Friday, April 11, 2014
နိုင်ငံရေးဦးဆောင်မှုမှာ ပါဝင်ဖို့ ဒေါ်စုဆုံးဖြတ်ချက် ဂျာမန်ဝန်ကြီးချုပ် ဝမ်းမြောက်
RangonNewsDaily: April . 11 .2014
မြန်မာနိုင်ငံဟာ တိုင်းရင်းသားတွေ စုပေါင်းနေထိုင်တဲ့ နိုင်ငံတနိုင်ငံဖြစ်သလို စစ်မှန်တဲ့ ဒီမိုကရေစီ နည်းကျ စုဝေးနေထိုင်လိုတဲ့ ဆန္ဒတွေရှိတာမို့ အချင်းချင်းကြား မတူကွဲပြားမှုတွေကို တနေ့မှာ ကျော်လွှားနိုင်မယ်လို့ ယုံကြည်ကြောင်း ဂျာမနီနိုင်ငံကို ရောက်နေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
ယူကရိန်း နယ်စပ်အနီး ရုရှားစစ်အင်အားဖြန့်ကျက်
ရုရှားအစိုးရရဲ့အမိန့်ကို ရုရှစစ်ကားတွေ စောင့်ဆိုင်းနေ တဲ့ပုံ နေတိုး မဟာမိတ်တပ်ဖွဲ့ရဲ့ ကောင်းကင်ဂြိုဟ်တု ဓါတ်ပုံတွေမှာ ဖေါ်ပြ (ဧပြီ ၉၊ ၂၀၁၄။)
RangonNewsDaily: April . 11 .2014ရုရှားတပ်သား လေးသောင်းလောက်ဟာ ယူကရိန်း နယ်စပ်နားမှာ ရှိနေပြီး သူတို့ဟာ သံချပ်ကာ ကားတွေ၊ လေယာဉ်တွေ၊ တခြားစစ်လက်နက်ပစ္စည်းတွေနဲ့ ရုရှား အစိုးရရဲ့ အမိန့်ကို စောင့်ဆိုင်းနေတဲ့ပုံ နေတိုး မဟာမိတ် တပ်ဖွဲ့ ရဲ့ ကောင်းကင်ဂြိုဟ်တု ဓါတ်ပုံတွေမှာ ဖေါ်ပြနေကြောင်း နေတိုးတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
နေရပ်ပြန် မြန်မာလုပ်သားများအား တင်ဆောင်လာသည့် ခရီးသည်ယာဉ် ဒေါနတောင်ပေါ်တွင် ချောက်ထဲကျ၊ လူငါးဦး သေဆုံးပြီး ၄၀ ဦး ဒဏ်ရာရ
RangonNewsDaily: April . 11 .2014
နှစ်သစ်ကူးသင်္ကြန်ပွဲတော်အမီ နေရပ်ပြန် မြန်မာရွှေ့ပြောင်းလုပ်သားများ လိုက်ပါစီးနင်းလာသော အိုအေစစ် မှန်လုံခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်သည် မြ၀တီ-ကော့ကရိတ် ဒေါနတောင်ကျော် ကုန်သွယ်လမ်း၌ ဘရိတ်ပေါက်ပြီး ချောက်ထဲသို့ ထိုးဆင်းသွားသောကြောင့် ခရီးသည်ငါးဦး သေဆုံးကာ ၄၀ ဦး ဒဏ်ရာရှိသွားခဲ့ကြောင်း သတင်းရရှိသည်။
သေဆုံးသူ ၁၀၀ ရှိလာပြီးနောက် အနောက်အာဖရိကတွင် အီဘိုလာဗိုင်းရပ်စ်ကို ထိန်းချုပ်ရန်ခက်ခဲလာ
RangonNewsDaily: April . 10 .2014
ဧပြီ ၈ ရက်တွင် ဆီနီဂေါနိုင်ငံရှိ ဒါကာလေဆိပ်၌ အီဘိုလာဗိုင်းရပ်စ်ကို မည်သို့ကာကွယ်ရမည်ကို သရုပ်ပြသနေစဉ် (Photo:AFP)
သံသယဖြစ်ဖွယ် သေဆုံးသူဦးရေ ၁၀၀ ရှိလာသည့် အနောက်အာဖရိက၏ အီဘိုလာဗိုင်းရပ်စ်သည် အာဖရိက၌ လွန်ခဲ့သည့် ဆယ်စုနှစ်လေးခုက ယင်းဗိုင်းရပ်စ် စတင်ဖြစ်ပွားပြီးနောက်ပိုင်း ကျန်းမာရေး ၀န်ထမ်းများအတွက် ထိန်းချုပ်ရအခက်ခဲဆုံး မကြုံစဖူး အီဘိုလာဗိုင်းရပ်စ် ဖြစ်ပွားမှုတစ်ခု ဖြစ်လာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဧပြီ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ရခိုင်ပြည်နယ် စစ်တွေ၌ ညမထွက်ရအမိန့် ထပ်မံလျှော့ပေါ့
RangonNewsDaily: April . 10 .2014
၂၀၁၄ခုနှစ် မတ်လ ၂၇ရက်က ထုတ်ပြန်ခဲ့သော ညမထွက်ရအမိန့်ကို ဧပြီလ ၉ရက်မှစ၍အချိန်ပြောင်းလဲ ထုတ်ပြန်လိုက်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သိရှိရသည်။“ဟုတ်ပါတယ် မနေ့ကဘဲ စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကထုတ်ပြန်လိုက်ပါပြီ အရင်
သတ်မှတ်ထားတဲ့ အချိန်ထက် ထပ်မံလျှော့လိုက်တာပါ”ဟု မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ အရာရှိတစ်ဦးကပြောသည်။
၂၀၁၄ခုနှစ် မတ်လ ၂၇ရက်က ထုတ်ပြန်ခဲ့သော ညမထွက်ရအမိန့်ကို ဧပြီလ ၉ရက်မှစ၍အချိန်ပြောင်းလဲ ထုတ်ပြန်လိုက်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သိရှိရသည်။“ဟုတ်ပါတယ် မနေ့ကဘဲ စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကထုတ်ပြန်လ
သတ်မှတ်ထားတဲ့ အချိန်ထက် ထပ်မံလျှော့လိုက်တာပါ”ဟု မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ
Subscribe to:
Posts (Atom)