Monday, June 27, 2016
မော်လမြိုင်မြို့ မရမ်းကုန်းရပ်ကွက် မီးလောင်မှု့ လူတစ်ဦးသေဆုံး
Monday. June 27. 2016
27.6.2016 ရက်နေ့ 09:30 AM အချိန်ခန့်တွင် မော်လမြိုင်မြို့ မရမ်းကုန်းရပ်ကွက် ပုလဲလမ်း အိမ်အမှတ် ၃၄၊ ဒေါ်စန်းစန်းဝင်း (၅၅) နှစ် (ဘ) ဦးစံယုံ အထက ၆ အလယ်တန်းပြ ဆရာမ၏ နေအိမ်မှ နောက်ဖေးခန်းတွင် ထားရှိသော မီးအားမြှင့်စက် အပူလွန်ကဲပြီး ဝါယာကြိုးများအား မီးစတင် လောင်ကျွမ်းရာမှ တဆင့် အနီးရှိ တင်ဒါဘူးအား ကူးစက်၍ မီးလောင်ကျွမ်းမှု့ ဖြစ်ပွားခဲ့ပါသည်။
ထိုင်း- အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှု Hunuman Guardian 2016 စတင်
Photo: ၂၀၁၅ ခုနှစ်က ကျင်းပသည့် Hunuman Guardian စစ်ရေးလေ့ကျင့်မှု
RangonNewsDaily::Monday. June 27. 2016 Hunuman Guardian 2016 အမည်ပေးထားတဲ့ ထိုင်း- အမေရိကန် ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ယနေ့မှာ ဆာရာဘူရီနဲ့ လော့ဘူရီခရိုင်တွေမှာ ပြုလုပ်လျှက်ရှိရာ၊ ဒါဟာ နှစ်နိုင်ငံတပ်မတော်များ အကြား ဆက်ဆံရေး ကောင်းမွန်တဲ့ လက္ခဏာဆောင်ကြောင်း ထိုင်းဘုရင့်တပ်မတော် ဗိုလ်မှူးကြီး ဆရီချန်က ဆိုပါတယ်။
Premier ကော်ဖီစက်ရုံကို အစိုးရက တရားစွဲမည်
Monday. June 27. 2016
အလုပ်သမားတွေအတွက် အချိန်ပိုကြေးကျပ်သိန်း ၅၀၀ လောက်ပေးဖို့ ကျန်နေတဲ့ Premier ကော်ဖီမစ်စက်ရုံကို အစိုးရက မနက်ဖြန် တရားစွဲဆိုမယ်လို့ ပြောပါတယ်။
အလုပ်သမားတွေအတွက် အချိန်ပိုကြေးကျပ်သိန်း ၅၀၀ လောက်ပေးဖို့ ကျန်နေတဲ့ Premier ကော်ဖီမစ်စက်ရုံကို အစိုးရက မနက်ဖြန် တရားစွဲဆိုမယ်လို့ ပြောပါတယ်။
မြန်အောင်တရားရုံးကို မ.ဘ.သ နောက်လိုက်များ လူစုဖြင့်ဖိအားပေးသဖြင့်တရားခွင်ရက်ရွှေ့
ဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ဦးကို ပုဆိုးလှန်ပြသည်ဟူသောစွဲချက်ဖြင့် တရားရင်ဆိုင်နေရသူ မော်လ၀ီစလင်းအမှုအား ဖိအားပေးရန်မ.ဘ.သထောက်ခံသူဘုန်းကြီးနှင့်နောက်လိုက် အင်အား နှစ်ရာကျော်က မြန်အောင်မြို့တရားရုံးတရားရုံးရှေ့တွင် စုရုံးခဲ့သဖြင့်လုံခြုံရေးအရ အမှုစစ်ဆေးမည့်နေ့ကို ရွှေ့ဆိုင်းလိုက်ကြောင်းသိရသည်။
သူရဲသမိန်ရွာမှ မွတ်စလင်မ် ၇၅ ရာခိုင်နှုန်းခန့်ခေတ္တရည်ရွယ်ချက်ဖြင့်နေရပ်စွန့်ခွာမှုဖြစ် စုံစမ်းရေးစတင်သဖြင့် အကြမ်းဖက်ကျော်ဇောအချို့ ထွက်ပြေးတိမ်းရှောင်ပြီ
လုံခြုံရေးစိုးရိမ်မှုကြောင့် နေရပ်ကိုခေတ္တစွန့်ခွာနေသည့်အစ္စလာမ်ဘာသာဝင်များကို ဇွန်လ ၂၅ ရက်နေ့ကတွေ့ရပုံ၊ဓာတ်ပုံ ( Aung Naing Soe/Coconuts Media) |
RangonNewsDaily::Sunday. June 26. 2016
လုံခြုံရေးတိုးမြှင့်ချထားမှုရှိသော်လည်း စိုးရိမ်ထိတ်လန့်မှုကြောင့် သူရဲသမိန် မှနေရပ်စွန့်ခွာသည့်အစ္စလာမ်ဘာသာဝင်အရေအတွက်မှာ ၂၀၀ကျော်ရှိပြီး ကျန် ရှိသည့် ၆၈ ဦးမှာလည်း အမှတ် ၂ ရပ်ကွက်အတွင်း နေရာအချို့ကိုသာသွားလာမှုပြုနိုင်သေးကြောင်း ဒေသခံများက Myanmar Muslim Media သို့ပြောသည်။
Subscribe to:
Posts (Atom)