Saturday, May 23, 2015
သမ္မတ၏ အနီးကပ်လုံခြုံရေးအဖွဲ့ခေါင်းဆောင် အစာအိမ်ရောဂါဖြင့် ကွယ်လွန်
ရဲမှူးကြီးအောင်ထွန်းထွန်းလွင်ကို မကွယ်လွန်မီတွေ့ရစဉ်
RangonNewsDaily:: May . 23 .2015
နိုင်ငံတော်သမ္မတ၏ အနီးကပ်လုံခြုံရေးကို တာဝန်ယူရသည့် အထူးရဲတပ်ဖွဲ့ရဲမှူးကြီးသည်အစာအိမ် ရောဂါဖြင့် မေလ၁၉ရက်က ကွယ်လွန်သွား၍ ၎င်းနေရာတွင် အခြားရဲမှူးကြီးတစ်ဦး အမြန်ဆုံးအစားထိုးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ သတင်းရရှိသည်။
ပေးပေး၊မပေးပေး ဖြတ်တောက်ခံရမည့် ဖုန်းဘီလ်အခွန်ငွေ
မိုဘိုင်းဖုန်းသုံးစွဲနေသူများ-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
RangonNewsDaily:: May . 23 .2015
ပြီးခဲ့သည့်ရက်ပိုင်းက နေပြည်တော်ဆက် သွယ်ရေး ၀န်ကြီး ဌာနတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန် မီဒီယာများအား အ ကြောင်းကြားခဲ့သည်။ ထုံးစံအ တိုင်း အော်ပရေတာ သုံးခုပါဝင် မည်ဆိုသည်မှ လွဲ၍ မည်သည့်သ တင်းစာရှင်းလင်းပွဲဟူသည်ကို ကြိုတင်အသိမပေးခဲ့။ မေလ ၁၈ ရက် သတင်းစာရှင်းလင်းပွဲကျင်း ပချိန်မှသာ မိုဘိုင်းဖုန်းသုံးစွဲသူ များ၏ ဖုန်းငွေဖြည့်သွင်းမှုမှ ကုန် သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ဖြတ်တောက်မည်ဆိုသည်ကို သ တင်းထုတ်ပြန်ကြေညာခဲ့သည်။
Fiji ထဲက ရေလယ် heaven Cloud 9
RangonNewsDaily:: May . 23 .2015
Fiji ကျွန်းစု နိုင်ငံဟာ တောင်ပစိဖိတ်သမုဒ္ဒရာထဲမှာ တည်ရှိပြီး သဘာဝအလှအပ များနဲ့ အင်မတန်ကို သာယာလှပါတယ်။ မြန်မာပြည်ကနေ ဖီဂျီကို အလည်အပတ် ပို့ပေးတဲ့ ဝန်ဆောင်မှုများလည်း ရှိပါတယ်။ အကယ်၍ ရောက်ဖြစ်ခဲ့ရင် လည်စရာ နေရာ တစ်ခု တိုးလာပါပြီ။ Cloud 9 လို့အမည်ရတဲ့ main ကျွန်းကနေ ၄၅ မိနစ်လောက်ပဲ စက်လှေ စီးရ ပါတယ်။
ကန်ထရိုက်တိုက်များ သတ်မှတ်ကာလအတွင်း မဆောက်နိုင်ပါက မြေပိုင်ရှင်များ တိုင်ကြားနိုင်ဟုဆို
RangonNewsDaily:: May . 23 .2015
ကန်ထရိုက်တိုက်များကို ဆောက်လုပ်ရေးလုပ်ငန်းရှင်များက သတ်မှတ် ကာလအတွင်း ဆက်လက်မဆောက်လုပ်ဘဲ ရပ်နားထားသည်ကို မြေပိုင်ရှင်က ဌာနသို့ တိုင်ကြားလာပါက အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနမှ သတင်းရရှိသည်။
မန္တလေးမြို့ပေါ်တွင် သုံးရက်အတွင်း လူလေးဦး ဓာတ်လိုက်သေဆုံး
RangonNewsDaily:: May . 23 .2015
မန္တလေးမြို့ပေါ်တွင် မေ လ ၁၇မှ ၁၉ရက်အထိ သုံးရက်အ တွင်း ဓာတ်လိုက်မှုကြောင့် လူ လေးဦးသေဆုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဖုန်းပြောခွန် ၅%ကိစ္စ ဆိုင်းငံ့ဖို့ လွှတ်တော်ကို အရေးကြီးအဆိုတင်
RangonNewsDaily:: May . 23 .2015
လာမယ့် ဇွန်လ ၁ရက်နေ့မှာ စတင်ကောက်ယူမယ်လို့ မြန်မာအစိုးရက ကြေညာထားတဲ့ တယ်လီဖုန်းပြောခအပေါ် သွယ်ဝိုက်ခွန် (ကုန်သွယ်ခွန်) ၅%ကောက်ခံမယ့်စနစ် လာမယ့် ဘက်ဂျက်ကာလအတွင်း ကင်းလွတ်ခွင့်ပေးဖို့ ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ အရေးကြီးအဆိုအဖြစ် တင်သွင်းလိုက်ရာမှာ ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အငှားယာဉ်မောင်းအယောင်ဆောင်၍ လုယက်မှု ခြောက်ကြိမ်ကျူးလွန်ခဲ့သူနှစ်ဦးကို ဖမ်းမိ
RangonNewsDaily:: May . 23 .2015
ရန်ကုန်မြို့တွင် အငှား ယာဉ်မောင်းအယောင်ဆောင် ၍ ခရီးသည်များထံမှ ရွှေထည် ပစ္စည်းများ၊ လက်ကိုင်ဖုန်းနှင့် ငွေ ကြေးများလုယက်ခဲ့သူနှစ်ဦးကို မေလဒုတိယပတ်က ဖမ်းဆီးရမိခဲ့ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန် သည်။

