Friday, March 29, 2013
အစွန်းရောက် ဗုဒ္ဓဘာသာဝင်များက မြန်မာမွတ်စလင်တို့အား အကြမ်းဖက် တိုက်ခိုက်ခြင်းအပေါ် ဘင်္ဂလားဒေ့ရှ် ဟိန္ဒူ ပါရီရှဒ်အဖွဲ့ချုပ် အပြင်းအထန် ရှုတ်ချ
မြန်မာနိုင်ငံတွင် အစွန်းရောက် ဗုဒ္ဓဘာသာဝင်များက မြန်မာမွတ်စလင်တို့အား
အကြမ်းဖက်တိုက်ခိုက်ခြင်းအပေါ် လွန်စွာ ဒေါသဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ဟိန္ဒူ
ပါရီရှဒ်အဖွဲ့ချုပ် (Bangladesh Hindu Parishad) က ယမန်နေ့က
ထုတ်ဖော်ပြောကြားလိုက်ပြီး ထိုသို့ အကြမ်းဖက်မှုကို အပြင်းအထန်
ရှုတ်ချကြောင်းလည်း ပြောသည်။
မလေးရှားနိုင်ငံရောက်၊ မြန်မာမွတ်စလင်မ်များမှဦးဆောင်ပြီး အကြမ်းဖက်သတ်ဖြတ်မှုမျာ ဆက်တိုက် ဆက်တိုက်ဖြစ်ပွားနေခြင်း ကိုဥပဒေဆိုးမိုးမှုဖြင့် ရပ်တန့်ထိန်းသိမ်းပေးရန်အတွက် တောင်းဆိုဆန္ဒပြ
၂၉၊မတ်လ၊၂၀၁၃ယနေ့မွန်းလွဲး (၂း၀၀)နာရီတွင် မလေးရှားနိုင်ငံရောက်၊ မြန်မာမွတ်စလင်မ်များမှဦးဆောင် ပြီး မလေးရှားနိုင်ငံ၊ ကွာလာလာမ်ပူရ်မြို့၊ တန်ပုံဟာဂျီရှေ့တွင်လူ(၂၀၀)ကျော်ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
အဆိုပါဆန္ဒပြခြင်းရဲ့ရည်ရွယ်ချက် မှာ
မြန်မာနိုင်ငံတွင် မင်းမဲ့စရိက်ဆန်စွာ အကြမ်းဖက်သတ်ဖြတ်မှုမျာ ဆက်တိုက်ဆက်တိုက်ဖြစ်ပွားနေခြင်းကိုဥပဒေဆိုးမိုးမှုဖြင့်
ရပ်တန့်ထိန်းသိမ်းပေးရန်အတွက် တောင်းဆို
ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
၂၉၊မတ်လ၊၂၀၁၃ယနေ့မွန်းလွဲး (၂း၀၀)နာရီတွင် မလေးရှားနိုင်ငံရောက်၊ မြန်မာမွတ်စလင်မ်များမှဦးဆောင် ပြီး မလေးရှားနိုင်ငံ၊ ကွာလာလာမ်ပူရ်မြို့၊ တန်ပုံဟာဂျီရှေ့တွင်လူ(၂၀၀)ကျော်ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
အဆိုပါဆန္ဒပြခြင်းရဲ့ရည်ရွယ်ချက် မှာ
မြန်မာနိုင်ငံတွင် မင်းမဲ့စရိက်ဆန်စွာ အကြမ်းဖက်သတ်ဖြတ်မှုမျာ ဆက်တိုက်ဆက်တိုက်ဖြစ်ပွားနေခြင်းကိုဥပဒေဆိုးမိုးမှုဖြင့်
ရပ်တန့်ထိန်းသိမ်းပေးရန်အတွက် တောင်းဆို
ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ တာဝန်ရှိသူများ ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် သွားရောက်တွေ့ဆုံ
ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဥာဏ်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ တာဝန်ရှိသူများက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့(၂၉.၃.၂၀၁၂) ရက်၊ နေ့လည် (၂)နာရီမှ (၃း၃၀)နာရီထိသွားရောက် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ဘယ်သူက အိမ်ရှင်လဲ
အခုတစ်လောရေပန်းစားလာတဲ့စကားတစ်ခွန်းက“မွတ်စလင်တွေကလည်းလိမ်လိမ်မာမာ
(ပါးပါးနပ်နပ်)
နေပေါ့၊အိမ်ရှင်နဲ့သင့်မြတ်အောင်ပေါင်းပေါ့၊”ဆိုတဲ့စကားပါပဲ။ဒီစကားကိုအသည်းယားနေတာကြာပါပြီ။ ပြော
ရမှာများလွန်းလို့စကားမကြုံနိုင် အလှည့်မရောက်နိုင် ဖြစ်နေတယ်။
တိုက်တိုက်ဆိုင်ဆိုင် မနေ့က ကျွန် တော့ မိတ်ဆွေ ဘုန်းကြီးတစ်ပါး
ဖုံးဆက်လာတယ်၊ “ဒကာလည်း အတော်လှုပ်ရှားနေတယ် ဆို၊- အေး ဒါတွေ က
အစိုးရလှည့်ကွက်တွေပါ၊ ဒီကောင်တွေကတော့ ဒီလိုပဲ အကွက်မျိုးစုံ လုပ်နေမှာပဲ၊
ကိုယ်တွေက သိနေဘို့ လိုတယ်။ မွတ်စလင်တွေကလည်း လိမ်လိမ်မာမာနဲ့ အိမ်ရှင်နဲ့
သင့်မြတ်အောင် အလိုက်သင့်နေတတ်ဘို့ လိုတယ်၊” ဆိုပြီး ပြောလာပြန်ပါတယ်။
နိုင်ငံတော်သမ္မတကြီး တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး တက်ရောက်
''ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည် ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်မှုကို
အထောက်အကူပြုသည့်အတွက် ဆက်သွယ်ရေး ကဏ္ဍသည် အရေးကြီးသည့် ကဏ္ဍဖြစ်ကြောင်း''
ဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ယနေ့ နံနက်ပိုင်းတွင် ကျင်းပသည့် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချရေးဆိုင်ရာ ညှိနှိုင်း အစည်း
အဝေးတွင် ပြောကြားခဲ့သည်။
ဘာသာရေး အစွန်းရောက်အဖွဲ့တွေရဲ့ လာရောက်ဟောပြောမှု တွေဖြစ်ပွားပြီး တဲ့နောက် ဆူပူအကြမ်းဖက်မှုတွေ ဖြစ်လာရတယ်လို့ ပဲခူး တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးက ရဲအရာရှိ တဦးက ပြောကြား
မိတ္ထီလာဖြစ်စဉ်အပြီးမန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနဲ့ပဲခူတိုင်းဒေသကြီးအတွင်းက
အကြမ်း
ဖက်ဖြစ်စဉ် တွေနဲ့ ပတ်သက်ပြီး လူ ၆၈ ဦးကို ဖမ်းဆီးစစ်ဆေးထားကြောင်း၊
မိတ္ထီလာအကြမ်းဖက်မှုဖြစ်စဉ်
ကြောင့် လူ ၄၂ ဦးသေဆုံးကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ကတရားဝင်ထုတ်ပြန်လိုက်ပါတယ်။မိတ္ထီလာမြို့ ရွှေ
ဆိုင်အရောင်းအ၀ယ်မှစတင်ဖြစ်ပေါ်ခဲ့တဲ့ဘာသာရေးနဲ့
လူမျိုးရေးပုံစံ အဓိကရုဏ်းတွေ ပဲခူးတိုင်းဒေသကြီး
