် တစ်ရက်လျှင် ဒေါ်လာ သုံးသိန်းကျော် ကုန်ကျ
RangonNewsDaily:: January . 18 .2014
ထိုင်းနိုင်ငံ ဘန်ကောက် မြို့တွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ အင်အားစုများလုပ်ဆောင် လျက်ရှိသော ဘန်

ကောက် ရပ်ဆိုင်းရေးဟူသည့် လူထုဆန္ဒပြပွဲကြီးသည် တစ်ရက်လျှင် ဒေါ်လာ သုံးသိန်းလေးသောင်း
(ဘတ်
ငွေ ၁၀သန်း) ကုန်ကျလျက် ရှိသည်ဟု အတိုက်အခံ ပြည်သူ့ ဒီမိုကရေစီ
ပြုပြင်ပြောင်းလဲရေး ကော်မတီ (PDRC ) မှ ပြောရေးဆိုခွင့်ရှိသူ
အခါနက်ပရောပန်းက ပြောကြားကြောင်း The Nationသတင်းစာက ရေး
သားဖ်ာပြသည်။
ကရင်ပြည်နယ် ဘားအံမြို့ အောင်သံလွင်ကွင်းတွင် ၂၀၀၈ အခြေခံဥပဒေ ရှင်းလင်းခြင်းအခမ်းအနားကျင်းပ
RangonNewsDaily:: January . 18 .2014
ကရင်ပြည်နယ် ဘားအံမြို့ အောင်သံလွင် ကွင်းတွင် ယနေ့ကျင်းသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှကရင်

ပြည်နယ်လူထုအား၂၀၀၈အခြေခံဥပဒေ
ရှင်းလင်းခြင်းအခမ်းအနား သို့ ရောက်ရှိလာသော အဖွဲ့ချုပ် ဥက္ကဌ
ဒေါ်အောင်ဆန်းစုကြည် နှင့် ကွင်းလုံးပြည့်တက်ရောက်လာသော ကရင်ပြည်နယ်လူထုကို
မြင်တွေ့ရသည့်
မြင်ကွင်းများကိုဖော်ပြလိုက်ပါသည်။
ရန်ကုန်မြို့လယ်မှာ လယ်သမားတွေ ဆန္ဒပြ
RangonNewsDaily:: January . 18 .2014
သိမ်းဆည်းခံ
လယ်ယာမြေတွေ ပြန်လည်ရရှိရေးနဲ့ ၄၄၇၊ ၄၂၇ ပုဒ်မတွေနဲ့ ဖမ်းဆီးခံထားရတဲ့
လယ်သမား
တွေ ပြန်လည်လွှတ်ပေးဖို့ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့
ပဲခူးတိုင်းအတွင်းမှာရှိတဲ့ တောင်သူလယ်သမား တစ်ထောင်လောက်ဟာ ရန်ကုန်မြို့
မြို့တော်ခန်းမအနီးမှာ ဒီကနေ့ မနက်က ဆန္ဒပြခဲ့ကြပါတယ်။
တရုတ်မှ ဖယောင်းသုတ် ပန်းသီးများ ဈေးကွက်အတွင်း ဝင်ရောက်
RangonNewsDaily:: January . 18 .2014
တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်မှ မန္တလေးဈေးကွက် အတွင်းသို့ ပန်းသီး ခြောက်ဘီးကား ရှစ်စီးခန့် နေ့စဉ် ဝင်ရောက်လျက်ရှိပြီး ယင်းပန်းသီးများ ထိခိုက်မှု မရှိစေရန် ဖယောင်းသုတ်ထားမှု ရှိကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် ပန်းမန်စိုက်ပျိုးတင်ပို့ ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးကိုကိုထွေးက ပြောကြားသည်။

ဗစ်တိုးရီးယားကုန်တိုက် ခိုက်ရန်ဖြစ်ပွားမှု တရုတ်နိုင်ငံသား နှစ်ဦး ဒဏ်ရာရ
RangonNewsDaily:: January . 18 .2014
လှိုင်သာယာမြို့နယ်အမှတ် (၆) ရပ်ကွက် နဝဒေးလမ်းရှိ ဗစ်တိုးရီးယားကုန်တိုက်တွင် ဈေးလာဝယ်သူတရုတ်
နိုင်ငံသား နှစ်ဦးနှင့် ရွှေလင်ဗန်းကျေးရွာနေသူ အမျိုးသား နှစ်ဦးတို့ ဇန်နဝါရီလ ၁၆ ရက်နေ့ ည ၈ နာရီခန့်
က စကားများ ရန်ဖြစ်ရာက တရုတ်နိုင်ငံသား နှစ်ဦး၏ မျက်နှာနှင့် ဦးခေါင်းတို့တွင် ဖူးရောင် ဒဏ်ရာများ ရရှိ
ခဲ့ကြောင်း လှိုင်သာယာမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

