Wednesday, February 19, 2014
ဖုန်းခေါ်ဆိုခ အံ့သြစရာ နှုန်းထားဖြင့် အော်ရီဒူး ဈေးလျှော့ကောက်ခံမည်
အော်ရီဒူးက ဝန်ဆောင်မှု ပေးမည့် ဖုန်းဆင်းမ်ကတ် အသုံးပြုသူများကို တစ်မိနစ်လျှင် ၄၅ ကျပ်နှုန်းဖြင့် ကောက်ခံမည်ဟု ယခင်က ကြေညာ ထားသော်လည်း စတင်ရောင်းချမည့် ဇူလိုင်လ နီးကပ်လာလျှင် အံ့သြစရာ ဈေးနှုန်းအထိ ထပ်မံလျှော့ချ ကောက်ခံမည် ဖြစ်ကြောင်း အော်ရီဒူးမြန်မာမှ အမှုဆောင် အရာရှိချုပ် Ross Cormack က The Voice သို့ ပြောကြားသည်။
အသက်၃၃ နှစ်ပြည့်မွေးနေ့ ပါတီကို အတွင်းခံဘောင်းဘီမ၀တ်ဆင်ဘဲ တက်ရောက်ခဲ့တဲ့ Paris Hilton
ဟောလီးဝုဒ်နာမည်ကြီးမင်းသမီး Paris Hilton တစ်ယောက် စနေနေ့ ညက ပြုလုပ်ခဲ့တဲ့ သူမရဲ့ အသက် ၃၃ နှစ်ပြည့် မွေးနေ့ ပါတီကို တက်ရောက်လာတဲ့ ဖက်ရှင်ကြောင့် ပရိတ်သတ်တွေအကုန် ပါးစပ်အဟောင်းသား ဖြစ်ခဲ့ရပါတယ်။
" Me N Ma အဖွဲ့ဝင်ဟောင်းအဆိုတော် ချာချာ ရုပ်သံဇာတ်လမ်းတွဲတစ်ခုတွင် ပါဝင်သရုပ်ဆောင်မည် "
Me N Ma မြန်မာအမျိုးသမီးဂီတအဖွဲ့ဝင်ဟောင်း အဆိုတော် ချာချာသည် ဒါရိုက်တာခင်မောင်ဦး၊ စိုးသိမ်းထွဋ်ရိုက်ကူးတင်ဆက်မည့် အပိုင်း ၄ဝ ပါဝင်မည်ဖြစ်သော ” ကမ္ဘာတည်သမျှသာမည့်လ” ရုပ်သံဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်သည်။
မန္တလေး-ရန်ကုန် လမ်းဟောင်းတွင် တစ်ရက်အတွင်း ယာဉ်တိုက်မှုကြောင့် လူခုနစ်ဦးသေ၊ ၁၄ ဦးဒဏ်ရာရ
RangonNewsDaily: February . 19 .2014
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ၌ အခါလွန် မိုးရွာသွန်းမှုများကြောင့် မန္တလေး-ရန်ကုန် အဝေးပြေး လမ်းဟောင်းတွင် ကားဘီးချော်မှုများ ဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီလ ၁၇ ရက်နေ့ တစ်ရက်အတွင်း ယာဉ်တိုက်မှုနှစ်မှု ဖြစ်ပွားခဲ့ရာ လူခုနစ်ဦး သေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တွင် အမျိုးသမီးငယ်ကို အခန်းတွင်းပိတ်လှောင်ကာ ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်းသူကို အမှုဖွင့်
RangonNewsDaily: February . 19 .2014
ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် (၇၈) ရပ်ကွက်တွင် နေထိုင်သူ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့က တိုက်ခန်းတွင်း ပိတ်လှောင်ကာ ပြည့်တန်ဆာအဖြစ် စေခိုင်းခဲ့မှုကြောင့် တစ်ရပ်ကွက်တည်းနေသူ အမျိုးသမီးနှင့် အမျိုးသားကြီး တစ်ဦးတို့ကို အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

