Sunday, July 29, 2012
ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပုဂ္ဂလိက ကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်မည့် အကြောင်းအရာများအား ရှင်းလင်း တင်ပြသည့် အခမ်းအနားကျင်းပ
မြန်မာ့သိလ၀ါဆိပ်ကမ်းကိုတွေ့ရစဉ်
ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ရန်ကုန်ဆိပ်ကမ်း ဖွို့ ဖြိုးတိုးတက်ရေးလုပ်ငန်းများ
တွင် ပုဂ္ဂလိက ကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်မည့် အကြောင်းအရာများအား ရှင်းလင်းတင်ပြသည့် အခမ်းအနားအား ၂၀၁၂ခုနှစ်၊ ဇူလိုင်လ ၂၉ရက်နေ့၊ နေ့လည် ၁နာရီက ရန်ကုန်မြို့၊ ပို့ဆောင်ရေး
ဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးတွင် ကျင်းပခဲ့ပါသည်။
လျှပ်တစ်ပြက် ဂျာနယ်ကို ကသာမြို့ ရွှေမေတ္တာလမ်းရှိ ဗယ်လဲင်တိုင်း (Valentine) ကာရာအိုကေ လုပ်ငန်းရှင် ကတရားစွဲဆိုသည့်အမှု ဆက်လက်ကြားနာ
ကသာမြို့ ရွှေမေတ္တာလမ်းရှိ ဗယ်လဲင်တိုင်း (Valentine) ကာရာအိုကေ
လုပ်ငန်းရှင် ဦးမြင့်မောင်က လျှပ်တစ်ပြက် ဂျာနယ်ကို အတွဲ သုံး အမှတ် ၈၄
နဲ့ ၈၈ ပါ ရေးသားချက်များနဲ့ပတ်သက်လို့  အသရေ
ဖျက်မှု နဲ့ တရားစွဲဆိုခဲ့ရာမှာ
အမှုကို တရားသူကြီးက ပြစ်မှုဆိုင်ရာအမှုကြီး ၄၈၇/၁၂ နဲ့ လက်ခံလိုက်လို့ 
ဇူလိုင်လ ၃၀ ရက်နေ့ မှာ စတင်ကြားနာမယ်လို့ သိရပါတယ်။
မန္တလေးလူမှုရေးလုပ်ငန်း ၈၈ ကျောင်းသားများ သွားရောက် လှူဒါန်း
မန္တလေးမြို့ ရွှေမန်းအုတ်ကျောင်းရှိ နှလုံးလှပင်လယ် ကုသိုလ်ဖြစ် ဘုန်းတော်ကြီးသင် အခမဲ့ ပညာဒါန စာသင်ကျောင်းမှ ကျောင်းသူ၊ ကျောင်းသားလေးများကို တွေ့ရစဉ်။ |
မန္တလေးမြို့ကို ရောက်ရှိနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ခေါင်းဆောင်တွေဟာ ဒေသခံ လူမှုရေး
လုပ်ငန်းတွေ အတွက် ဒီကနေ့ သွားရောက် လှူဒါန်းခဲ့ကြပါတယ်။
၂၀၁၂ လန်ဒန်အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားမြင့်ကွင်းများ
၂၀၁၂ လန်ဒန်အိုလံပစ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနား
၂၀၁၂ ခုနှစ် လန်ဒန်အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲကို ထူးခြားဆန်းပြားသည့် အစီအစဉ်များဖြင့် ၃ နာရီကြာ တခမ်းတနား ကျင်းပခဲ့သည်။ လန်ဒန်အိုလံပစ်ဖွင့်ပွဲ အခမ်းအနား ကျင်းပသည့် ပုံရိပ်များကို Daily Mail က စုစည်းဖော်ပြခဲ့သည်။
ထိုင်းအိမ်ရှေ့မင်းသား မဟာဝချိရာလုံကွန်၏ မွေးနေ့ မြန်မာနိုင်ငံတွင် ကျင်းပ
ထိုင်းနိုင်ငံ အိမ်ရှေ့မင်းသား မဟာဝချိရာလုံကွန်၏ ၆၀ နှစ်ပြည့်မွေးနေ့အလှူတော်မင်္ဂလာ အခမ်းအနားကို ဇူလိုင်လ ၂၉ ရက်နေ့နံနက် ၉နာရီတွင် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ထိုင်းမြန်မာချစ်ကြည်ရေးကျောင်းတိုက်
တွင်ကျင်းပခဲ့သည်။
မြန်မာအစိုးရတပ်များ ကချင်ပြည်နယ်တွင် တိုးချဲ့ရန် အထက်ညွှန်ကြားချက် ထွက်လာကြောင်း KIO ပြော
ကချင်ဒေသသို့ အစိုးရတပ်များ တိုးချဲ့နေရာယူထားကြရန် ဇူလိုင်လ ၂၆ ရက်နေ့က စစ်တိုင်းဒေသများ ကွပ်ကဲရေးဆိုင်ရာ အလွတ်သဘော ထိပ်သီး အစည်းအဝေး၌ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး ကလမ်းညွှန်ချက်
ပေးခဲ့ပြီး ဆိုင်ရာတပ် အသီးသီးသို့ ညွှန်ကြားချက် ပေးခဲ့ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIOအတွင်းရေး
မှူး ဦးလနန်မှ မဇ္ဈိမကို ပြောကြားသွားသည်။
စွန့်ပစ်ခံ ယူဆရသည့် ကလေးငယ်တဦး ရွှေတိဂုံဘုရားတွင် တွေ့ရှိ
မိဘများမှ စွန့်ပစ်ခဲ့သည်ဟု ယူဆရသော ကလေးငယ် တဦးအား ရွှေတိဂုံဘုရား မြောက်ဘက်
မုခ်တွင် ဇူလိုင်လ ၁၉ ရက်နေ့က တွေ့ရှိခဲ့ကြောင်း ဘုရားဂေါပကအဖွဲ့ တာဝန်ရှိသူ တဦးက ပြောသည်။
ရှစ်လေးလုံး အခမ်းအနား အောင်မြင်ရေး သံဃာတော်များ ပါဝင်ဆောင်ရွက်မည်
၈၈၈၈ အခမ်းအနားဖြစ်မြောက်ရေးကော်မတီ၏ တတိယအကြိမ်မြောက် အစည်းအဝေး ဇူလိုင်လ၊ ၂၈ ရက်က ကျင်းပစဉ်။ |
ရှစ်လေးလုံး အခမ်းအနား အောင်မြင်ရေး သံဃာတော်များ ပါဝင်ဆောင်ရွက်မယ်လို့ သံဃာတော်တွေက
ပြောကြားခဲ့ပါတယ်။
တိုင်းရင်းသားလူမျိုးအခွင့်အရေးကာကွယ်စောင့်ရှောက်မှုဥပဒေ ဥပဒေကြမ်း ရေးဆွဲတော့မည့်
တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေပြဌာန်းရေးအဆို ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းကအတည်ပြုလိုက်ပြီဖြစ်ပြီး ဥပဒေကြမ်းတစ်ခု ရေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
Subscribe to:
Posts (Atom)