Wednesday, May 7, 2014
တုတ်၊ ဓားများ ကိုင်ဆောင်ထားသည့် လူငယ်တစ်စု လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များကို ခဲဖြင့်ပေါက်
RangonNewsDaily: May . 7 .2014
မန္တလေးမြို့တော် အတွင်း ညပိုင်းအချိန်တွင် လူငယ်အချို့ အုပ်စုဖြင့် တုတ်၊ ဓားများ ကိုင်ကာ ရမ်းကားသည့်ဖြစ်စဉ်များ ဖြစ်ပေါ်နေပြီး မေလ ၆ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်ခန့်တွင် မန္တလေးခရိုင် ချမ်းအေးသာစံမြို့နယ် ၃၃ လမ်း၊ ၇၃ x ၇၄ လမ်းကြားတွင် ညအချိန်တာဝန်ကျ လုံခြုံရေးရဲတပ်သား နှစ်ဦးကို အော်ဟစ်ရန်စကာ ခဲများဖြင့်ပစ်ပေါက် ထွက်ပြေးသွားကြောင်း မန္တလေးမြို့ အမှတ်(၈) မြို့မ ရဲတပ်ဖွဲ့စခန်း တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၉၉/၄-၅)ကြားတွင် ၀ဲဘက်ရှေ့ဘီး ပေါက်၍ လမ်းလယ်ကျွန်း ဘာရီယာတုံးများအား ၀င်ရောက်တိုက်မိ
RangonNewsDaily: May . 7 .2014
၂၀၁၄ ခုနှစ်၊ မေလ ၄ ရက်နေ့ နေ့လည် ၁ နာရီအချိန် နေပြည်တော်၊ ဒကိ္ခဏသီရိမြို့
နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၉၉/၄-၅)ကြားတွင် ယာဉ်တိမ်း
မှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ပလွေးအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့်
အမြန်လမ်းမီးသတ်မှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။

လက်တော့ပ်နှင့် ဟန်းဆက်များခိုးယူသူများအား အွန်လိုင်းမှသဲလွန်စရကာ ဖမ်းမိ
RangonNewsDaily: May . 7 .2014
ကွန်ပျူတာဆိုင်ရှိ လက်တော့ပ်နှင့် ဟန်းဆက် များ ခိုးယူသွားသူများအား အွန်လိုင်း
လူမှုကွန်ရက်မှတစ်ဆင့် သဲ လွန်စရကာ ဖမ်းဆီးရမိလိုက်ကြောင်း သိရသည်။::
ကမာရွတ်မြို့နယ် အမှတ်(၉)ရပ်ကွက်ရှိ Technoland Computer Sale and Service Center ဆိုင်ရှိ ကျပ်သိန်းနှစ်ရာ ကျော်တန်ဖိုးရှိသော iPad, Mac Book များနှင့် မိုဘိုင်းဟန်းဆက် များကို ခိုးယူသွားသူများအား ကမာရွတ်မြို့နယ်ရဲစခန်းမှ စုံစမ်း ဖော်ထုတ်လျက်ရှိရာ

ပေါင်းတည်တွင် ရဲနှင့် အရပ်သားရုန်းရင်းဆန်ခတ်ဖြစ် အရပ်သား သုံးဦး ဆေးရုံတင် ထားရဟုဆို
RangonNewsDaily: May . 7 .2014
ပုဒ်မ ၅၀၅ (ခ) ဖြင့် မေ ၆ ရက်က ရုံးထုတ်စစ်ဆေးခံရသည့် ပြည်၊ သဲကုန်းမြို့နယ်မှ လယ်သမား ငါးဦး အနက် တစ်ဦးဖြစ်သည့် ကိုပေါက်စကို အာမခံမပေးဘဲ ပေါင်းတည်ထောင်သို့ ပြောင်းခဲ့ရာ ပေါင်းတည် ထောင်ရှေ့တွင် ရဲနှင့် အရပ်သား ရုန်းရင်းဆန်ခတ်ဖြစ်ပြီး အရပ်သားသုံးဦး ဆေးရုံတင်လိုက်ရသည်ဟု လယ်သမားအရေး ကူညီလှုပ်ရှားသူများကပြောသည်။

Subscribe to:
Posts (Atom)