Monday, October 13, 2014
စီရိုနယ်ဒို၏ စာချုပ်ဖျက်တန်ကြေး ယူရို တစ်ဘီလီယံအထိရ
RangonNewsDaily:: October . 13 .2014
စီရိုနယ်ဒို၏ အေးဂျင့် ဂျော့ခ်ျမန်ဒက်စ်၏အဆိုအရ စီရိုနယ်ဒိုမှာ မန်ယူသို့ ပြောင်းရွှေ့ရန်
မဖြစ်နိုင်ဘဲ ရီးရဲလ်တွင်သာ ကစားသမားဘ၀ကို ကုန်ဆုံးစေလိမ့်မည်ဟု သိရှိရသလို စီရိုနယ်ဒို
အသင်းပြောင်းရန် မဖြစ်နိုင်ခြင်းမှာ ၎င်းနှင့် ရီးရဲလ်တို့ ချုပ်ဆိုထားသည့် စာချုပ်ထဲ၌ပါရှိသော စာချုပ်
ဖျက်တန်ကြေး မြင့်မားလွန်းနေ၍ ဖြစ်သည်ဟု ဆိုခဲ့သည်။
ထိုင်းရောက် မြန်မာစစ်ပြေးဒုက္ခသည် ၂၆၀ မြန်မာဘက်ပြန်ပို့
RangonNewsDaily:: October . 13 .2014
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်မဲ သဝေါဒေသတွင် အောက်တိုဘာ ၁၁
ရက် နံနက်ပိုင်းက တပ်မတော်ပူးပေါင်းတပ် ဖွဲ့ နှင့် ဒီမိုကရေစီအကျိုးပြုကရင်
အမျိုးသား တပ်မတော် (DKBA)တို့ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ထိုင်းဘက်ခြမ်း
သို့ ထွက်ပြေးတိမ်းရှောင်လာသည့်ဒေသခံ ရွာသား ၂၆၀ကို အောက်တိုဘာ
၁၁ ရက် ညနေပိုင်းတွင် ထိုင်းအာဏာပိုင်များက မြန်မာဘက်ခြမ်းသို့ ပြန်ပို့လိုက်
ကြောင်း သိရသည်။
ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၅၇/၁-၂)ကြားတွင် အရှိန်မထိန်းနိုင်သောယာဉ် တိမ်းမှောက်သဖြင့် ဒဏ်ရာရ
RangonNewsDaily:: October . 13 .2014
၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့ ည ၉ နာရီအချိန် မန္တလေးတိုင်း ဒေသကြီး၊ တံတား
ဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၅၇/၁-၂)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ စကားအင်းအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမီးသတ်
တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။
ဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၅၇/၁-၂)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ စကားအင်းအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမီးသတ်
တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။
ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၆/၃-၄)ကြားတွင် စက်ချို့ယွင်း၍ လမ်းဘေးချ ရပ်ပြီးပြုပြင်နေသည့် “ဇေယျာရွှေပြည်” ခရီးသည်တင်မှန်လုံယာဉ်အား အရှိန်မထိန်းနိုင်သော ယာဉ်က ၀င်ရောက်တိုက်မိ
RangonNewsDaily:: October . 13 .2014
၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် ၁ နာရီအချိန် ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၆/၃-၄)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ ဘောနတ်ကြီး အမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် အမြန်လမ်းမီးသတ်တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး ထားဝယ် မြို့ လမ်းဆုံကြီး မီးပွိုင်ထိန်းချုပ်စက် ခိုးသူဟုယူဆရသူကို ရှစ်ရက်အကြာတွင် ဖမ်းမိ
