Sunday, October 20, 2013
ရန်ကုန် Junction Maw Tin ရှေ့တွင် ဗုံးလန့်မှုဖြစ်ပွားပြန်
RangonNewsDaily:: October. 20 .2013
ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ လမ်းသစ်လမ်းရှိ Junction Maw Tin ဈေးဝယ်စင်တာ၏ မျက်နှာချင်းတိုက်
အရှေ့ပလက်ဖောင်းတွင် ကြွပ်ကြွပ်အိတ်တစ်လုံးတွေ့ရှိရာမှ အောက်တိုဘာ၂၀ရက်ကဗုံးလန့်မှုတစ်ခုဖြစ်ပွား
ခဲ့သည်။"အိတ်အမဲထုတ်တွေ့တာပေါ့။ဒီရက်ထဲမှာကလည်းခဏ၊ခဏ ဖြစ်သံတွေကြားနေတော့ရဲကိုဖုန်းဆက်
အကြောင်းကြားလိုက်တာပါ။ သူတို့တော်တော်မြန်တယ်။ ငါးမိနစ်လောက်ဆို ရောက်လာတာပဲ"ဟု ထိုတိုက်
တွင်နေသည့် အမည်မဖေါ်လိုသူ အသက် ၅၀အရွယ် အမျိုးသမီးက ပြောပြသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင် တရုတ်နိုင်ငံ ခရီးစဉ်မှ ပြန်လည်ရောက်ရှိ
RangonNewsDaily:: October. 20 .2013
တပ်မတော် နှစ်ရပ်အကြား အကျိုးတူ ကိစ္စရပ်များ ဆောင်ရွက်ရန်
တရုတ်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်သွားရောက်ခဲ့သည့် တပ်မတော်
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်
မြန်မာ့တပ်မတော် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၁၈ ရက်တွင်
မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိခဲ့ကြောင်း ကာကွယ်ရေး ၀န်ကြီးဌာနမှ
ရရှိသော သတင်းများအရ သိရသည်။
အဝေးသင်ကျောင်းသူတစ်ဦး ဆိုင်ကယ်ချင်း ချိတ်မိ၍ သေဆုံး
RangonNewsDaily:: October. 20 .2013
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ဒူးယားကျေးရွာ
ဟင်္သာတ-ဇလွန်လမ်းကြီးပေါ်တွင် (၁၉-၁၀-၂၀၁၃) သီတင်းကျွတ်လပြည့်နေ နံနက် ၇ နာရီ
၄၅ မိနစ် အချိန်ခန့်၌ ဆိုင်ကယ်ချင်းချိတ်မိ၍ အဝေးသင်ကျောင်းသူတစ်ဦး
သေဆုံးသွားကြောင်း သတင်းရရှိသည်။ ဆိုင်ကယ်နောက်တွင်
သတင်းစာရှင်းလင်းပွဲ ဖိတ်ကြားခြင်း
RangonNewsDaily:: October. 20 .2013
ယခုရက်ပိုင်းများအတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များအပေါ် ကရင့်အမျိုးသားအစည်းအရုံး (KNU)၏ သဘောထားရှင်းလင်းချက်ကို KNU ခေါင်းဆောင် (၃)ဦးမှ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်
ထူထောင်ရေးလုပ်ငန်းဗဟိုဌာန တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်သွားမည်ဖြစ်၍ မီဒီယာ
များမှ သတင်းတက်ရောက် ရယူနိုင်ကြရန် ဖိတ်ကြားအပ်ပါသည်။

သီတင်းကျွတ် လပြည့်နေ့မှစ၍ ရွှေတိဂုံ စေတီတော်၌ CID၊ ရဲတပ်ရင်း အပါအ၀င် ရဲတပ်ဖွဲ့အားလုံး ပူးပေါင်းပြီး လုံခြုံရေး ဆောင်ရွက်မည်
RangonNewsDaily:: October. 20 .2013
အောက်တိုဘာ ၁၉ ရက်တွင် ကျရောက်သည့် သီတင်းကျွတ် လပြည့်နေ့မှ စတင်၍ ရွှေတိဂုံစေတီတော်၌ လုံခြုံရေးဆောင်ရွက်မှုကို CID ရဲတပ်ဖွဲ့၊ ရဲတပ်ရင်း အပါအ၀င် ရဲတပ်ဖွဲ့အားလုံး ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

Weather News Update ဘင်္ဂလားပင်လယ်တောင်ပိုင်းမှလေဖိအားနည်းရပ်ဝန်းအားကောင်းလာခြင်းမရှိတော့ပါ.
RangonNewsDaily:: October. 20 .2013
(၂၀-၁၀-၂၀၁၃)ရက် တနင်္ဂနွေနေ့ သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့ နံနက် (၃း၃၀)နာရီအချိန်အထိ နောက်ဆုံးတိုင်းတာရရှိချက်တွေကတော့
(၁)ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းအစပ်မှာဖြစ်ပေါ်နေခဲ့တဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာခြင်းမရှိတဲ့အပြင် မြန်မာနိုင်ငံနဲ့ ပိုဝေးရာ အနောက်ဖက်ကိုရွေ့သွားခဲ့ပြီး ဘင်္ဂလားပင်လယ်အော်ရဲ့ အနောက်တောင်ပိုင်းထဲ ကို ရောက်ရှိသွားပါပြီ။

သူရိယအလင်း အရှုပ်အရှင်း ဖြစ်စဉ်မှန်မှာ ထုတ်ဝေသူ ဦးယုနိုင်ကိုယ်တိုင် ဂျာနယ်နဲ့ ပစ္စည်းတွေလာသိမ်းသွာခြင်းဖြစ်
RangonNewsDaily:: October. 19 .2013
ကမာရွတ်မီဒီယာနဲ့ တင်ခဲ့တဲ့ ပို့စ်တစ်ခုနဲ့ပတ်သက်ပြီး မိတ်ဆွေတစ်ချို့ကို
ပြန်ရှင်းပြချင်ပါတယ်။ သူရိယအလင်းကိစ္စ မေးခွန်းတွေ ထုတ်စရာတွေထက် ပိုပြီး
သံသယရှိစရာတွေကြောင့် တစ်ဖက်သတ်ပြောဆိုတာတွေကို ဖြုတ်ချလိုက်တာဖြစ်ပါတယ်။
Subscribe to:
Posts (Atom)