Monday, July 20, 2015
ဂုဏ်ပုဒ်နှင့် ထိုက်တန်သော အာဇာနည်များ
RangonNewsDaily:: July . 20 .2015
၁၉၄၇ ခုနှစ် ဇူလိုင် ၁၃ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ့လွတ်လပ်ရေးအတွက် ဆောင်ရွက်ခဲ့မှုများ၊ ရှေ့ဆက်လုပ်ဆောင်မည့် ကိစ္စရပ်များကို လူထုသို့ တင်ပြသည်။ မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံတွင် လူထု အစည်းအဝေးကြီးတရပ် ကျင်းပကာ အောက်ပါ နောက်ဆုံးမိန့်ခွန်းကို မြွက်ကြားခဲ့သည်။
ကော့သောင်းမြို့ တွင် ရေကြောင်းလမ်းမှားယွင်း မောင်းနှင်မှုကြောင့် ကုန်တင်သင်္ဘောတစ်စင်း ဘုရားရင်ပြင်ကို ၀င်တိုက်မိ
RangonNewsDaily:: July . 20 .2015
ကော့သောင်းမြို့ ဘုရင့်နောင်ရပ်ကွက် ကမ်းနားလမ်း ဘုရင့်နောင်အငူ (ဝိတိုရိယအငူ)အနီးတွင် တည်ထား ကိုးကွယ်သည့် နဂါးရုံစေတီတော်ရင်ပြင်တော် ပရိဝုဏ်အတွင်းသို့ ဇူလိုင် ၁၇ ရက် နံနက်ပိုင်းက ကမ်းရိုးတန်းသွား ကုန်တင်သင်္ဘော (သံခွံ) တစ်စင်း ရေလမ်းကြောင်းမှားယွင်းမောင်းနှင်မှုကြောင့် ဝင်ရောက်တိုက်မိသည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားသည်။
ပြည်တွင်း၌ မိုဘိုင်းဖုန်းဖြင့် Facebook အသုံးပြုအရေအတွက် လေးသန်းနှစ်သိန်း ကိုးသောင်းရှိပြီး Android OS ပေါ်မှ အသုံးပြုသူဦးရေ အများဆုံးဖြစ်
RangonNewsDaily:: July . 20 .2015
မြန်မာနိုင်ငံတွင် Facebook လူမှုကွန်ရက်ကို အသုံးပြုသူအရေတွက် လေးသန်းနှင့် ခုနစ်သိန်း (၄,၇၀၀,၀၀၀ ) ရှိလာပြီဖြစ်ပြီး ယင်းတို့အနက် မိုဘိုင်းဖုန်းဖြင့် အသုံးပြုသူ အရေအတွက် မှာ လေးသန်းနှစ်သိန်းကိုးသောင်း (၄,၂၉ ၀,၀၀၀) ရှိပြီး ကွန်ပျူတာမှတစ်ဆင့် အသုံးပြုသော ပမာဏထက် ဆယ်ဆကျော် များပြားနေကြောင်း Amara Digital Marketing Agency ၏ လေ့လာထားသော အချက်အလက်များအရ သိရသည်။
မြန်မာနိုင်ငံတွင် Facebook လူမှုကွန်ရက်ကို အသုံးပြုသူအရေတွက် လေးသန်းနှင့် ခုနစ်သိန်း (၄,၇၀၀,၀၀၀ ) ရှိလာပြီဖြစ်ပြီး ယင်းတို့အနက် မိုဘိုင်းဖုန်းဖြင့် အသုံးပြုသူ အရေအတွက် မှာ လေးသန်းနှစ်သိန်းကိုးသောင်း (၄,၂၉ ၀,၀၀၀) ရှိပြီး ကွန်ပျူတာမှတစ်ဆင့် အသုံးပြုသော ပမာဏထက် ဆယ်ဆကျော် များပြားနေကြောင်း Amara Digital Marketing Agency ၏ လေ့လာထားသော အချက်အလက်များအရ သိရသည်။
ဘုတလင်မြို့နယ်နှင့် ကန့်ဘလူမြို့နယ်အတွင်း ရေကြီးရေလျှံမှုဖြစ်ပွား
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်အတွင်း ဇူလိုင် ၁၆ ရက် ညနေပိုင်းမှ စ၍ အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် တောင်ကျင်းကျေးရွာအနီးရှိ သစ်ခဲချောင်းရေလှောင်တမံသည် ယနေ့ နံနက် ၂ နာရီခန့်တွင် ရေလျှံမှုဖြစ်ပေါ်ကာ တမံပေ ၁၅၀ ခန့် ကျိုးပေါက်ခဲ့ပြီး တမံအောက်ရှိ တောင်ကျင်း ကျေးရွာ၊ ဂွေးပင်ကျင်းကျေးရွာ၊ လက်ယက်တွင်းကျေးရွာနှင့် အင်ကြင်းမကျေးရွာတို့တွင် ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်။
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးတောမီး ကားနှင့် အိမ်တချို့ ကူးစက်လောင်ကျွမ်း
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျယ် လိစ် နှင့်လာဗီဂက်စ်ကို ဆက်သွယ်ထားသည့် အဝေးပြေးလမ်းအနီး၌ မနေ့နေ့လည်က တောမီးလောင်ကျွမ်းရာ ကားလမ်းပေါ်ကိုပါ ကူးစက်သဖြင့် လူများက ကားများကို စွန့်ကာ ထွက်ပြေးခဲ့ကြရပြီး ကား အစီး၂၀စီးခန့် နှင့် အိမ်တချို့ မီးလောင်ကျွမ်းခံခဲ့ရကြောင်း အမေရိကန်သတင်း များတွင်ဖော်ပြထားသည်။
Subscribe to:
Posts (Atom)