Friday, March 7, 2014
မျိုးစောင့် ဥပဒေကြမ်းရေးဖို့ သမ္မတ ကော်မရှင်ဖွဲ့
RangonNewsDaily: March . 7 .2014
သံဃာတော်အချို့ ဦးဆောင်တဲ့ အမျိုးဘာသာ သသနာစောင့်ရှောက်ရေး (မဘသ) ဥက္ကဌ ပေးပို့လာတဲ့ အမျိုးစောင့် ဥပဒေ (၄) ခုတွင် ပါဝင်သည့် ဘာသာကူးပြောင်းခွင့်နှင့် လူဦးရေ တိုးပွားမှု ထိန်းချူပ်ေ၇း ဥပဒေမူကြမ်း (၂)ခု ရေးဆွဲရန် ကော်မရှင် တရပ်ကို သမ္မတဦးသိန်းစိန်မှာ ယနေ့ နေ့စွဲဖြင့် ဖွဲ့စည်းလိုက်သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ယင်းမာပင်ခရိုင်တွင် မြေယာရှင်း လင်းရာမှာ ဒေသခံတောင်သူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တို့ ပဋိပက္ခဖြစ်ပွား သံဃာတော်တစ်ဦးကိုလှုံခြုံရေးတပ်ဖွဲ့ဝင်များမှရိုက်နှက်
RangonNewsDaily: March . 7 .2014
စစ်ကိုင်းတိုင်းဒေသကြီး၊ယင်
တောင်သူများနှင့်အပြေလည်ဆုံ
နာရေးတောင်မှ ပွဲစားကလိုက်နှောက်ယှက်
RangonNewsDaily: March . 7 .2014
သေဆုံးပြီးသူတွေရဲ့ ရုပ်အလောင်းကို သဂြိုဟ်မယ့်နေရာမှာ ဒီနောက်ပိုင်း တချို့အသင်းအဖွဲ့တွေကပွဲစားတွေကို ကော်မရှင်ပေးပြီး အလောင်းလုတာတွေရှိသလို နာရေးတွေမှာ ပွဲစားလုပ်ငွေယူတာတွေရှိတယ်လို့သိရတယ်။နာရေးကူညီမှုအသင်းမှဥကဦးကျော်သူ
က “လူမှုရေးလုပ်ငန်းလုပ်တဲ့နေရာမှာ နာမည်ကြီးဖို့၊အလှုငွေရဖို့အတွက် အခုလို အလောင်းလုတာမျိုးကတော့ မကောင်းဘူးလို့ထင်
ပါတယ်။
ဗင်နီဇွဲလားနိုင်ငံမြို့တော် ကာရာကက်စ်မှာ ဆန္ဒပြသမားများနှင့်ရဲတပ်ဖွဲ့ ပဋိပက္ခဖြစ်
RangonNewsDaily: March . 7 .2014
ဗင်နီဇွဲလားနိုင်ငံမြို့တော် ကာရာကက်စ်မှာ အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြသမားတွေနဲ့ ရဲတွေ မတ် ၆ ရက်နေ့မှာ ထိပ်တိုက်တွေ့ကြပြန်ပါတယ်။ဆန္ဒပြသမားတွေက ရဲတွေကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြပြီး ရဲတွေက မျက်ရည်ယို ဗုံးတွေနဲ့ တုံ့ပြန် လူစုခွဲခဲ့ပါတယ်။တိုင်းပြည်စီးပွားရေးကျဆင်းတာနဲ့ ပြည်သူတွေရဲ့ နေ့စဉ်ဘ၀ မလုံခြုံတာကို အကြောင်းပြုလို့ ဆန္ဒပြပွဲတွေ ဖြစ်နေတာ ၂ လထဲရှိနေပြီး ဘယ်လောက်ပဲ နှိမ်နင်းခံနေရပေမယ့် အဆုံးထိ တိုက်ပွဲဝင်သွားမယ်လို့ ဆန္ဒပြသမားတယောက်က ပြောပါတယ်။

