Monday, September 2, 2013
OPS 6P အော်ပရေးရှင်းဖမ်းဆီးမှု နှင့်ပတ်သတ်ပြီး မလေးရှားရောက်မြန်မာများ သတိပြုရန်
ဓာတ်ပုံ : ယနေ့ OPS 6P အတွင်း မှန်မှန် မမှန်မှန် စစ်ဆေးခံရန် မြေကြီးပေါ်ထိုင်နေကြရသူများ |
ယနေ့ ဖမ်းဆီးသော အထူးစီမံချက်အား မလေးရှားအစိုးရမှ OPS 6P ဟုနာမည်ပေးထားသည် ။ မလေးရှားရောက် မြန်မာများ Facebook တွင် မေးသောမေးခွန်းများစွာအတွက် အောက်ပါ အချက်လက်များဖြင့် ရှင်းလင်းစေရန် ရေးသားဖြင်းဖြစ်သည် ။
လယ်သမားကို သေနတ်ဖြင့်ပစ်သော DKBA တပ်သားနှစ်ဦးကို ဖမ်းဆီးနိုင်ခြင်းမရှိ
RangonNewsDaily:: September 2, 2013
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကလိုင်းနိုင်း ကျေးရွာတွင်
လယ်သမားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် DKBA တပ်သားနှစ်ဦးကို ၁၅
ရက်ကျော်ကြာ ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း ကျိုက်မရောမြို့နယ်
ရဲစခန်းမှ တာဝန်ကျ တာဝန်မှူးတစ်ဦးက ပြောကြားသည်။
ITPEC စာမေးပွဲ၏ Level 2 အောင်မြင်ရုံ ဖြင့် ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်ခွင့် ရရှိမည်
RangonNewsDaily:: September 2, 2013
နိုင်ငံပေါင်း ခုနစ်နိုင်ငံ ပူးပေါင်းစီစဉ်သည့် စာမေးပွဲ တစ်ခုဖြစ်သော ITPEC စာမေးပွဲ၏
Level 2 အောင်မြင်ရုံ ဖြင့် ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်ခွင့် ရရှိရန်
ထောက်ခံချက်ပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်များ
အသင်းမှ စာမေးပွဲ ကျင်းပရေး ကော်မတီ၏ သတင်း ထုတ်ပြန်ချက် အရသိရသည်။
ခွေး ကျောင်းနေသည့် အိမ်အကူတစ်ဦး အဓမ္မပြုကျင့်ခံရ
RangonNewsDaily:: September 2, 2013
ခွေးကျောင်းနေသည့် အိမ်အကူအမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံ ရသည်ဆိုသည့်
အမှုတစ်ခုကို သင်္ဃန်းကျွန်း ရဲစခန်း က သြဂုတ်လ ၃၁ ရက်တွင် အမှုဖွင့်
စစ်ဆေးလျက်ရှိသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံး မှ သတင်းရရှိသည်။
ရွှေပြည်သာတံတား လုံခြုံရေးရဲကင်းတွင် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦး အဓမ္မပြုကျင့်ခံရ
RangonNewsDaily:: September 2, 2013
လှိုင်သာယာမြိုနယ်နှင့် ရွှေပြည်သာမြို့နယ်ကို ဆက်သွယ်ပေးထားသော
ရွှေပြည်သာတံတား၏ လုံခြုံရေးရဲကင်းတွင် သြဂုတ်လ ၃၀ ရက် နံနက် ၃ နာရီခန့်က
ခင်ပွန်းဖြစ်သူနှင့် စကားများရန်ဖြစ်ကာ မိဘနေအိမ်သို့ တစ်ဦးတည်း ပြန်လာသော
၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးကို ရဲတပ်ဖွဲ့ဝင်တစ်ဦးက
အဓမ္မပြုကျင့်ခဲ့ကြောင်း အဆိုပါ မိန်းကလေး၏ ဆွေမျိုးသားချင်း များက
ပြောကြားသည်။
ချင်းတွင်းမြစ် တာရိုးပေါ်မှ မတ်ခ်တူးယာဉ် အရှိန်လွန်ထိုးကျ
RangonNewsDaily:: September 2, 2013
မုံရွာမြို့ ကျောက်ဆောင်ဆိပ်အနီးတွင် သြဂုတ်လ ၃၁ ရက်နေ့ ညနေ ၆ နာရီ
အချိန်က ချင်းတွင်းမြစ် တာရိုးတစ်လျှောက် တောင်မှမြောက်သို့ မောင်းနှင်
လာသော တိုယိုတာ မတ်ခ်တူးကားသည် ထော်လာဂျီကို တိမ်းရှောင်ရာမှ တာရိုးပေါ်မှ
အရှိန်လွန် ထိုးကျခဲ့ကြောင်း မုံရွာမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ ခွဲမှူးရုံးမှ
အရာရှိတစ်ဦးက ပြောကြားသည်။
ကာတာ နိုင်ငံ၏ ပထမဦးဆုံး ဂြိုဟ်တုလွှတ်တင်
RangonNewsDaily:: September 2, 2013
ကာတာ နိုင်ငံသည် Sohail 1 အမည်ရှိ နိုင်ငံ၏ ပထမ ဆုံးသော ရုပ်မြင် သံကြားနှင့် ဆက်သွယ်ရေး ဂြိုဟ်တုကို French Guiana ရှိ အခြေစိုက် စခန်း တစ်ခုမှ Ariane 5 ဥရောပ ဒုံးကျည်၏ အကူအညီဖြင့် ကမ္ဘာပတ် လမ်းကြောင်း အတွင်းသို့ အောင်မြင်စွာ လွှတ်တင် နိုင်ခဲ့သည်ဟု အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

