Friday, February 14, 2014
ရန်ကုန်တိုင်းတွင် အဆိပ်သောက် သေကြောင်းကြံမှုနှင့် ဆွဲကြိုးချသေဆုံးမှုတို့ တစ်ရက်အတွင်းဖြစ်
RangonNewsDaily: February . 14 .2014
ရန်ကုန်တိုင်းတွင် ဖေဖော်ဝါရီ ၁၂ ရက်အတွင်း အမျိုးသမီးတစ်ဦး အဆိပ်သောက်သေကြောင်း ကြံစည်မှု တစ်ခုနှင့် အမျိုးသားတစ်ဦးဆွဲကြိုးချသေဆုံးမှု တစ်ခုတို့ ဖြစ်ပွားခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့က ဆိုသည်။
ပထမဖြစ်စဉ်တစ်ခုမှာ မွန်းလွဲ ၁ နာရီခွဲအချိန်က အမျိုးသမီးတစ်ဦး ပိုလိုပိုးသတ်ဆေးသောက်သဖြင့် အင်းစိန်ဆေးရုံသို့ ရောက်ရှိနေကြောင်း သတင်းအရ လှိုင်သာယာရဲစခန်း တာဝန်ရှိသူများက သွား ရောက်စစ်ဆေးခဲ့သည်။
ရန်ကုန်တိုင်းတွင် ဖေဖော်ဝါရီ ၁၂ ရက်အတွင်း အမျိုးသမီးတစ်ဦး အဆိပ်သောက်သေကြောင်း ကြံစည်မှု တစ်ခုနှင့် အမျိုးသားတစ်ဦးဆွဲကြိုးချသေဆုံ
ပထမဖြစ်စဉ်တစ်ခုမှာ မွန်းလွဲ ၁ နာရီခွဲအချိန်က အမျိုးသမီးတစ်ဦး ပိုလိုပိုးသတ်ဆေးသောက်သဖြင့် အင်းစိန်ဆေးရုံသို့ ရောက်ရှိနေကြောင်း သတင်းအရ လှိုင်သာယာရဲစခန်း တာဝန်ရှိသူများက သွား ရောက်စစ်ဆေးခဲ့သည်။
ကျူးကျော်တိုက်ခိုက်လာပါက အဆုံးအဖြတ်ပေးမည့်စစ်ပွဲကို ဆင်နွှဲသွားမည်ဟု အီရန်ပြော
RangonNewsDaily: February . 14 .2014
အီရန်ကို ကျူးကျော်တိုက်ခိုက်လာပါက အဆုံးအဖြတ်ပေးမည့်စစ်ပွဲကို ဆင်နွှဲသွားမည်ဟု အီရန် လက် နက်ကိုင်တပ်ရင်းများ၏ ဦးစီးချုပ်ဗိုလ်ချုပ်ကြီး ဟပ်ဆန်ဖီရိုဇာဘာဒီက သတိပေးလိုက်ကြောင်း ဖေဖော် ၀ါရီ ၁၃ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။အမေရိကန်၊ အစ္စရေး ဇီယွန်ဝါဒီများနှင့် အဆုံးအဖြတ်ပေးမည့်တိုက်ပွဲများ ဆင်နွှဲရန် အသင့်ရှိသည်ဟု ဗိုလ်ချုပ်ကြီး ဖီရိုဇာဘာဒီက ပြောကြားခဲ့သည်။ အိမ်နီးချင်းနိုင်ငံများ အနေဖြင့်လည်း ၎င်းတို့၏နိုင်ငံကို အသုံးချခွင့်ပြုပြီးအီရန်ကို မတိုက်ခိုက်ရန်လည်း ၎င်းက သတိပေးခဲ့သည်။