လျှို့ဝှက်နေသော ကုမ္ပဏီများကို ဖော်ထုတ်ရန် စာရင်းပြုစုနေပြီ
ရန်ကုန်မြို့လည်ရှိ AGD ဘဏ်နှင့် ကုမ္ပဏီ ရုံးခန်းများ (ဓာတ်ပုံ – စတိဗ်တက္ကနာ / ဧရာဝတီ)
RangonNewsDaily: March . 7 .2014မိမိတို့၏ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ သတင်းအချက်အလက်များကို အများပြည်သူသိရှိအောင် ထုတ်ပြန်ပေးခြင်း မရှိသော မြန်မာကုမ္ပဏီများကို နာမည်ပျက် စာရင်းသွင်းမည့် အစီအစဉ်တခု မကြာမီ ပေါ်ပေါက်လာတော့မည် ဖြစ်သည်။
ထိုင်းရောက် မြန်မာလုပ်သားများကို ဘတ် ၁ဝဝဝ မကောက်ရန် အစိုးရ တောင်းဆိုမည်
RangonNewsDaily: March . 7 .2014
ထိုင်းရောက် မြန်မာ များအား အိမ် ပြန်စရိတ် ရန်ပုံငွေ အဖြစ် ထိုင်းအစိုးရ က ဘတ် ၁ဝဝဝ ကောက်မည့် အစီအ စဉ်ကို လျှော့ပေါ့ပေးရန် တရားဝင် တောင်းဆို သွားမည် ဟု အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ သိရသည်။
အခြေခံ လုပ်ငန်းနှင့် အိမ်အကူ လုပ်ငန်းမှ အထွေထွေ လုပ်သား မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံ တို့မှ အလုပ် သမားများအပေါ်တွင် အိမ်ပြန် စရိတ် ရန်ပုံငွေ အဖြစ် ယခု လမှ စ၍ ထိုင်းအစိုး ရက တစ်ဦးလျှင် ဘတ် ၁ဝဝဝ ကောက် မည်ဟု ကြေညာထားသည်။
အခွန်မဆောင်သည့် ကုမ္ပဏီ တစ်သောင်းကျော် မတ် ၂၀ နောက်ဆုံးထား မဆက်သွယ်က အရေးယူမည်
RangonNewsDaily: March . 7 .2014
ကုမ္ပဏီများအဖြစ် မှတ်ပုံတင်ထား သော်လည်း ယခင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွက် အခွန် ပေးဆောင်ခြင်း မရှိသော ကုမ္ပဏီပေါင်း ၁၀,၆၇၀ ကို မတ် ၂၀ ရက်နေ့ နောက်ဆုံးထား ဆက်သွယ်ရန် ထုတ်ပြန်ထားပြီး ပျက်ကွက်ပါက ဖော်ထုတ် အရေးယူသွားမည် ဖြစ်ကြောင်း ကုမ္ပဏီများ ဆိုင်ရာ အခွန်ရုံးမှ အခွန်ဦးစီးမှူး ဦးတင်နိုင်ထွန်းက The Voice သို့ ပြောကြားသည်။

ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် တန်ဖိုးနည်း ဖုန်းကတ်များ ရောင်းချသည့် ပုံစံပြောင်း
RangonNewsDaily: March . 7 .2014
ရန်ကုန်မြို့တော်ရှိ စမ်းချောင်း၊ တာမွေ၊ ကြည့်မြင်တိုင် အစရှိသော မြို့နယ်အချို့တွင် ၁၅၀၀ တန်ဖိုးနည်း ဖုန်းကတ်များကို မဲနှိုက်သည့် စနစ်ဖြင့် မဟုတ်ဘဲ ယခင် ဖောင်တင်ထားသူများ အားလုံး လာရောက် ထုတ်ယူခွင့် ပြုသည့် စနစ်ဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း အဆိုပါ မြို့နယ်များရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးများထံမှ စုံစမ်း သိရှိရသည်။

သန်းခေါင်စာရင်း မေးခွန်းပုံစံနှင့် အထောက်အကူပြု ပစ္စည်းများ ဖြန့်ဝေ
RangonNewsDaily: March . 7 .2014
၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းမှာ အသုံးပြုမယ့် သန်းခေါင်စာရင်း မေးခွန်းပုံစံတွေနဲ့ အထောက်အပံ့ပစ္စည်းတွေကို နေပြည်တော်ရုံးချုပ်နဲ့ ရန်ကုန်မြို့ကတဆင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးရှိ မြို့နယ်တွေကို လက်ဝယ်အရောက် ကုန်တင်ယာဉ်ကြီးတွေနဲ့ စနစ်တကျ ထုတ်ပိုးသယ်ဆောင် ဖြန့်ဝေနေပါတယ်။
၂၀၁၅ တွင် ကြံ့ခိုင်ရေးပါတီ ရှုံးလျှင်လည်း ဒီမိုကရေစီနိုင်ငံ တည်ငြိမ်ရေး ထိခိုက်မည် မဟုတ်ဟု သူရ ဦးရွှေမန်း အာမခံ
RangonNewsDaily: March . 7 .2014
တပ်မတော်အစိုးရ ခေါင်းဆောင်ဟောင်း များဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ၂၀၁၅ ရွေးကောက်ပွဲတွင် ရှုံးနိမ်ခဲ့ပါကလည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် တည်ငြိမ် အေးချမ်းရေးကို ထိခိုက်မည် မဟုတ်ကြောင်း ယင်းပါတီ ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြောကြားသည်။
“ထိခိုက်မယ် မထင်ပါဘူး။ ပြည်ခိုင်ဖြိုး ရှုံးသွားတာနဲ့ အဲဒီလိုတော့ မဖြစ်ပါဘူး” ဟု ၎င်းကဆိုသည်။
ပရိသတ်အားပေးမှု လိုချင်ပါတယ်ဆိုတဲ့ မေမြတ်နိုးနှင့် တွေ့ဆုံခြင်း
RangonNewsDaily: March . 7 .2014
ကိုရီးယားနိုင်ငံတွင် မေလ ၁၉ ရက်၌ကျင်းပမည့် Miss Asia Pacific World 2014 ကမ္ဘာ့အလှ မယ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်အဖြစ် မေမြတ်နိုးက သွားရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။ ၎င်းသည် မတ်လ ၁၄ ရက်တွင် ကိုရီးယားနိုင်ငံသို့ စတင်ထွက်ခွာမည်ဖြစ်ခြင်းကြောင့် မဇ္ဈိမက ကြိုတင်တွေ့ဆုံ စကားပြောခဲ့သည်။
Subscribe to:
Posts (Atom)