ကိုပါ ဆူပူအကြမ်းဖက်မှုတွေ
ကူးစက်လာပါတယ်။
လက်ပတောင်းတောင် အကြမ်းဖက်ဖြိုခွင်းမှု ၄ လပြည့် ဆန္ဒဖော်ထုတ် ရန်ကုန်မြို့ ဆူးလေတွင်ပြုလုပ်
လက်ပတောင်းတောင် အကြမ်းဖက်ဖြိုခွင်းမှု ၄ လပြည့် ဆန္ဒဖော်ထုတ် ရန်ကုန်မြို့ ဆူးလေတွင်ပြုလုပ်နေ
ကြောင်းသတင်းရရှိပါသည်။ ပျံလွန်တော်မူသွားသော မစိုးရိမ်ကျောင်းတိုက်မှ ဆရာတော်ကို ရည်စူး၍
ရန်
ကုန်မြို့ ဆူးလေစေတီတွင် ပြုလုပ်ရန်စီစဉ်ထားသော ဆုတောင်းပွဲအား
မပြုလုပ်ဖြစ်ကြောင်း သိရှိရပါသည်။ မည်သည့်အတွက် ကြောင့် မပြုလုပ်ဖြစ်ကြောင်းကို ထပ်မံစုံစမ်းပြီး တင်ဆက်ပေးသွားပါမည်။
မြစ်ကြီးနားတွင် ၅၀၀၀ တန် ငွေစက္ကူအတုများဖမ်းဆီးရမိ
မတ်လ ၂၉ ရက်၊ ၂၀၁၃
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ၊ ကျွန်းပင်သာရပ်၊
ဆိုင်ကယ်ဆိုင်တစ်ခုတွင် ယမန်နေ့က ၅၀၀၀တန်ငွေ စက္ကူအတုများ
ဖမ်းဆီးရမိကြောင်းသိရှိရပါသည်။ ယမန်နေ့ နံနက် ၁၁နာရီခန့်တွင်
ကျွန်းပင်သာရပ်ရှိ ဆိုင်ကယ် ဆိုင်တစ်ခုတွင် ဆိုင်ကယ် ၀ယ်ယူရန်ရောက်လာသူ
၃ဦးထံမှ ၅၀၀၀တန်ငွေစက္ကူအတု ၂၄၈ရွက် (၁၂၄၀၀၀၀) ကျပ်အား သိမ်းဆည်းရမိကြောင်း
သိရှိရပါသည်။
မတ်လ ၂၉ ရက်၊ ၂၀၁၃
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ၊ ကျွန်းပင်သာရပ်၊
ဆိုင်ကယ်ဆိုင်တစ်ခုတွင် ယမန်နေ့က ၅၀၀၀တန်ငွေ စက္ကူအတုများ
ဖမ်းဆီးရမိကြောင်းသိရှိရပါသည်။ ယမန်နေ့ နံနက် ၁၁နာရီခန့်တွင်
ကျွန်းပင်သာရပ်ရှိ ဆိုင်ကယ် ဆိုင်တစ်ခုတွင် ဆိုင်ကယ် ၀ယ်ယူရန်ရောက်လာသူ
၃ဦးထံမှ ၅၀၀၀တန်ငွေစက္ကူအတု ၂၄၈ရွက် (၁၂၄၀၀၀၀) ကျပ်အား သိမ်းဆည်းရမိကြောင်း
သိရှိရပါသည်။
မောင်ငံဗလီတွင် လက်နက်များရှိနေသည်ဆိုခြင်းနှင့်ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲပြုလုပ်
အင်တာနက်စာမျက်နှာပေါ်တွင် အရေးကြီးသတင်း ဆိုပြီး မော်လမြိုင်မြို့၊
မောင်ငံဗလီသို့ နံနက်(၅)နာရီတွင် လက်နက်များ ပါဝင်သော
အိတ်များတစ်ညလုံးထည့်သွင်းနေကြောင်းစသည့် သတင်းများ နှင့် စပ်လျဉ်း၍ ယနေ့နေ့လည်တွင် မော်လမြိုင်မြို့၊
မောင်ငံလမ်းဆုံရှိ မြန်မာနိုင်ငံမော်လ၀ီအဖွဲ့ချုပ် ၊
မွန်ပြည်နယ်အဖွဲ့ခွဲရုံးတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ
အဆိုပါထွက်ပေါ်နေသော သတင်းများသည် မဟုတ်မှန်ကြောင်းနှင့် ကောလဟာလများ
သာဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ဗြိတိန်မိန်းကလေးငယ်တစ်ဦး ခွေးများ ဝိုင်းဝန်းကိုက်ခဲမှုကြောင့် သေဆုံး
(ခွေးကိုက်ခံရသဖြင့် သေဆုံးသွားသည့် ဂျိတ်အန်ဒါဆန်အား သူမ၏မိခင်နှင့်အတူ တွေ့ရစဉ်) |
ဒေါသထွက်နေသော အိမ်မွေးခွေးများက ဝိုင်းဝန်းတိုက်ခိုက်သဖြင့် မိန်းကလေး သေဆုံးသွားသည့် ကိစ္စ
သည် ဗြိတိန် တစ်နိုင်ငံလုံးကို ခြောက်ခြားသွားစေခဲ့သည်။
ဧရာဝတီ ဆိပ်ကမ်းနဲ့ မြို့သာ စက်မှုစီမံကိန်းအတွက် အစုရှယ်ယာ စရောင်းပြီ
နိုင်ငံတကာအဆင့်မီ ဆီမီးခုံ(ဧရာဝတီ) ဆိပ်ကမ်းနဲ့ မြို့သာ စက်မှုဥယျာဉ်မြို့တော် စီမံကိန်း တည်ဆောက်ခွင့်ရတဲ့ (RHGC) Royal Hi-Tech Group Company Limited ကို ယခုအခါ အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲ ဖွဲ့စည်းပြီးတာကြောင့် အစုရှယ်ယာတွေကို ဧပြီလ ၃ ရက်နေ့ကစပြီး ရောင်းချပေးတော့မှာ ဖြစ်တယ်လို့ RHGC မှ သိရပါတယ်။
တရုတ်ပြည်မှာ မြေကျွံကျမှုဖြစ်ပြီး လူတစ်ဦးသေဆုံး
တရုတ်ပြည်တောင်ပိုင်းမှာ မြေကျွံကျမှုတစ်ခုကြောင့် အသက် ၂၅ နှစ် အရွယ် အမျိုးသားတစ်ဦး မြေကျင်ထဲနစ်မြုတ်ခဲ့ပါတယ်။ခုလို ထိန့်လန့်တုန်လှုပ်ဖွယ်ရာ လှုပ်ရှားမှုမြင်ကွင်းကို Shenzhen မြို့
အမြဲတမ်းစောင့်ကြည့်ရေး ကင်မရာက ဖမ်းယူနိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့
အင်္ဂါနေ့ (၂၆.၃.၂၀၁၃)ကဖြစ်ပေါ်ခဲ့ တဲ့ ဒီ မြေကျွံကျမှုဟာ အနက် ၆၅ ပေ အထိရှိပြီး လုံခြုံရေးတစ်ယောက်က အခင်းဖြစ်ပွားရာ နယ်နိ မိတ်ကို စောင့်ကြပ်ခဲ့ပါတယ်။
ဖုန်းတစ်ခုလုံး မြန်မာစာ စနစ်သုံး JAS6 ဖုန်းဟန်းဆက် ဈေးကွက် အတွင်း စတင်မိတ်ဆက်
ဖုန်းစနစ်တစ်ခုလုံးမြန်မာစာစနစ်သုံးစွဲထားသည့်JAS6အမှတ်တံဆိပ်မိုဘိုင်းဖုန်းဟန်းဆက် ကို ဈေးကွက်အ
တွင်းတွင်စတင်ရောင်းချပြီဖြစ်ကြောင်းJAS6ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ သိရသည်။
အဆိုပါ JAS6 ဟန်းဆက်အား အိန္ဒိယနိုင်ငံ အခြေစိုက်ဖုန်းကုမ္ပဏီ တစ်ခုမှ
ထုတ်လုပ်ခြင်းဖြစ်ကြောင်း ဖုန်းတစ်ခုလုံးတွင် အသုံးပြုသော Funtion
များအားလုံးကို မြန်မာစာ စနစ်ဖြင်ဖြင့် အသုံးပြုနိုင်ရန်
စီစဉ်ထားရှိကြောင်း သိရသည်။
ဖုန်းစနစ်တစ်ခုလုံးမြန်မာစာစနစ်သုံးစွဲထားသည့်JAS6အမှတ်တံဆိပ်မိုဘိုင်းဖုန်းဟန်းဆက် ကို ဈေးကွက်အ
တွင်းတွင်စတင်ရောင်းချပြီဖြစ်ကြောင်းJAS6ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ သိရသည်။
