Tuesday, November 12, 2013
ထိုင်းတွင် ဗီဇာသက်တမ်း ကုန်ဆုံးသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို အလုပ်ရပ်ဆိုင်း ထားမှုကြောင့် အလုပ်သမား သောင်းချီ အလုပ်လက်မဲ့ဖြစ်နေ
(မြန်မာရွှေ့ပြောင်း အလုပ်သမား အများစုရှိရာ ထိုင်းနိုင်ငံရှိ ညဈေးတန်း တစ်ခုအား တွေ့ရစဉ်) |
RangonNewsDaily:: November . 12 .2013
ထိုင်းနိုင်ငံတွင် ဗီဇာသက်တမ်း လေးနှစ်ပြည့်ကာ သက်တမ်း ကုန်ဆုံးနေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို အလုပ်ရှင်က အလုပ်ရပ်ဆိုင်း ထားမှုကြောင့် အလုပ်သမားသောင်းချီ အလုပ်လက်မဲ့ ဖြစ်နေကြောင်း

တောင်အာဖရိကတွင် ထရပ်ကားနှင့် ဘတ်စ်ကားတိုက်၍ ၃၀ နီးပါးသေဆုံး
RangonNewsDaily:: November . 12 .2013
တောင်အာဖရိက နိုင်ငံတွင် ဖြစ်ပွားသည့် ဆိုးရွားသော ယာဉ်မတော်တဆမှု တစ်ခုအတွင်း လူ(၃၀)နီးပါးမျှ သေဆုံးခဲ့ကြောင်း သိရှိရသည်။ တနင်္လာနေ့ ညပိုင်းက ဘတ်စ်ကား တစ်စင်းနှင့် ထရပ်ကားတစ်စင်းတို့ ဝင်တိုက်မိခဲ့ခြင်းဖြစ်ပြီး အနည်းဆုံး အသေအပျောက် (၂၉)ဦး ရှိခဲ့ကြောင်း အစိုးရ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ခုနစ်နှစ်အရွယ် မိန်းကလေးကို သတ်ပြီး ပီနံအိတ်ဖြင့် ထုပ်လျက် မြောင်းမြမြစ်အတွင်း စွန့်ပစ်ခဲ့သူ ၁၄ နှစ်အရွယ် လူငယ်အား ဖော်ထုတ်နိုင်ခဲ့
RangonNewsDaily:: November . 12 .2013
မြောင်းမြမြို့တွင် နိုဝင်ဘာ ၅ ရက်က ဖြစ်ပွားခဲ့သော အသက် ခုနစ်နှစ်အရွယ် ကလေးငယ်တစ်ဦး ရုတ်တရက် ပျောက်ဆုံးခဲ့ပြီး သုံးရက်အကြာတွင် ပီနံအိတ်ဖြင့်ထည့်လျက် ပြန်လည်တွေ့ရှိရသည့် လူသတ်အလောင်း ဖျောက်ဖျက်မှုနှင့် ပတ်သက်၍ ကျူးလွန်ခဲ့သည်ဟု ဆိုသော စွပ်စွဲခံရသူကို မြောင်းမြရဲစခန်းမှ နိုဝင်ဘာ ၁၀ ရက်တွင် ဖော်ထုတ်ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။

စစ်ထောက်ချုပ်ရုံးမှသိမ်းထားသောမြေနှင့်ပတ်သက်၍အိုးအိမ်ရှေ့၌ဆန္ဒပြ
RangonNewsDaily:: November . 12 .2013
ဗိုလ်တစ်ထောက် မြို့နယ် အမှတ် (၃) ရပ်ကွက်ရှိ စစ်ထောက်ချုပ်ရုံးမှ တပ်မြေဟုဆိုကာ သိမ်းဆည်းထားသော အနှစ်(၉၀) ဂရန်ရှိ ဘိုးဘွားပိုင်မြေများနှင့် အိုးအိမ်ဦးစီးဌာနမှ သိမ်းဆည်းထားသော မြေကွက်များနှင့် ပတ်သက် ၍ဆန္ဒ ထုတ်ဖော်မှုအား (၇) ကြိမ်မြောက်အဖြစ် နိုဝင်ဘာလ ၁၂ ရက်နေ့ က ဗိုလ်ချုပ်လမ်းရှိ အိုးအိမ်ရုံးရှေ့တွင် ပြုလုပ်ခဲ့ကြောင်း တွေ့ရသည်။

မန္တလေး ဂေါ်ဝန်ဆိပ်ကမ်းတွင် မော်တော်မီးလောင် ရှစ်ဦးဒဏ်ရာရ
RangonNewsDaily:: November . 12 .2013
မန္တလေးမြို့တွင် ဂေါ်ဝိန်ဆိပ်ကမ်း(မရမ်းခြံဆိပ်)၌ မန္တလေးမှထီးချိုင့်သို့ထွက်မည့် စန္ဒာမင်းမော်တော်တွင် ဆီ

