သင်္ကြန်ရက်အတွင်း ရေကစား၍ ရွာသို့ပြန်လာသော တန့်ယန်းမြို့နယ်မှ
လူငယ်များအား မြန်မာ စစ်တပ်က ဖမ်းဆီးကာ ၎င်းတို့စစ်ကြောင်းနှင့်အတူ
ခေါ်ဆောင်သွားသည်ဟု အဖမ်းခံရသူများကပြန်လည်ပြောပြသည်။
“ သင်္ကြန်ရက်တွေတုန်းက မိုင်းကောဝ်ကနေ နမ့်ပန်ချောင်းမှာရေသွားဆော့လာတဲ့
လူတွေကို နမ့်လောင်းဝ်
တို့စစ်ကြောင်းကိုမပစ်
အောင် စစ်ကြောင်းကြား ညှပ်ပြီး ခေါ်သွားတာ။ အဲဒီနေ့မှာဘဲ ဆိုင်ကယ်အစီး ၅၀
ဂိတ် အထိရှိ မယ် အဖမ်းခံရတာ” ဟု ချောဆွဲခံရသူလူငယ်စိုင်းပီး ကပြောသည်။