မိမိပြောစကားကို လိုရာဆွဲအသုံးချခြင်းဖြစ်ကြောင်း သီတဂူဆရာတော် မိန့်ကြား
RangonNewsDaily:: January . 18 .2014
မန္တလေးမြို့ရှိမဟာအတုလဝေယန်(အတုမရှိ) ကျောင်းတော်ကြီးမှာအခုလ ၁၅ ရက်နေ့က ကျင်းပခဲ့တဲ့ အမျိုး

ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့
(အထက်မြန်မာပြည် - မန္တလေး)
ဖွဲ့စည်းခြင်းနဲ့ သြဝါဒခံယူပွဲမှာ သီတဂူဆရာတော်အရှင်ဥာဏိဿရကလာမယ့်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို မဲမပေးဘဲ သမ္မတ
ဦးသိန်းစိန်ကို မဲပေးကြဖို့ သြ၀ါဒပေးခဲ့တယ်ဆိုတဲ့ ပြောဆိုချက်တွေဟာ
လိုရာကိုဆွဲယူ အသုံးချမှုကြောင့်
ပေါ်ပေါက်ခဲ့ရတာဖြစ်ကြောင်း သီတဂူဆရာတော်
အရှင်ဥာဏိဿရက RFA ကို မိန့်ကြားလိုက်ပါတယ်။
ကော့သောင်းမြို့နယ်တွင် ရွာလုံးကျွတ်နီးပါး ခဲဆိပ်သင့်နှင့် ဆင်တူသော လက္ခဏာများတွေ့
RangonNewsDaily:: January . 18 .2014
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ် အောင်ဘာကျေးရွာအုပ်စု ညောင်ဝိ ကျေးရွာတွင်ကလေးနှင့်
လူကြီးများ အပါအဝင် ရွာလုံးကျွတ်နီးပါး ခဲဆိပ်သင့်သည်နှင့် ဆင်တူသော ရောဂါ လက္ခဏာများ တွေ့ရှိရ
ကြောင်း ညောင်ဝိ ကျေးရွာသားများထံမှသိရသည်။ နှာခေါင်းမှ သွေးကျခြင်း၊မျက်စိရောင်ခြင်း၊နားကိုက်ခြင်း
၊ မျက်နှာရောင်ရမ်းခြင်း၊ရင်ဘတ်အောင့်ခြင်း၊မူးဝေ အော့အန်ခြင်းစသည့် ဝေဒနာများကိုခံစားနေရကြောင်း
အထက်ပါ ရွာသူရွာသားများက ပြောကြားသည်။

သိန်းနှစ်ရာကျော် တန်ဖိုးရှိသော ရွှေထည်နှင့် ငွေသားအိတ်ကို အငှားယာဉ်မောင်းက ယူဆောင်ထွက်ပြေး
RangonNewsDaily:: January . 18 .2014
ခရီးသည်သုံးဦးက ဇန်နဝါရီလ ၁၄ ရက်နေ့ ညပိုင်းက ဗဟန်းမြို့နယ်မှ အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်
နားစခန်းသို့ ငှားရမ်း စီးနင်းခဲ့သော အငှားယာဉ်တစ်စီးမှာ ခရီးသည်က ကားခပေးနေစဉ် မောင်းနှင် ထွက်ပြေးသောကြောင့် ရွှေထည်နှင့် ငွေသား အပါအဝင် ကျပ်သိန်းနှစ်ရာကျော်ဖိုးပါသော အိတ်တစ်လုံး ယူဆောင် ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း မင်္ဂလာဒုံ မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ကျောက်ဆည်တွင် ယာဉ်ထိန်းရဲတစ်ဦး တာဝန်ထမ်းဆောင်နေစဉ်ကားတိုက်ခံရပြီး သေဆုံး
RangonNewsDaily:: January . 17 .2014
တာဝန်ထမ်းဆောင်နေသော ယာဉ်ထိန်းရဲတစ်ဦး မန္တလေးမှ ရန်ကုန်သို့သွားသော ကား အားစစ်ဆေးရန်
လက်ပြတားစဉ် ၀င်တိုက်မှုကြောင့် ဦးခေါင်းထိခိုက်ကာ သေဆုံးမှုတစ်ခု ကျောက်ဆည်မြို့ နယ်တွင်ဖြစ်ပွား
ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

Subscribe to:
Posts (Atom)