တရုတ်တပ်မတော် တပ်ဖွဲ့ဝင်တွေရဲ့ ကြုံတွေ့နေရတဲ့ပြသနာတစ်ခု
RangonNewsDaily: February . 19 .2014
တရုတ်နိုင်ငံမှာ တပ်ဖွဲ့ဝင်တွေရဲ့ ခန္ဓာကိုယ် အချိုးအစား ကြီးထွားလာနေတာကြောင့် တင့်ကားထဲ ၀င်ထိုင်နိုင်ဖို့ အခက်အခဲတွေ ကြုံနေရတယ်လို့ တရုတ် စစ်တပ်က ပြောပါတယ်။
ယူကရိန်း ရဲတပ်ဖွဲ့မှ Maidan ရှိ ဆန္ဒပြသူများ၏ စခန်းကို ဝင်ရောက်စီးနင်း
ယူကရိန်း မြို့တော် ကိဗ်ရှိ လွတ်လပ်ရေး ပန်းခြံရင်ပြင်အတွင်း နိုဝင်ဘာလ ကတည်းက နေရာယူထားသည့် ဆန္ဒပြသူများ၏ အဓိက စခန်းကို ရဲတပ်ဖွဲ့မှ အင်္ဂါနေ့ ညပိုင်းတွင် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သည်။ မီးရှုးမီးပန်းများကိုလည်း ပစ်ခတ်ခဲ့ကြပြီး ပေါက်ကွဲမှုများ ဖြစ်ပေါ်ကာ မီးလောင်မှုများ ပေါ်ပေါက်ခဲ့သည်။ လွတ်လပ်ရေး ပန်းခြံရင်ပြင်ကို Maidan ဟုလည်း ဒေသတွင်းတွင် ခေါ်ဆိုကြသည်။
ဆန္ဒပြဖို့ ခွင့်ပြုချက်မလိုကြောင်း ဥပဒေကြမ်း ပြင်ဆင်တင်သွင်း
ပြည်သူ့လွှတ်တော်မှာ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခြင်း ဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို ဒီနေ့ တင်သွင်းဆွေးနွေးရာမှာ စီတန်းလှည့်လည် ဆန္ဒပြမယ်ဆိုရင် အရင်ကလို ခွင့်ပြုချက် တောင်းခံစရာမလိုတော့ဘဲ အကြောင်းကြားစာသာ ပေးပို့ရမယ်လို့ ပြင်ဆင်ထားကြောင်း သိရပါတယ်။
မြန်မာနိုင်ငံ၏ ကျန်းမာရေးဖြစ်စဉ်တွင် ခြောက်ကြိမ်မြောက်အဖြစ် ရင်ချင်းဆက်အမြွှာအား မန္တလေးမြို့တွင်မွေးဖွား
ဖေဖော်ဝါရီ ၁၇ ရက်ညက မွေးဖွားခဲ့သော ရင်ချင်းဆက်အမြွှာအား တွေ့ရစဉ် |
မြန်မာနိုင်ငံ၏ ကျန်းမာရေးဖြစ်စဉ်တွင် ခြောက်ကြိမ်မြောက်အဖြစ် ရင်ချင်းဆက်အမြွှာအားမန္တလေးမြို့ရှိဗဟိုအမျိုးသမီးဆေးရုံကြီး
တွင် ခွဲစိတ်မွေးဖွားခဲ့ပြီးနောက် မန္တလေး ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီး၌ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
ကမ္ဘာ့အမြန်ဆုံး လော်ရီကားကြီး Shockwave
မြင်းကောင်ရေ (၃၆၀၀၀)အား အင်ဂျင်စွမ်းအင်ကို ပိုင်ဆိုင်ထားသည့် Shockwaveသည် ကမ္ဘာ့အမြန်ဆုံး လော်ရီကားအဖြစ် မှတ်တမ်းဝင်နေသည်
မုံရွာကြေးနီစီမံကိန်း Quintana သွားရောက်လေ့လာ
မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် ဟိုဟေး Quintana |