အဆိုပါ JAS6 ဟန်းဆက်အား အိန္ဒိယနိုင်ငံ အခြေစိုက်ဖုန်းကုမ္ပဏီ တစ်ခုမှ
ထုတ်လုပ်ခြင်းဖြစ်ကြောင်း ဖုန်းတစ်ခုလုံးတွင် အသုံးပြုသော Funtion
များအားလုံးကို မြန်မာစာ စနစ်ဖြင်ဖြင့် အသုံးပြုနိုင်ရန်
စီစဉ်ထားရှိကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ၏ ညွန်ကြားချက်အတိုင်း ဆူပူ အကြမ်းဖက် ဖျက်ဆီးမှု ပြုလုပ်သူများကို ဥပဒေအတိုင်း ပြတ်ပြတ် သားသား ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူး ပြောကြား
နိုင်ငံတော် သမ္မတ၏ ညွန်ကြားချက် အတိုင်း ဆူပူ အကြမ်းဖက် ဖျက်ဆီးမှုများ
အတွက် မည်သူ့ကိုမဆို ဥပဒေအတိုင်း ပြတ်ပြတ်သားသား ပစ်ခတ် အရေးယူ ဆောင်ရွက်
သွားမည် ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး
မြဝင်းက မတ်လ ၂၉ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်
အုပ်ချုပ်ရေးမှူးက ရပ်ကွက် အုပ်ချုပ်ရေး မှူးများ၊ ဌာနဆိုင်ရာ
တာဝန်ရှိသူများနှင့်
ဒေသခံများအား ပြောကြားခဲ့သည်။
ဒေသခံများအား ပြောကြားခဲ့သည်။
မြောင်းမြမြို့နယ် ပမ္မဝတီ တံတား ဆိုင်းကြိုး တစ်ချောင်း ပြတ်တောက်
ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြမြို့နယ် ကျုံသွပ် ကျေးရွာအနီး ပမ္မဝတီ
တံတား၏ဆိုင်းကြိုး တစ်ချောင်း မတ် ၂၆ ရက် က ပြတ်တောက်၍ နှစ်တန်အောက်
ကားများသာ ဖြတ်သန်းခွင့် ပြုကြောင်း သိရသည်။ အဆို
ပါ ကြိုးတံတားသည် မြောင်းမြမြို့နယ် ကျုံသွပ် ကျေးရွာအနီး ပမ္မဝတီ တံတား အရှည်ပေ ၁၂၆ဝ ၌ မြောင်းမြ
ဘက်မှ ပုသိမ်ဘက်သို့ အသွား တံတားတိုင်မကြီးမှ ပေ ၆ဝဝ ခန့်အကွာ ယာဘက်ခြမ်းရှိ
ပါ ကြိုးတံတားသည် မြောင်းမြမြို့နယ် ကျုံသွပ် ကျေးရွာအနီး ပမ္မဝတီ တံတား အရှည်ပေ ၁၂၆ဝ ၌ မြောင်းမြ
ဘက်မှ ပုသိမ်ဘက်သို့ အသွား တံတားတိုင်မကြီးမှ ပေ ၆ဝဝ ခန့်အကွာ ယာဘက်ခြမ်းရှိ
မိတ္ထီလာမြို့နှင့် ပဲခူးတိုင်းအနောက်ခြမ်းရှိ ဘာသာရေးလူမျိုးရေး အကြမ်းဖက်မှု ပဋိပက္ခတွင် အကြမ်းဖက်သူ ၆၈ဦးကို ဖမ်းဆီးမိထားဟု ရဲတပ်ဖွဲ့ကြေညာ
မိတ္ထီလာမြို့နှင့် ပဲခူးတိုင်းအနောက်ခြမ်းရှိ ဘာသာရေးလူမျိုးရေး အကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်ခဲ့သူ ၆၈ယောက်ကို ဖမ်းဆီး ထိန်းသိမ်းထားပြီး ၁၅ဦးကို မသင်္ကာမှုဖြင့် စစ်ဆေးနေ ဆဲဖြစ်ကြောင်း မြန် မာနိုင်ငံရဲတပ်ဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည် ဧပြီ ၁၂ တွင် ဂျပန်သွားမည်
ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ် အောင်ဆန်းစုကြည်သည် လာမည့်ဧပြီ ၁၂ ရက်တွင်
ဂျပန်နိုင်ငံသို့ သွား
ရောက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက
ပြောသည်။
ရောက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက
ပြောသည်။
မြစ်ကြီးနားတွင် ကျောက်မျက်ဈေး တည်ဆောက်မည်
မန္တလေး၊ မတ်-၂၃
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ တွင် တရားဝင်ကျောက်မျက်ဈေးတည်ဆောက်မည်ဖြစ်ကြောင်း မြန်မာနိုင်
ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (မြစ်ကြီး နား)မှ သတင်းရရှိသည်။ နိုင်ငံတော်အစိုးရ၊ ကချင်
ပြည်နယ်အစိုးရတို့၏ ခွင့်ပြုချက် ဖြင့် မြစ်ကြီးနားမြို့၊ စီတာပူရပ်၊ စက်မှုရပ်ကွက်ဘေးရှိ မြေ ၁၅ ဧကပေါ်
တွင် ဧပြီလဆန်း ၃ ရက် မှစ၍ ကျောက်မျက်ဈေးတည် ဆောက်မည်ဖြစ်ကြောင်း မြစ်ကြီးနားကျောက်မျက်
အသင်း ဒု-ဥက္ကဋ္ဌ ဦးလခရိလအောင်က ပြောသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ တွင် တရားဝင်ကျောက်မျက်ဈေးတည်ဆောက်မည်ဖြစ်ကြောင်း မြန်မာနိုင်
ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (မြစ်ကြီး နား)မှ သတင်းရရှိသည်။ နိုင်ငံတော်အစိုးရ၊ ကချင်
ပြည်နယ်အစိုးရတို့၏ ခွင့်ပြုချက် ဖြင့် မြစ်ကြီးနားမြို့၊ စီတာပူရပ်၊ စက်မှုရပ်ကွက်ဘေးရှိ မြေ ၁၅ ဧကပေါ်
တွင် ဧပြီလဆန်း ၃ ရက် မှစ၍ ကျောက်မျက်ဈေးတည် ဆောက်မည်ဖြစ်ကြောင်း မြစ်ကြီးနားကျောက်မျက်
အသင်း ဒု-ဥက္ကဋ္ဌ ဦးလခရိလအောင်က ပြောသည်။
ပုဒ်မ ၁၄၄ ထုတ်ထားသော ဇီးကုန်းမြို့ လုယက်မှုများ ဆက်လက်ဖြစ်ပွားနေ (မတ်လ ၂၉၊ ၂၀၁၃ (နံနက် ၉း၁၅ - နာရီ))
မွတ်စလင်မ်များသ
လှုံနေကြရသည်။ယမန်နေ့က နိုင်ငံတော် သမ္မတမိန့်ခွန်းပြောပြီး ယနေ့ ၂၉-ရက်နေ့ နံနက်
(၉း၁၅နာရီ)တွင် မွတ်စလင်မ်များ ထွက်ပြေးတိမ်းရှောင်နေသည့် ကျွဲခြံရွာသို့
အကြမ်းဖက်အုပ်စု ရောက်ရှိလာပြီး မွတ်စလင်မ်များပိုင် ပစ္စည်းများ ကျပ်သိန်း
၃၀ ဖိုးခန့်ကို အဓမ္မလုယက်ဖျက်စီးခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်း အနောက်ဘက်ခြမ်း (မတ်လ ၂၉ ရက်နေ့ နံနက် ၁၁ နာရီ အခြေအနေ)
ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ဇီးကုန်းမြို့နယ်နှင့် ကြို့ပင်ကောက်
