Sunday, August 11, 2013
လုံထိန်းများ၏ ပစ်ခတ်မှုကြောင့် သေနတ်ဒဏ်ရာ ရသူများထဲမှ တစ်ဦး သေဆုံး
သြဂုတ်လ (၉) ရက်နေ့က သေဆုံးသွားသူ တစ်ဦး သဂြိုဟ်နေစဉ် (ဓါတ်ပုံ - စစ်တွေ IDP)
RangonNewsDaily:: Aug 11, 2013
စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အုန်းတောကြီး ဒုက္ခသည် စခန်းတွင် သြဂုတ်လ (၇) ရက်နေ့က လုံခြုံရေး တပ်ဖွဲ့ဝင် လုံထိန်း များ၏ ပစ်ခတ်မှုကြောင့် (၄) ဦးပွဲချင်းပြီး သေဆုံးပြီး (၈) ဦးဒဏ်ရာ ရရှိခဲ့သည်။ တစ်ဖန် ညနေပိုင်းတွင် ဘောဒူဖ ဒုက္ခသည် စခန်း၌ ပစ်ခတ်မှုကြောင့် (၄) ဦးဒဏ်ရာ ရခဲ့သည်။

ယောက်ျား မိန်းမ ထိုကိစ္စ (ဖတ်ဖြစ်အောင်ဖတ်ကြပါ)
RangonNewsDaily:: Aug 11, 2013
ခုတလော ဖတ်မိသော အင်တာနက်သတင်းတို့တွင် မိမိစိတ်ကို ခိုးလိုးခုလုဖြစ်စေခဲ့သော သတင်းတပုဒ် ပါရှိ
လာ၏ ၊ထိုသတင်းမှာသိပ္ပံနှင့်နည်းပညာဝန်ကြီးဌာ နအောက်ရှိသန်လျင်GTCကျောင်း၏ စာသင်ခန်း အတွင်း
ကျောင်းသားနှင့်ကျောင်းသူ ချစ်ရည်လူး နေကြသည့် ဗွီဒီယိုဖိုင်ကို မသမာသူများက အင်တာ နက်ပေါ်လွှင့်
တင်လိုက်ရာ ဂျာနယ်စာမျက်နှာများထက်ရောက်လာပြီးနောက် ယခုအခါ ဗွီဒီယိုအခွေများ အဖြစ် ရောက်ရှိ
လာပြီး အင်းလျားမီးပွိုင့်နှင့် ဦးဝိစာရမီးပွိုင့်ကြားတွင်
ရောင်းချနေသည် ဆိုသည့်သတင်း ဖြစ်သည် ၊
ခုတလော ဖတ်မိသော အင်တာနက်သတင်းတို့တွင် မိမိစိတ်ကို ခိုးလိုးခုလုဖြစ်စေခဲ့သော သတင်းတပုဒ် ပါရှိ
လာ၏ ၊ထိုသတင်းမှာသိပ္ပံနှင့်နည်းပညာဝန်ကြီးဌာ
ကျောင်းသားနှင့်ကျောင်းသူ ချစ်ရည်လူး နေကြသည့် ဗွီဒီယိုဖိုင်ကို မသမာသူများက အင်တာ နက်ပေါ်လွှင့်
တင်လိုက်ရာ ဂျာနယ်စာမျက်နှာများထက်ရောက
လာပြီး အင်းလျားမီးပွိုင့်နှင့် ဦးဝိစာရမီးပွိုင့်ကြားတွင်
ငှက်ဖျားနှင့် တီဘီဝေဒနာရှင် အမျိုးသားတစ်ဦး ဆေးဖိုးမတတ်နိုင်၍ ကြိုးဆွဲချသေဆုံး
ဒိုက်ဦး၊ သြဂုတ် ၁၀
ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် အမှတ် (၄) ကျောင်းစုရပ်ကွက် မာလာလမ်းရှိ နေအိမ်တစ်လုံးတွင် သြဂုတ်လ ၈ ရက် နံနက် ၃ နာရီခွဲက အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့ကြောင်း ရပ်ကွက်နေထိုင်သူများထံမှ သိရှိရသည်။

ဒေဝူးနှင့် မြန်မာကုမ္ပဏီနှစ်ခုပေါင်း၍ ရန်ကုန်တွင် ဟိုတယ်သစ် ဆောက်မည်
RangonNewsDaily:: Aug 11, 2013
ပြည်တွင်းကုမ္ပဏီနှစ်ခုနှင့် ဒေဝူးကုမ္ပဏီတို့ ပူးပေါင်း၍ ရန်ကုန်မြို့
ပြည်လမ်းရှိ ဆင်ဖြူရှင်ရိပ်သာ အနီးတွင် ဟိုတယ်အသစ် တည်ဆောက်မည် ဖြစ်ကြောင်း
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ
ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။
ရန်ကုန်-မန္တလေးအမြန်လမ်းပေါ် ယာဉ်ရှေ့ဘီးပေါက်ပြီး လမ်းလယ် ကျွန်းပေါ် တက်ရောက် တိမ်းမှောက်သဖြင့် ၂ ဦးသေ၊ ၁ ဦး ဒဏ်ရာရ
RangonNewsDaily:: Aug 11, 2013
၁၀-၈-၂၀၁၃ ရက်နေ့ ၁၈၁၅ အချိန် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၉/ ၂-၃)ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်းသတင်းအရ ဘောနတ်ကြီးအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ
သွားရောက်စစ်ဆေးရာ မန္တလေးမှရန်ကုန်သို့ မန္တလေးမြို့၊
အောင်မြေသာဇံမြို့နယ်၊ ပုလဲရပ်ကွက်နေ ကျော်စွာ ခင်(၄၃)နှစ် မောင်းနှင်လာသော
၉ဂ/xxxx ပါဂျဲရိုးယာဉ်မှာ ၀ဲဘက်ရှေ့ဘီးပေါက်ပြီး လမ်းလယ်ကျွန်းပေါ်သို့
တက်ရောက် တိမ်းမှောက်နေကြောင်း တွေ့ရှိရသည်။
စာရေးဆရာ၊ သတင်းစာဆရာ ဦးစိုးသိမ်း (မောင်ဝံသ) ကိုယ်ရေး မှတ်တမ်း
RangonNewsDaily:: Aug 11, 2013
အမည်ရင်း ဦးစိုးသိမ်း။ ၁၉၄၅ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် ပဲခူးတိုင်း၊ ဝေါမြို့နယ်၊မြစ်ကျိုးရွာတွင် အဖ ဦး
မောင်ခင်၊ အမိ ဒေါ်မြစိန်တို့မှ ဖွားမြင်သည်။ မြစ်ကျိုးရွာတွင် မူလတန်း၊ ပဲခူးမြို့ အမျိုးသားတန်းမြင့် ကျောင်း (ယခု အ.ထ.က ၃) တွင် ဆယ်တန်းအထိ၊ ရန်ကုန်တက္ကသိုလ်မှ ၀ိဇ္ဇာဘွဲ့ (မြန်မာ၊ အင်္ဂလိပ်၊ ဘောဂဗေဒ၊ အ
နောက်တိုင်းသမိုင်း၊ ဒဿနိကဗေဒ ဘာသာတွဲဖြင့်) ၁၉၆၇ ၌ အောင်မြင်သည်။
လုံထိန်းများ၏ ပစ်ခတ်မှုကြောင့် သေနတ်ဒဏ်ရာ ရသူများထဲမှ တစ်ဦး သေဆုံး
RangonNewsDaily:: Aug 11, 2013
စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အုန်းတောကြီး ဒုက္ခသည် စခန်းတွင်
သြဂုတ်လ (၇) ရက်နေ့က လုံခြုံရေး တပ်ဖွဲ့ဝင် လုံထိန်း များ၏ ပစ်ခတ်မှုကြောင့်
(၄) ဦးပွဲချင်းပြီး သေဆုံးပြီး (၈) ဦးဒဏ်ရာ ရရှိခဲ့သည်။ တစ်ဖန်
ညနေပိုင်းတွင် ဘောဒူဖ ဒုက္ခသည် စခန်း၌ ပစ်ခတ်မှုကြောင့် (၄) ဦးဒဏ်ရာ
ရခဲ့သည်။
ခေါက်ဆွဲခြောက်သုံးထုပ် ပျောက်၍ စွပ်စွဲခံရသူ အိမ်အကူမိန်းကလေး ငါးလွှာပေါ်မှ ခုန်ချရန်ကြံစည်
RangonNewsDaily:: Aug 11, 2013
ယမ်ယမ်ခေါက်ဆွဲခြောက်သုံးထုပ် ပျောက်ဆုံးသည့်အတွက် အသက် ၁၉ နှစ်အရွယ်
အိမ်အကူ အမျိုးသမီးကို အိမ်ရှင်က လူအများရှေ့၌ သူခိုးဟု စွပ်စွဲခဲ့သဖြင့်
ရှက်၍ သြဂုတ်လ ၁၀ ရက်နေ့ ညနေ ၂ နာရီ မိနစ် ၅၀ ခန့်တွင် ငါးလွှာ (ညာဘက်)
ဝရန်တာ အပြင်နေကာ ကွန်ကရစ်ပြားပေါ်မှ ခုန်ချရန် ကြံစည်ခဲ့ကြောင်း
ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။
Subscribe to:
Posts (Atom)