မြန်မာနိုင်ငံကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ရောက်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် သောမတ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ဟာ သူရဲ့ ပဉ္စမနေ့ ခရီးစဉ်မှာစစ်ကိုင်းတိုင်းအတွင်းက လက်ပံတောင်း ကြေးနီစီမံကိန်းကို သွားရောက်ခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံ Gyeongju မြို့တွင် အဆောက်အဦးတခု ပြိုကျ လူ ၉ ဦးထက် မနည်း သေဆုံး
တောင်ကိုရီးယား၊ Gyeongju မြို့ အဆောက်အဦးတစ်ခု ပြိုကျချိန် အပျက်အစီးများကြား ပိတ်မိနေတဲ့ အမျိုးသမီးတစ်ဦး |
တောင်ကိုရီးယားနိုင်ငံ Gyeongju မြို့မှာ အဆောက်အဦးတခု ပြိုကျရာက လူ ၉ ဦးထက် မနည်း သေဆုံးပြီး နောက်ထပ် ဒါဇင်နဲ့
ချီပြီးတော့လည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြပါတယ်။
(၆၇) ကြိမ်မြောက် ဗြိတိန်ရုပ်ရှင် ဆုပေးပွဲတွင် Gravity ရုပ်ရှင်ဇာတ်ကား ဆုခြောက်ဆု ဆွတ်ခူး
အမေရိကန် ရုပ်ရှင် ဇာတ်ကား တစ်ကား ဖြစ်သည့် Gravity ရုပ်ရှင်ကားသည် (၆၇) ကြိမ်မြောက် ဗြိတိန်ရုပ်ရှင် နှင့် ရုပ်သံ အနုပညာ ဆုပေးပွဲ အခမ်းအနား Bafta တွင် ထူးချွန်ဆု ၆ ဆုကို ဆွတ်ခူး ရရှိသွား ခဲ့သည်ဟု သိရသည်။
ရန်ကုန်မြို့တွင်း ယာဉ်ရပ်နားခ ကောက်ခံရန် တစ်ကျော့ပြန် စီစဉ်
RangonNewsDaily: February . 18 .2014
ရန်ကုန်မြို့တွင်း မြို့နယ် ခြောက်မြို့နယ် ဧရိယာအတွင်း မော်တော်ယာဉ် ရပ်နားထားရာတွင် အခမဲ့ယာဉ် ရပ်နားခွင့် ပေးမှုကို ရပ်ဆိုင်းကာ အခကြေးငွေဖြင့် ယာဉ်ရပ်နားခ ပြန်လည် ကောက်ခံရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန(လမ်းနှင့်တံတား) မှ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။မော်တော်ယာဉ်များ အချိန်ကြာမြင့်စွာ ရပ်နားထားမှု၊ စည်းကမ်းမဲ့ ယာဉ်ရပ်နားမှု တို့ကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများ များပြားလာရာ အခကြေးငွေဖြင့် ယာဉ်ရပ်နားသည့် အစီအစဉ်ဖြင့် ဆောင်ရွက်ပါက စည်းကမ်းမဲ့ ယာဉ်ရပ်နားခြင်း၊ ယာဉ်ကြော ပိတ်ဆို့မှု လျော့ကျနိုင်ခြင်း တို့ကြောင့် ယခုကဲ့သို့ စီစဉ်ရခြင်း ဖြစ်ကြောင်း၊

မင်းနဲ့အတူ (ကဗျာ )
RangonNewsDaily: February . 18 .2014
မင်းနဲ့အတူ
❀ ငါ့ရဲ့ဒိုင်ယာရီမှာ✈ ✈
✏ အတိတ်ရဲ့ပျော်စရာတွေလဲရှိတယ်...
✏ အနာဂတ်ရဲ့မျှော်လင့်ချက်လဲရှိတယ်...
❀ ငါ့ရဲ့ဒိုင်ယာရီမှာ✈ ✈
✏ အတိတ်ရဲ့ပျော်စရာတွေလဲရှိတယ်...
✏ အနာဂတ်ရဲ့မျှော်လင့်ချက်လဲရှိတယ်...
Subscribe to:
Posts (Atom)