Tuesday, July 1, 2014
ထိခိုက်ဒဏ်ရာရသော အရေးပေါ်လူနာကို ဆေးကုသရန် ပျက်ကွက်ပါက ထောင်ချနိုင် သည့် ဥပဒေကြမ်းလွှတ်တော်တင်
RangonNewsDaily:: June . 30 .2014
ထိခိုက်ဒဏ်ရာရရှိသော အရေးပေါ်လူနာများကို အချိန်မီဆေးကုသမှုပြုလုပ်မပေး၍ လူနာအသက်သေဆုံးမှုဖြစ်ခဲ့ပါက ဆေးကုသမှုပေးရန် တာဝန်ပျက်ကွက်သူကို ထောင်ချနိုင်သည့် ဥပဒေကြမ်းတစ်ရပ်ကို ယနေ့ ကျင်းပသော ပြည်သူ့လွှတ်တော်သို့ ပြည်သူ့လွှတ် တော်တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများစိစစ်ဆောင်ရွက်ရေးကော်မတီတင်က သွင်းလိုက်သည်။

စစ်တပ်တွင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းအတွက် တောင်ကိုရီးယားသမ္မတ တောင်းပန်
RangonNewsDaily:: June . 30 .2014
လူငယ်တပ်ကြပ်ကြီး တစ်ဦးက လုပ်ဖော်ကိုင်ဖက် စစ်မှုထမ်းများကို ပစ်သတ်ခဲ့သည့် ဖြစ်ရပ်နှင့် ပတ်သက်ပြီး တောင်
ကိုရီးယား သမ္မတ ပက်ခ်ဂွမ်ဟီးက တောင်းပန်စကား ပြောကြားခဲ့သလို စစ်တန်းလျားများတွင် အနိုင်ကျင့် စော်ကားမှု
များနှင့် ပတ်သက်၍ တင်းတင်းကျပ်ကျပ် စစ်ဆေးကိုင်တွယ်ရန်လည်း တာဝန်ရှိသူများအား တောင်းဆိုခဲ့သည်။
အာရှအကြီးဆုံး သင်္ဘောဖျက် စက်ရုံတွင် ပေါက်ကွဲမှုကြောင့် ငါးဦး သေဆုံး
RangonNewsDaily:: June . 30 .2014
အိန်္ဒိယနိုင်ငံ တောင်ပိုင်း ကမ်းရိုးတန်းရှိ အာရှ၏ အကြီးဆုံး သင်္ဘောဖျက် စက်ရုံဝင်း၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သောကြောင့် ငါးဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာ ရရှိကြောင်း သိရသည်။အိန်္ဒိယတောင်ပိုင်း ဂူဂျာရတ်ပြည်နယ် အလန်မြို့ရှိ သင်္ဘောဖျက် စက်ရုံဝင်းအတွင်း သင်္ဘောတစ်စီးကို ဖျက်နေစဉ် ဓာတ်ငွေ့ ယို စိမ့်မှုမှ တစ်ဆင့် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

ကိုလံဘီယာ တိုက်စစ်မှူး ရိုဒရီဂွက်ဇ်၏ သွင်းဂိုးသည် ကမ္ဘာ့အကောင်းဆုံး မြေမကျသော သွင်းဂိုး ငါးဂိုးမြောက်အဖြစ် မှတ်တမ်းဝင်
RangonNewsDaily:: June . 30 .2014
၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်း အဆင့်တွင် တွေ့ဆုံခဲ့သည့် ကိုလံဘီယာနှင့် ဥရုဂွေးပွဲစဉ်တွင် ကိုလံဘီယာ တိုက်စစ်မှူး ဂျိမ်းစ်ရိုဒရိုဂွက်ဇ်၏ ဥရုဂွေး အသင်းဘက်သို့ ပွဲချိန် ၂၈ မိနစ်တွင် သွင်းယူနိုင်ခဲ့သည့် သွင်းဂိုးသည် ကမ္ဘာ့ဖလား ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး သွင်းယူခဲ့သည့် ငါးဂိုးမြောက် မြေမကျဘော သွင်းဂိုးအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း ဖီဖာ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ထားဝယ်မြို့ပေါ် အကြွေစေ့လောင်းကစားဆိုင်အား ညဘက်ဝင်ဖမ်း
RangonNewsDaily:: June . 30 .2014
တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့ ကြက်စား ပြင်ရပ်ကွက် သရက်ချောင်း ကား ဂိတ်အနီးရှိ အကြွေစေ့ထည့် ကစား ရသော လောင်းကစားဆိုင်ဖြစ်သည့် မန်းနီးဂိမ်းဆိုင်တစ်ဆိုင်အား ဇွန် ၂၇ ရက် ညက ဝင်ရောက်ဖမ်းဆီးခဲ့ ကြောင်း ထားဝယ်မြို့မရဲစခန်းမှ သိရ သည်။

မိုးသည်းပြီး ဥရုချောင်းရေလျှံသဖြင့် ဖားကန့်မြို့ရပ်ကွက်အချို့ ရေမြုပ်
RangonNewsDaily:: June . 30 .2014
မိုးသည်းထန်စွာ ရွာသွန်း ပြီး ဥရုချောင်းရေလျှံသဖြင့် ဖားကန့်မြို့ပေါ်ရှိ ရပ်ကွက်သုံးခု တွင် ဇွန်လ ၂၉ ရက် နံနက်မှ စတင်ကာ ရေကြီးနစ်မြုပ်မှုများ ကြုံတွေ့နေရကြောင်း သတင်း ရရှိသည်။ဖားကန့်မြို့အထက်ပိုင်းရှိ ကန်စီးဒေသတွင် မိုးသည်းထန် စွာ ရွာသွန်းခဲ့သဖြင့် တောင်ကျ ချောင်းရေများ ဥရုချောင်းအတွင်း စီးဆင်းပြီး ချောင်းရေလျှံကာ ဖားကန့်မြို့ပေါ်ရှိ ရပ်ကွက်များ ဖြစ်သည့် ငှက်ပျောတော၊ မြို့မ နှင့် အေးသာယ
ာရပ်ကွက်များ တွင် အိမ်ခြေတစ်ရာကျော် ရေနစ် မြုပ်နေကြောင်း ဖားကန့်မြို့မရဲ စခန်းနှင့် ဒေသခံများက ပြော သည်။

Subscribe to:
Posts (Atom)