Pages

Friday, March 29, 2013

မြစ်ကြီးနားတွင် ကျောက်မျက်ဈေး တည်ဆောက်မည်

မန္တလေး၊ မတ်-၂၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ တွင် တရားဝင်ကျောက်မျက်ဈေးတည်ဆောက်မည်ဖြစ်ကြောင်း မြန်မာနိုင်
ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (မြစ်ကြီး နား)မှ သတင်းရရှိသည်။ နိုင်ငံတော်အစိုးရ၊ ကချင်
ပြည်နယ်အစိုးရတို့၏ ခွင့်ပြုချက် ဖြင့် မြစ်ကြီးနားမြို့၊ စီတာပူရပ်၊ စက်မှုရပ်ကွက်ဘေးရှိ မြေ ၁၅ ဧကပေါ်
တွင် ဧပြီလဆန်း ၃ ရက် မှစ၍ ကျောက်မျက်ဈေးတည် ဆောက်မည်ဖြစ်ကြောင်း မြစ်ကြီးနားကျောက်မျက်
အသင်း ဒု-ဥက္ကဋ္ဌ ဦးလခရိလအောင်က ပြောသည်။
မြစ်ကြီးနားမြို့တွင် ကျောက်မျက်တရားဝင် တင်ဆောင်ရောင်းဝယ်ခွင့်မရှိသေးဘဲ လတ်တလောတွင် တရား
မ၀င်ကြိတ်ဝိုင်းအနေဖြင့် ကျောက်မျက်အရောင်းအ၀ယ်လုပ်နေရကြောင်း၊ ဈေးတည်ဆောက်ပြီးလျှင်မူ တ
ရားဝင်ခွင့်ပြုချက်ဖြင့် ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းဝယ်လာနိုင်မည်ဖြစ်ကြောင်းမြစ်ကြီးနား ကျောက်မျက်အ
သင်း အတွင်းရေးမှူးဦးတူးခေါင်က ဆိုသည်။

ဈေးတည်ဆောက်ရာတွင် ကျောက်မျက်အချောထည်ထုတ် စက်ရုံများ၊ ဈေးတွင် အခွန်ဆောင်ပြီး ပြည်ပ
တိုက်ရိုက်ရောင်းချနိုင် သည့် (OSS) ကဲ့သို့ လိုင်စင်ထုတ်ပေးခြင်းများ၊ နိုင်ငံတကာအဆင့်မီ ကျောက်မျက်
အရောင်းပြခန်းများ၊ စူပါမားကက်စသည်တို့ပါဝင်ရန် ဇုန်လေးဇုန်ခွဲ၍ အဆင့်လိုက် တည်ဆောက်မည်ဖြစ်
ကြာင်း ပထမအဆင့်ဇုန်တစ်အနေဖြင့် တစ်ထပ်ဆိုင်းခန်း ၁၄၀ ကျော်ကို အချိန်ခြောက်လအတွင်း အပြီး
တည်ဆောက်မည်ဖြစ်ကြောင်း ဦးလခရိလအောင်က ပြောသည်။

မြစ်ကြီးနားတွင် တရားဝင် ကျောက်ဝိုင်းမရှိသဖြင့်ခိုးကြောင်ခိုးဝှက်အရောင်းအ၀ယ်လုပ်နေရပြီး နိုင်ငံတော်
အတွက်လည်း အခွန်ငွေမရရှိကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ထံခွင့်ပြုချက်တောင်းခံခဲ့ပြီးတရားဝင်ကျောက်
မျက် ရောင်းဝယ်ခွင့်၊ နိုင်ငံတော်အတွက်အခွန်ငွေ၊ ဒေသတွင်းအလုပ်အကိုင်များ ရရှိစေရန် ကျောက်မျက်
ဈေး တည်ဆောက်ခြင်းဖြစ်ကြောင်း ဦးလခရိလအောင်က ဆိုသည်။

ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ မြစ်ကြီးနားတို့တွင် နိုင်ငံတကာအဆင့်မီ ကျောက်မျက်ဈေးသစ်များ တည်ဆောက်နေပြီး လာမည့်နှစ်များမှစ၍ ၎င်းဈေးသစ်များ၌ အဆင့်နိမ့်ကျောက်မျက်ပြပွဲများ ကျင်းပနိုင်ရန် စီစဉ်နေကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရဖွဲ့ သစ်တောနှင့်သတ္တုဝန်ကြီးဦးသန်းစိုးမြင့်က ပြောသည်။


7days News:,Rangonnewsdaily
Kolatt(PBDN):29.3.2013 

0 comments:

Post a Comment

 
world time