Pages

Friday, March 29, 2013

မောင်ငံဗလီတွင် လက်နက်များရှိနေသည်ဆိုခြင်းနှင့်ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲပြုလုပ်

အင်တာနက်စာမျက်နှာပေါ်တွင် အရေးကြီးသတင်း ဆိုပြီး မော်လမြိုင်မြို့၊ မောင်ငံဗလီသို့ နံနက်(၅)နာရီတွင် လက်နက်များ ပါဝင်သော အိတ်များတစ်ညလုံးထည့်သွင်းနေကြောင်းစသည့် သတင်းများ နှင့် စပ်လျဉ်း၍ ယနေ့နေ့လည်တွင် မော်လမြိုင်မြို့၊
မောင်ငံလမ်းဆုံရှိ မြန်မာနိုင်ငံမော်လ၀ီအဖွဲ့ချုပ်၊ မွန်ပြည်နယ်အဖွဲ့ခွဲရုံးတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ အဆိုပါထွက်ပေါ်နေသော သတင်းများသည် မဟုတ်မှန်ကြောင်းနှင့် ကောလဟာလများ သာဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ယင်းရှင်းလင်းပွဲတွင် မြန်မာနိုင်ငံမော်လ၀ီများအဖွဲ့ချုပ် (မွန်ပြည်နယ်အဖွဲ့ခွဲ) ဥက္ကဌဖြစ်သူ မော်လ၀ီအဗ္ဗဒူရှကူးမှ မောင်ငံဗလီသို့ အဆိုပါကောလဟာလများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာအုပ်ချုပ်ရေး အာဏာပိုင်များမှ လာရောက်ကြည်ရှုစစ်ဆေးပြီးဖြစ်ကြောင်းနှင့် မဟုတ်မှန်သတင်းဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
ထို့နောက် မော်လ၀ီအဖွဲ့ချုပ် အဖွဲ့ဝင် ဦးစိုးပိုင်မှ အများပြည်သူများ အထိတ်တလန့်ဖြစ်စေသော သတင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာမှ မဟုတ်မှန်ဟု အတည်ပြုပြီးဖြစ်ကြောင်း၊ ဈေးရှေ့တွင် မိသားစုထမင်းဆိုင်ရှိခြင်းမှာလည်းမဟုတ်မှန်ကြောင်း၊မွန်ပြည်နယ်မီဒီယာမှ မှုခင်းသတင်းထောက်ကိုအောင်သူဆိုသူမှာလည်းမရှိဟုပြောကြားကြောင်း၊ မောင်ငံဗလီသည် မောင်ငံအုပ်ချုပ်ရေးမှူးရုံးရှေ့တွင်ရှိပြီး ထိုအုပ်ချုပ်ရေးမှူး ရုံးတွင်လည်း ညလုံးပေါက်လုံခြုံရေးများရှိကြောင်း စသည်များကို ရှင်းလင်းပြောဆိုခဲ့သည်။
သတင်းစာရှင်းလင်းပွဲအဆုံးသတ်တွင် ပြည်သူများကြားတွင် ဖြစ်ပွားနေသော မဟုတ်မမှန်သတင်းများနှင့် ပတ်သက်ပြီးပည်သူများမှမယုံကြည်ကြရန်နှင့်တည်ငြိမ်အေးချမ်းရေးအတွက်မိမိတို့မှ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်းထပ်မံပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Than Lwin Times, Rangonnewsdaily
Kolatt(PBDN):29.3.2013

0 comments:

Post a Comment

 
world time