Sunday, June 16, 2013
ကံစမ်းမဲပေါက်ကြောင်းယုံကြည်အောင်ပြောဆိုပြီး ငွေလိမ်လည်မှုကျူးလွန်သူအားဖမ်းဆီးရမိ
၁၄-၆-၂၀၁၃ရက်နေ့၁၀;၀၀အချိန် ပျော်ဘွယ်မြို့နေကိုမျိုးဇော်မြင့်ထံသို့ ပြည်တွင်းအခွန်များဦးစီးဌာနမှဦး
ကျော်ကျော်ဆိုသူကဖုန်းဖြင့်ဆက်သွယ်လာပြီးဖုန်းနံပါတ်ဖြင့်ကံစမ်းမဲဖေါက်သောအစီအစဉ်တွင်ငွေကျပ်
သိန်း(၃၀၀)ရာကံစမ်းမဲပေါက်ကြောင်း၊အခွန်ဆောင်ထားပြီးဖြစ်ကြောင်း၊ ငွေကျပ်(၉)သိန်းအားဒဂုံတောင်မြို့
နယ်ရှိ ကမ္ဘောဇဘဏ်သို့ ဦးမောင်ဝင်းအမည်ဖြင့် လွှဲပေးရန်
ပြောဆိုခဲ့၍ ငွေလွှဲပေးခဲ့ပြီးနောက်ပိုင်းတွင်
လိမ်
လည်သူများဖြစ်ကြောင်းသိရှိရသည်။
မန္တလေးမြို့တွင် ငါးလအတွင်း သာသနာညှိုးနွမ်းစေမှု ၃၀ ကျော် ဖြစ်ပွား
မန္တလေး၊ ဇွန် ၁၆
သံဃာပေါင်း ၄၀,၀၀၀ ကျော် သီတင်း သုံးနေထိုင်သော မန္တလေးမြို့တွင် ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ မေလ
အထိ ငါးလတာ ကာလအတွင်း သာသနာညှိုးနွမ်းအောင် ပြုလုပ်သော သံဃာတော်များကို ပြစ်မှုဆိုင်ရာ ဥ
ပဒေပုဒ်မ၂၉၅-က အရ အရေးယူ ဆောင်ရွက်မှု၃၆ မှုရှိခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံ
မှ သိရသည်။
သံဃာပေါင်း ၄၀,၀၀၀ ကျော် သီတင်း သုံးနေထိုင်သော မန္တလေးမြို့တွင် ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ မေလ
အထိ ငါးလတာ ကာလအတွင်း သာသနာညှိုးနွမ်းအောင် ပြုလုပ်သော သံဃာတော်များကို ပြစ်မှုဆိုင်ရာ ဥ
ပဒေပုဒ်မ၂၉၅-က အရ အရေးယူ ဆောင်ရွက်မှု၃၆ မှုရှိခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံ
မှ သိရသည်။
ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိမည့် ကုမ္ပဏီနှစ်ခု အမည် ဇွန် နောက်ဆုံး အပတ်၌ ကြေညာ သွားမည်ဟု သိရ
Sunday, June 16, 2013
ပြည်တွင်း မိုဘိုင်းလ်ဖုန်း ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ အတွက်
ပြည်တွင်းပြည်ပ ကုမ္ပဏီ နှစ်ခုကို လုပ်ပိုင်ခွင့် လိုင်စင် ပေးအပ်ရန်
နိုင်ငံတော် အစိုးရက ဆောင်ရွက်လျက် ရှိရာလုပ်ငန်း လုပ်ကိုင်ခွင့် ရသည့်
ကုမ္ပဏီ နှစ်ခု၏ အမည်ကို ဇွန်လ နောက်ဆုံး အပတ်တွင် ကြေညာ ပေးသွားမည်
ဖြစ်ပြီး ၎င်းကုမ္ပဏီ များကို အမှတ်ပေး စနစ်ဖြင့် ရွေးချယ်သွားမည် ဖြစ်သည်။
သုံးဆယ်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တအရှင်ဉာဏ သက်တော် (၉၆) နှစ် ဘ၀နတ်ထံပျံလွန်တော်မူပြီ