မိတ္ထီလာတွင် ကုန်စည်ဒိုင်ဖွင့်မည်
RangonNewsDaily:: September 2, 2013
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင် ကုန်စည်ဒိုင်တစ်ခု စက်တင်ဘာလ ၁၂ ရက်နေ့တွင် စတင်ဖွင့်လှစ်မည် ဖြစ်ကြောင်း မိတ္ထီလာ ကုန်စည်ဒိုင် ဖြစ်မြောက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့်က The Voice ကို ပြောကြားသည်။

ဆန်ဖရန်စစ္စကို မြန်မာစားသောက်ဆိုင်တွင် စားသုံးသူ ၁၄ ဦး အစာအဆိပ်သင့်
RangonNewsDaily:: September 2, 2013
အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကို ပြည်နယ်တွင် ဖွင့်လှစ်ထားသော Burma Superstar အမည်ရှိ မြန်မာစားသောက်ဆိုင်တွင် စားသုံးသူ ၁၄ ဦး အစာအဆိပ်သင့်မှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း အမေရိကန်အခြေစိုက် သတင်းဌာနများတွင် ဖော်ပြထားသည်။

မန္တလေး တန်ဖိုးနည်း အိမ်ရာစီမံကိန်းအနီးမြေများ မူလပေါက်ဈေးထက် နှစ်ဆခန့်မြင့်တက်
RangonNewsDaily:: September 2, 2013
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်တွင် မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော တန်ဖိုးနည်းအိမ်ရာ စီမံကိန်းအနီး မြေကွက်များသည် သြဂုတ်လကုန်ပိုင်းခန့်တွင် ဝယ်လက် ဒုတိယအများဆုံးကြိုက်သော နေရာတစ်ခု ဖြစ်လာကာ ဇွန်လပေါက်ဈေးထက် နှစ်ဆခန့် မြင့်တက်သွားကြောင်း မန္တလေးမြို့သစ်အခြေစိုက် အိမ်၊ ခြံ၊ မြေအကျိုးဆောင်များထံမှ စုံစမ်းသိရှိရသည်။

မန္တလေးစက်မှုဇုန်ကော်မတီသင်းဖွဲ့စည်းမျဉ်း အောက်တိုဘာလ အတွင်း ပြဋ္ဌာန်းမည်ဟုဆို
RangonNewsDaily:: September 2, 2013
မန္တလေးစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီက အပြီးသတ်ရေးဆွဲ ပြီးစီးပြီဖြစ်သော သင်းဖွဲ့စည်းမျဉ်းမူကြမ်းကို အောက်တိုဘာလဆန်းပိုင်းတွင် ဥပဒေပညာ ရှင်များ၊ စက်မှုဇုန် လုပ်ငန်းရှင်များ၊ ဇုန်စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့် တိုင်ပင်ညှိနှိုင်းပြဋ္ဌာန်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ အတွင်းရေးမှူး ဦးမောင်ဦးက ပြောကြားသည်။

Subscribe to:
Posts (Atom)