မြို့နယ်တို့၏ မတ်လ ၂၉ ရက်နေ့ နံနက်ပိုင်း အခြေအနေမှာ တည်ငြိမ်လျက်ရှိပြီး
လွန်ခဲ့သော ပဋိပက္ခ ဖြစ်ပွားခဲ့သည့် နေ့များထက် ဒေသခံများ သွားလာလှုပ်ရှားမှု ပိုမို များပြားလျက်ရှိကြောင်း Eleven Media Group သတင်းထောက်၏ ပြောကြားချက်အရ သိရသည်။
စောင့်ကြည့် သတိထားရမည့် ရန်ကုန်အခြေအနေ
မတ်လ ၂၉ ရက် နံနက် ၁ နာရီခန့်က ရဲတပ်ဖွဲ့ဝင်များ အဓိကရုဏ်းနှိမ်နင်းရေး လေ့ကျင့်နေစဉ်
မတ်လ ၂၉၊ ၂၀၁၃
ပျံလွန်တော်မူသွားသော မစိုးရိမ် ကျောင်းတိုက်မှ ဆရာတော် ကိုရည်စူး၍
ဆုတောင်းပွဲတစ်ရပ်ကို (၂၉)
ရက်၊ သောကြာနေ့ နေ့လည် ၁၂း၃၀ အချိန်တွင်
ရန်ကုန်မြို့ မြို့တော်ခန်းမအနီး ဆူးလေစေတီတော်တွင်
ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ထိုဆုတောင်းပွဲကို ဦးဝီရသူ တက်ရောက်မည်
ဖြစ်ကြောင်းသတင်းရရှိသည်။
မတ်လ ၂၉ ရက် နံနက် ၁ နာရီခန့်က ရဲတပ်ဖွဲ့ဝင်များ အဓိကရုဏ်းနှိမ်နင်းရေး လေ့ကျင့်နေစဉ် |
မတ်လ ၂၉၊ ၂၀၁၃
ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းတွေ အရေးပေါ်အကူအညီတွေလိုအပ်နေကြောင်း ကုလသမဂ္ဂပြောကြား
လာမယ့်မေလမုတ်သုန်ရာသီမစခင်မြန်မာနိုင်ငံရခိုင်ပြည်နယ် ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရတဲ့ နေရာရွှေ့ပြောင်းခံရသူ တစ်သိန်းခွဲနီးပါး အတွက် အရေးပေါ်အကူအညီ အစီအမံတွေ အမြန်ဆောင်ရွက်ဖို့ လိုအပ်နေပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။
အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ မြန်မာပြည်လာမည်
အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ ဟာ အခုလာမယ့် ဧပြီလဆန်းမှာ မြန်မာနိုင်ငံကို သွားရောက်ဖို
့ရှိနေပါတယ်။ပဋိပက္ခဖြစ်တဲ့နေရာတွေမှာငြိမ်းချမ်းရေးတည်ဆောက်နိုင်အော င်ဘယ်လို အကူအညီပေးမ
လဲဆိုတာကို
စူးစမ်းလေ့လာဖို့အတွက် မြန်မာနိုင်ငံနဲ့ နီပေါလ်နိုင်ငံကို မတ်လ ၂၉ ရက်နေ့
ကနေ ဧပြီ ၆ ရက်နေ့ အထိ သွားရောက်မှာဖြစ်တယ်လို့ သိရပါတယ်။
အကြမ်းဖက်သမားများ အင်းမ ကိုဖျက်ဆီနေပြီ
မတ်လ ၂၈၊ ၂၀၁၃
ရေကျော်ရွာအကျော် အင်းမအနီးရှိ နွားပွဲဈေးမှ မွတ်စလင်မ်ပိုင်
ကြက်ခြံတစ်ခုအား လွန်ခဲ့သော ၄၅-မိနစ်ခန့်က ၀င်ရောက်ဖျက်ဆီးနေကြောင်း၊
အင်းမအနီးတွင် လုံခြုံရေးချထားသော စစ်တပ်ကို လွန်ခဲ့သော နာရီဝက်ခန့်က