Sunday, June 16, 2013
ရန်ကုန်မြို့၊ အာရှတော်ဝင်ဆေးရုံသို့ တက်ရောက်ဆေးဝါး ကုသမှုခံယူနေသော
သုံးဆယ်ဆရာ တော်ကြီး (ဝါ) တော ၃ဝ၊ တောင် ၃ဝ၊ ရေအိုင် ၃ဝ တို့တွင် ဓုတင်္ဂါစာရ
ကျင့်ကြံခဲ့သည့် ဆရာတော်ကြီး ဟု အများသိထားကြသည့် ဘဒ္ဒန္တအရှင်ဉာဏ သက်တော်
(၉၆) နှစ်၊ ဝါတော် (၇၆) ဝါ သည် ၁၅.၆. ၂ဝ၁၃ (စနေနေ့) နံနက် (၇းဝဝ)
နာရီအချိန်တွင် အာရှတော်ဝင်ဆေးရုံ၌ ပျံလွန်တော်မူသွားခဲ့ခဲ့ကြောင်းသတင်းရရှိသည်။
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ် ပြောင်းလဲခန့်အပ်
ဇွန်လ ၁၆ ရက် ၂၀၁၃
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအဖြစ် HE .Andrew Patrick ကို
ပြောင်းလဲခန့်အပ် လိုက်ပြီဖြစ်ကြောင်း ဗြိတိသျှသံရုံးမှ သတင်းထုတ်ပြန်သည်။၎င်းသည် လာမည့်သြဂုတ်တွင် လက်ရှိတာဝန် ထမ်းဆောင်နေသည့် သံအမတ်ကြီး HE .Andrew Heyn ၏ နေရာတွင် ၀င်ရောက်တာဝန် ထမ်းဆောင်မည် ဖြစ်သည်။
သင်္ဃန်းကျွန်း မြို့နယ်ရှိ မိကျောင်းကန် အပိုင်း (၁)နှင့် (၂)တွင်ရှိသောမိသားစု ၂၀၀ ကျော် လမ်းဘေးတွင် နေထိုင်ရပြီး ကျောင်းသားများ ကျောင်းတက်ရန် အခက်ကြုံ
Sunday, June 16 , 2013
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်း မြို့နယ်ရှိ တပ်မတော်က သိမ်းထားသည့်
မိကျောင်းကန် အပိုင်း (၁)နှင့် (၂)တွင်ရှိသော အိမ်ခြေ ၂၀၀ ကျော်အား
တပ်မြို့တော် စည်ပင်သာယာရေး အဖွဲ့မှ အင်အားသုံးဖယ်ရှား ခဲ့မှုကြောင့်
မိသားစု ၂၀၀ ကျော်မှာ ပြည်သာယာ လမ်းဘေးတွင် အဖိဆွဲကာ ဖြစ်သလို နေနေရပြီး
ကျောင်းသားများမှာ ကျောင်းနားရမည့် အခြေအနေနဲ့ ရင်ဆိုင်နေရကြောင်း
အိမ်ဖျက်ဆီး ခံရသည့် ကျောင်းသားမိဘများက ဇွန် ၁၅ ရက်နေ့တွင် ပြောသည်။
အစ္စလာမ် ဘာသာဝင်အများစုရှိနေတဲ့ ဆော်ဒီမှာ ဘာလို့ ဘုရားပေးမတည်တာလဲ ?
ဘာသာရေးပိုစ့်တွေမှာ တွေ့ မြင်နေကျ မေးခွန်းလေးတစ်ခုရှိတယ်။မင်းတို
့ဆော်ဒီမှာ ဘာလို့ 
ဘုရားပေးမတည်တာလဲ ဆိုတဲ့ မေးခွန်း။ တချို့ ကလဲ
ဖြေကြတယ်။မြင့်မြတ်တဲ့မြေ (Holy Land) ဖြစ်လို့ ။ တချို့ ကလဲ ပြန်ပြောတယ်။
ဆော်ဒီမှာ ဘုရားတည်ချင်ရင်အရင်နိုင်ငံထဲမှာ ဗုဒ္ဓဘာသာကိုးကွယ်တဲ့
နိုင်ငံသားတွေ ရှိမှရမယ်။ တချို့ ကလဲ ပြန်ငေါ့တယ်။ UN
ကိုသွားပြောကြည့်ပါလားဆိုပြီး။ ဘာပဲဖြစ်ဖြစ် ဒီမေးခွန်းအတွက် အဖြေက
အရမ်းကို ထိလွယ်ရှလွယ်လွန်းလှတယ်။
Subscribe to:
Posts (Atom)