ချစ်သူအတွက် (ကဗျာ)
RangonNewsDaily: February . 14 .2014
ချစ်သူအတွက်
ဘယ်သူတွေဘာပြောပြော
ဘယ်သူတွေဘာလုပ်လုပ်
ဘယ်သူတွေဘာဖြစ်ဖြစ်
ဘယ်သူတွေဘာပြောပြော
ဘယ်သူတွေဘာလုပ်လုပ်
ဘယ်သူတွေဘာဖြစ်ဖြစ်
ဗိုလ်ချုပ်မွေးနေ့ မန္တလေး ဆေးတက္ကသိုလ်သို့ ခန္ဓာကိုယ် လှူဒါန်းသူ မြင့်တက်
RangonNewsDaily: February . 14 .2014
မန္တလေး ဆေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ လက်တွေ့ သင်ကြားရေးပိုင်းအတွက် လိုအပ်လျက်ရှိသော ခန္ဓာဗေဒ လာရောက် လှူဒါန်းရန် ဆန္ဒပြုသူ ဦးရေသည် ပုံမှန်ရက်များထက် ဗိုလ်ချုပ်အောင်ဆန်း၏ ၉၉ နှစ်ပြည့် မွေးနေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၁၃ ရက်တွင် လှူဒါန်းသူ မြင့်တက်သွားကြောင်း ယင်းဆေးတက္ကသိုလ် ခန္ဓာဗေဒဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မောင်တော ပဋိပက္ခ အတွက် လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေး ပြုလုပ်ရန် ကင်တာနာ တိုက်တွန်း
RangonNewsDaily: February . 14 .2014
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာ တင်သွင်းသူ မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာ က ရခိုင်ပြည်နယ် မောင်တော ပဋိပက္ခ ဖြစ်စဉ် အတွက် လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရန် တိုက်တွန်းလိုက်ကြောင်း CNA သတင်းတရပ်တွင် ဖော်ပြထားသည်။

ဖြူးမြို့နယ်တွင် အမျိုးသမီးတစ်ဦး ခေါင်းဖြတ်အသတ်ခံရသည့်အမှုမှ ပြစ်မှုကျူးလွန်သူအား ရဲတပ်ဖွဲ့မှ ဖော်ထုတ်ဖမ်းဆီး
၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၉ နာရီအချိန် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ သပြေလှကျေးရွာအနီး၊ ရန်ကုန်-မန္တလေးကားလမ်း၊ မိုင်တိုင်အမှတ်(၁၃၉/၁-၂)အကြား၊ တံတားအမှတ် (၁၄၀/၁)ဇဟားချောင်းတံတားအနောက်ဘက်ချောင်းဘေးတွင် သွေးစွန်းနေသောပီနံအိတ် အထုပ်(၁)ထုပ်အား တွေ့ရှိရသဖြင့် ဖြူးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ
ကျောက်တံတားမြို့နယ်၃၈ လမ်းမှ တရားမဝင် သင်္ဘောသားများ စေလွှတ်သည့် ရုံးခန်းကို စသုံး လုံး ဝင်ဖမ်း
RangonNewsDaily: February . 14 .2014
ကျောက်တံတားမြို့နယ် ၃၈လမ်းအတွင်းရှိ သင်္ဘောသားများ စေလွှတ်ပေးနေသည့် ရုံးခန်းတစ်ခုကို တရားမဝင် လိမ်လည်လုပ်ဆောင်နေသည်ဟုဆိုကာ ဖေဖော်ဝါရီ ၁၁ရက်တွင် အထူးစုံစမ်းစစ်ဆေးရေး (စသုံးလုံး) တပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးလိုက်သည်။

ထူးဆန်းအံ့ဖွယ် မွေးကတည်းက အစာမစားတဲ့ ကမ္ဘာ့တစ်ဦးတည်းသော လူသား
လူသား တွေ ကျန်းမာ စွာ အသက်ရှင် နေထိုင် ဖို့ အစား အစာ ဟာ မရှိ မဖြစ် အရေး ပါတယ် လို့ ပြော ရမှာ ဖြစ်ပါ တယ်။ ဒါပေမဲ့ အိန်္ဒိယ နိုင်ငံ၊ နယူး ဒေလီ မြို့မှာ နေ ထိုင် တဲ့ အသက် (၂၅) နှစ် အရွယ် ရှိ ဒါ ဟာရာ အမည်ရ အမျိုး သမီး တစ်ဦး ဟာ မွေးက တည်းက အစာ မစားခဲ့ ဘူးလို့ သိရ ပါတယ်။
Subscribe to:
Posts (Atom)