အကြောင်းကြားစဉ် တပ်မမှူးရောက်နေ၍ ခဏကြာလျှင် လာခဲ့မည်ဖြစ်ကြောင်း၊
အကြမ်းဖက်သမားများသည် ယခုအခါ ကြက်ခြံအား တချို့တ၀က်ဖျက်ဆီး၍၊
မီးလုံးများလည်း ရိုက်ခွဲသွားကြောင်း၊ ယခုအချိန်ထိ စစ်တပ်မှ
မရောက်ရှိလာသေးကြောင်း သိရသည်။
အကြမ်းဖက်မှုကြောင့် အိမ်ရာများပျက်စီးခဲ့ရတဲ့ အစ္စလာမ် ဘာသာဝင် ၇၄ ဦးအားရန်ကုန်မြို့သို့ခေါ်ဆောင်လာ
နတ္တလင်းမှ အကြမ်းဖက်သမားများရဲ့ ဖျက်ဆီးခြင်းကို ခံလိုက်ရသော အစ္စလာမ် ဘာသာဝင် ၇၄ ဦးအား သံဃာတော်များမှ ဦးဆောင်ကာ ရန်ကုန်သို့ ယနေ့ ခေါ်ဆောင်လာခဲ့ပြီး ရန်ကုန်မြို့ ရောင်နက်ဗလီတွင် ထားရှိ ထားသည်ဟု သိရသည်။ အဆိုပါ ဒုက္ခသည်များအား မင်္ဂလာတောင်ညွန့်မှ သံဃာတော်များနှင့်၈၈
ယနေ့ည ၉ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ဒေါပုံမြို့နယ်၌ အမျိုးသမီးတစ်ဦးမှ အကြမ်းဖက်ဆူပူရန် လှုံ့ဆော်မှုတစ်ခုဖြစ်ပွား
ယနေ့ည ၉ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ဒေါပုံမြို့နယ်၌ အမျိုးသမီးတစ်ဦးမှ
အကြမ်းဖက်ဆူပူရန် လှုံ့ဆော်မှုတစ်ခုဖြစ်ပွားခဲ့ရာ ရပ်ကွက်နေပြည်သူများမှ
အချိန်မီဟန့်တား ဖမ်းဆီးနိုင်ခဲ့ကြောင်း PDK မှ သတင်းရရှိသည်။
ဖြစ်ပွားပုံမှာ
ရန်ကုန်မြို့အတွက် စနစ်တကျရေးဆွဲထားတဲ့ လုံခြုံရေး စီမံချက်
ရန်ကုန်မြို့အတွက်
စနစ်တကျရေးဆွဲထားတဲ့ လုံခြုံရေး စီမံချက်ကြီးရှိပြီးသားပါ။
အင်မတန်ပြည့်စုံတဲ့ လုံခြုံရေးစီမံချက်ပါ။ ၁၅
မိနစ်အတွင်းမှာတပ်ဖြန့်နေရာယူပြီး နာရီဝက်အတွင်း အတွင်းစည်း (၁၉) နေရာနဲ့ အပြင်စည်း(၁၉) နေရာမှာ တပ်ဖြန့်၊ ပိတ်ဆို့နေရာ (၁၈၄) နေရာနဲ့ ရန်ကုန်မြို့တစ်ခုလုံးကိုပိတ်ဆို့ပြီး မလိုလားအပ်သူတွေကို ချေမှုန်းနိုင်တဲ့စီမံချက်လည်း ဖြစ်ပါတယ်။
အကြမ်းဖက်မှုကြောင့် မင်းလှမြို့တွင် ပိတ်မိနေသော အစ္စလာမ် ဘာသာဝင်များကို သံဃာ(၄)ပါး နှင့် ဗုဒ္ဓဘာသာဝင်အချို့ မှ ကယ်ထုတ်ပေးခဲ့ ( မတ်လ ၂၈၊ ၂၀၁၃ ည ၁၁း၀၀)
မတ်လ ၂၈၊ ၂၀၁၃
ယနေ့ ည(၁၁)နာရီ ၁၀မိနစ် အချိန်တွင် ပဲခူးတိုင်း ၊ မင်းလှမြို့တွင်
အကြမ်းဖက်တိုက်ခိုက်မှုကြောင် ပိတ်မိနေသော အစ္စလာမ် ဘာသာဝင်များကို ဒေသခံ
သံဃာလေးပါး နှင့် ဗုဒ္ဓဘာသာဝင် တချို့တို့မှ ကယ်ထုတ်လာ၍ ရန်ကုန်မြို့ ရှိ
ဗလီဝတ်ကျောင်းတော် တခုသို့ လာရောက် ပို့ဆောင် ပေးခဲ့ကြောင်း သတင်းရရှိသည်။
Subscribe to:
Posts (Atom)