(၇၂) နှစ်အရွယ် အဘွားအိုအား အဓမ္မပြုကျင့်ခဲ့ သူကို (၂၄) နာရီအတွင်း ဖမ်းမိ
RangonNewsDaily:: May . 23 .2015
ဒီပဲယင်းမြို့နယ်၊ ------------------ ရွာ လယ်စောင့်တဲတွင် နေထိုင်သည့် အသက် (၇၂) နှစ်အရွယ် အဘွားအို တစ်ဦးနှင့် (၁၄) နှစ်အရွယ်ရှိ မြေးဖြစ်သူ တို့အား ကြိုးနှင့်တုပ်ကာ အဓမ္မပြုကျင့်ခဲ့သည့် တရားခံ ဖြစ်သူအား သက်ဆိုင်ရာ နယ်မြေ ရဲတပ်ဖွဲ့မှ (၂၄) နာရီ အတွင်း ဖမ်းဆီးနိုင် ခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

သုံးနိုင်ငံ နယ်စပ်ဖြစ်သည့် တာချီလိတ်ခရိုင်အတွင်း လေသေနတ်ရောင်းချမှုကို တားမြစ်ပြီး သိမ်းဆည်းမှုများ ပြုလုပ်မည်
RangonNewsDaily:: May . 23 .2015
ထိုင်း - မြန်မာ - လာအို (၃)နိုင်ငံ နယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်ခရိုင်တွင်း လေသေနတ်များသည် သေနတ်အစစ်ဖြင့် ခွဲခြားရန် ခက်ခဲခြင်းနှင့် အများပြည်သူများ လုံခြုံမှု ရှိစေရေးအတွက် မြို့ပေါ် ရပ်ကွက်များနှင့် တာလော့ဈေးအတွင်း ရောင်းချနေသည့် လေသေနတ်များကို သိမ်းဆည်း သွားမည် ဖြစ်ကြောင်း ယနေ့ မေလ(၂၂)ရက် နံနက်ပိုင်းက တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးရုံးတွင် ပြုလုပ်သည့် ခရိုင်စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ သိရသည်။

လသာမြို့နယ်သံဈေးစည်ပင်ရုံးခန်းတွင် ဓားထိုးမှုဖြစ်
RangonNewsDaily:: May . 23 .2015
လသာမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ သံဈေးတတိယထပ်ရှိ လသာမြို့နယ် စည်ပင်သာယာရေး ကော်မတီရုံးခန်းတွင် မေလ ၂၁ ရက် နံနက် ၂ နာရီခန့်က နေ့စား စည်ပင်ဝန်ထမ်း အမျိုးသားနှစ်ဦး စကားများရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ပွားခဲ့ကြောင်း လသာ မြို့မရဲစခန်းထံမှ သိရှိရသည်။

မုံရွာ ပြည်ထောင်စုလမ်းမကြီးဖောက်ရန်အတွက် မီးရထားသံလမ်းဘေးရှိ ကျူးကျော်အိမ်များ ဖယ်ရှားပေးရန် မြို့နယ်အုပ်ချုပ်ရေးမှူးမှ အိမ်ရှင်များကို ပြောကြားထား
RangonNewsDaily:: May . 23 .2015
မုံရွာမြို့တွင် အမှတ်(၂) ပြည်ထောင်စုလမ်းမ ကြီးထပ်မံဖောက်လုပ်ရန်အတွက် လမ်းမြေနှင့်မလွတ်ကင်းသော မီး ရထားသံလမ်းအရှေ့ဘက်ရှိ အိုးဘို တောင်ရပ်ကွက်မှ ကျူးကျော်အိမ် ၃၃ လုံးအား မေ ၂၄ ရက်နောက် ဆုံးထားဖယ်ရှားပေးရန် မြို့နယ်အ ထွေထွေအုပ်ချုပ်ရေးမှူးမှ အိမ်ရှင် များကို ခေါ်ယူအသိပေးထားကြောင်း သိရသည်။

ဇွန်လမှစတင်၍ ငွေဖြည့်ကတ် အသစ်များတွင် အခွန်ပေးဆောင်ထားသည့် ပမာဏကို ပူးတွဲဖော်ပြ ပေးထားမည်
RangonNewsDaily:: May . 23 .2015
ဇွန်လမှစတင်၍ ငွေဖြည့်ကတ် အသစ်များကို ဈေးကွက်အတွင်း ရောင်းချပေးသွားမည်ဖြစ်ပြီး အဆိုပါ ငွေဖြည့်ကတ်များအပေါ်၌ အခွန်ပေးဆောင်ထားသည့် ပမာဏကို ပူးတွဲဖော်ပြ ပေးထားမည်ဖြစ်ကြောင်း သိရသည်။

Subscribe to:
Posts (Atom)