ပေပါတင်ဆောင်ရာမှ
မတော်တဆမီးလောင်ကျွမ်းမှု နိုဝင်ဘာ ၁၂ရက်
မွန်းလွဲ၁၂နာရီ၁၅တွင် ဖြစ်ပွားခဲ့ရာ
လျှပ်စစ်ဓာတ်အားခ နှုန်းထားများကို ၂၀၁၄ -၂၀၁၅ ဘဏ္ဌာရေးနှစ်တွင် စီစစ်ပြီးမှ ပြောင်းလဲတောင်း ခံသွားမည်ဟုဆို
RangonNewsDaily:: November . 12 .2013
လျှပ်စစ်ဓာတ်အားခနှုန်းထားတိုးမြှင့်
သတ်မှတ်ခြင်း ကိစ္စကို ယနေ့ကျင်းပနေသော ပြည်ထောင်စု လွှတ်တော်၌
လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လျှပ်စစ်ဓာတ်အားခ
နှုန်းထားများကို ၂၀၁၄ -၂၀၁၅ ဘဏ္ဌာရေး နှစ်တွင် စီစစ်ပြီးမှ ပြောင်းလဲတောင်း
ခံသွားမည်ဖြစ်ကြောင်း တင်ပြသွားသည်။
လျှပ်စစ်ဓာတ်အားခနှုန်းထားတိုးမြ
Haiyan မုန်တိုင်း ဝင်ခဲ့တဲ့ ဖိလိပိုင်နိုင်ငံမှာ နောက်ထပ် မုန်တိုင်းဝင်ဖို့ရှိ
RangonNewsDaily:: November . 12 .2013
ပြီးခဲ့တဲ့ရက်ပိုင်းကဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းကို ၀င်မွှေခဲ့တဲ့ ဟိုင်ယမ် မုန်တိုင်းကြောင့် လူပေါင်း ၁ သောင်း

ကျော်သေဆုံးခဲ့ရသလို လူပေါင်းများစွာ
အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်နေကြချိန်မှာပဲ ဖိလစ်ပိုင်နိုင်ငံ အရှေ့ပိုင်းမှာ
နောက်ထပ်မုန်တိုင်းတခုဒီကနေ့ နှောင်းပိုင်းမှာဝင်ရောက်ဖို့
ရှိတဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်
နေကြပါတယ်။
OIC ကိုယ်စားလှယ်အဖွဲ့ အစိုးရ၊ ဒေါ်စုတို့နဲ့ တွေ့မည်
OIC - နိုင်ငံတကာ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း အဖွဲ့ဝင်နိုင်ငံများပြဇယား။ |
RangonNewsDaily:: November . 12 .2013
မြန်မာနိုင်ငံ အနောက်ဖက် ရခိုင်ပြည်နယ်တွင်းမှာ မကြာသေးခင်နှစ်တွေအတွင်း ဖြစ်ပွားခဲ့တဲ့ သွေးထွက်သံ

ယို ပဋိပက္ခတွေနဲ့ ပတ်သက်လို့ အစိုးရ တာဝန်ရှိ
သူတွေနဲ့ ဆွေးနွေးဖို့ နိုင်ငံတကာ
အစ္စလာမ်မစ် ပူးပေါင်း
ဆောင်ရွက်ရေး အဖွဲ့အစည်း (OIC) ရဲ့
အတွင်းရေးမှူးချုပ်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ အင်္ဂါနေ့မှာ
မြန်မာနိုင်ငံကို သွားဖို့စီစဉ်နေပါတယ်။
ဟောလိဝုဒ်မင်းသမီး အင်ဂျလီနာဂျိုလီက မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများစကားဝိုင်းသို့ သဝဏ်လွှာပေးပို့
RangonNewsDaily:: November . 12 .2013
နိုဝင်ဘာလ ၁၀ရက်က ရန်ကုန်မြို့တွင် ကျင်းပသည့် 'မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများ စကားဝိုင်း'သို့ ဟောလိဝုဒ်မင်းသမီးတဦးဖြစ်သူ၊ ကုလသမဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အထူးကိုယ်စားလှယ်၊ လိင်မှုဆိုင်ရာ အကြမ်းဖက်မှု ကာကွယ်တားဆီးရေး ရှေ့ဆောင်အဖွဲ့အား ပူးတွဲတည်ထောင်သူ အင်ဂျလီနာဂျိုလီက သဝဏ်လွှာ ပေးပို့ခဲ့သည်။

ထိုင်းတွင် အကျဉ်းကျနေသော မြန်မာများ ထိုင်းဘုရင့်မွေးနေ့တွင် ပြန်လွှတ်ရန် တောင်းဆိုထား
RangonNewsDaily:: November . 12 .2013
(နေပြည်တော်) ထိုင်းနိုင်ငံတွင် အကျဉ်းကျနေသော မြန်မာနိုင်ငံသားများကို ဒီဇင်ဘာလ ၅ရက်တွင် ကျရောက်မည့် ထိုင်းဘုရင်မင်းမြတ် ဖူမိဖွန်အဒုလဒိစ် (King Bhumibol Adulyadej)၏ သက်တာ် ၈၆နှစ်ပြည့် မွေးနေ့တွင် လွှတ်ငြိမ်းချမ်းသာခွင့်ပေးရန် မြန်မာအစိုးရက ထိုင်းအစိုးရအား တောင်းဆိုထားသည်ဟု ပြည်ထဲရေးဒု-ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က နိုဝင်ဘာလ ၁၁ရက် အောက်လွှတ်တော်တွင် ပြောကြားလိုက်သည်။

လိုင်ဇာ ဘုံရပ်တည်ချက် လက်မှတ်မထိုးသော်လည်း RCSS မူအရ လက်ခံ
RangonNewsDaily:: November . 12 .2013
အောက်တိုဘာ ၃၀ မှ နိုဝင်ဘာ ၂ ရက်အထိ လိုင်ဇာတွင် ကျင်းပသည့် ညီလာခံတွင် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ၏ ဘုံသဘောတူညီချက် ၁၁ ချက်ကို ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCS S/SSA) အနေဖြင့် လက်မှတ်မထိုးခဲ့သော်လည်း မူအားဖြင့် သဘောတူညီကြောင်း RCSS/SSA ပြောခွင့်ရ သူ ဗိုလ်မှူးစိုင်းလောင်းဆိုင်က ပြောသည်။

Subscribe to:
Posts (Atom)