ယူနန်ပြည်နယ်တောင်ပိုင်း ဆစ်ဆောင်ပန်းနားဒေသမြေပုံ
မြန်မာနိုင်ငံ၊ လာအိုနိုင်ငံ တို့နှင့်ထိစပ်နေပြီး မဲခေါင်မြစ်က တောင်ဘက် ရွှေတြိဂံဒေသ သို့စီးဆင်းသွားသောနေရာ၌ ကမ္ဘာလှည့်ခရီးသည် ဖွံ့ဖြိုးရေး လုပ်ငန်းကို တရုတ်နိုင်ငံက အကြီးအကျယ် ပြုလုပ်တော့ မည် ဖြစ်သည်။ ယခုနောက်ဆုံးပြုလုပ်လိုက်သော အစီအစဉ်အရ တောတောင်ထူထပ်သော အပူပိုင်းဒေသဖြစ်သည့် ဆစ်ဆောင်ပန်းနားသို့ ခရီးသွား ဧည့်သည် ၁၅.၅ သန်း လာရောက်လည်ပတ်စေရန် လုပ်ဆောင်သွားမည် ဖြစ်သည်။