RangonNewsDaily:: October . 13 .2014
တနင်္သာရီတိုင်းဒေသကြီး ထားဝယ် မြို့ လမ်းဆုံကြီးမီးပွိုင့်တွင် အောက် တိုဘာ ၂ ရက် ညက ပျောက်ဆုံးသွား သော မီးပွိုင့်ထိန်းချုပ်စက်နှင့် သတိ ပေးအသံလွှင့်စက်တို့ကို လုံခြုံရေးကင် မရာမှ ရိုက်ကူးထားသောမှတ်တမ်း ဓာတ်ပုံအကူညီဖြင့် အောက်တိုဘာ ၁ဝ ရက်တွင် တရားခံဟုယူဆရသူ နှစ်ဦးကို ဖမ်းမိခဲ့ကြောင်း ထားဝယ်မြို့ မရဲစခန်းထံမှ သိရသည်။
အမရပူရမြို့နယ်တွင် မီးလောင်မှု ဖြစ်ပွား
RangonNewsDaily:: October . 13 .2014
အမရပူရမြို့နယ် တောင်သမန် အိုးဘိုရွာ ရတနာပုံ တက္ကသိုလ်ကျောင်းအနီး စတိုးဆိုင်နဲ့ ဆိုင်ကယ်ဝပ်ရှော့ တို့ အောက်တိုဘာ ၁၁ ရက်နေ့ ည ၁၀ နာရီကျော်လောက်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။
အမရပူရမြို့နယ် တောင်သမန် အိုးဘိုရွာ ရတနာပုံ တက္ကသိုလ်ကျောင်းအနီး စတိုးဆိုင်နဲ့ ဆိုင်ကယ်ဝပ်ရှော့ တို့ အောက်တိုဘာ ၁၁ ရက်နေ့ ည ၁၀ နာရီကျော်လောက်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။
ဘူဂေးရီးယားတွင် သွေးစုပ်ကောင် တစ်ကောင်၏ ဂူသင်္ချိုင်းကို ရှာဖွေတွေ့ရှိ
RangonNewsDaily:: October . 13 .2014
ရင်ညွန့် တွင် သပ်စိုက်လျက်သား သေဆုံးနေသည့် အရိုးစုတစ်ခုပါသော သွေးစုပ်ကောင်သင်္ချိုင်းဂူကို "ဘူဂေးရီးယား အင်ဒီယာနာဂျုံး"ဟု အမည်ပြောင် မှည့်ခေါ်ခြင်း ခံထားရသည့် ရှေးဟောင်း သုတေသန ပါမောက္ခ နီကိုလိုင်း အော့ချာရို့က ရှာဖွေတွေ့ ရှိ ခဲ့သည်တွေ့ ရှိခဲ့သည့် အရိုးစုကို လေ့လာကြည့်မှု အရ ၁၃ ရာစု အတွင်းက သေဆုံးခဲ့သူ တစ်ဦး ဖြစ်ကြောင်း သိရှိခဲ့ရပြီး သွေးစုပ်ကောင်ကို နှိမ်နှင်းမှု အနေဖြင့် ရင်ဝတွင် သပ်ဖြင့်ထိုးစိုက် သတ်ဖြတ်ထားခြင်း ဖြစ်ဖွယ် ရှိသည်။
ဖမ်းထားသည့် ဒီကေဘီအေ တပ်သားနှစ်ဦးကို အစိုးရပြန်လွှတ်ပေး
RangonNewsDaily:: October . 13 .2014
အစိုးရတပ်မတော်က ဖမ်းထားခဲ့သည့် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) မှ တပ်သား ၂ဦးကို ယနေ့ ပြန်လွှတ် ပေးခဲ့သည်ဟု DKBA ကော့ကရိတ် ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူး စောသူရဲနီက အောက်တိုဘာလ ၁၂ရက်က ပြောသည်။
အစိုးရတပ်မတော်က ဖမ်းထားခဲ့သည့် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) မှ တပ်သား ၂ဦးကို ယနေ့ ပြန်လွှတ် ပေးခဲ့သည်ဟု DKBA ကော့ကရိတ် ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူး စောသူရဲနီက အောက်တိုဘာလ ၁၂ရက်က ပြောသည်။
ပျောက်ဆုံးတောင်တက် သမားနှစ်ဦး အတွက် ဝေဟင်ရှာဖွေရေးပါ ရပ်ဆိုင်းလိုက်ပြီ
RangonNewsDaily:: October . 13 .2014
ခါကာဘို ရာဇီတောင်တွင် ပျောက်ဆုံး နေဆဲဖြစ်သည့် တောင်တက် သမားနှစ်ဦး အတွက် ဝေဟင်ရှာ ဖွေရေးကို ရပ်ဆိုင်းလိုက် ပြီဖြစ်သည့်အတွက် အောက်တိုဘာ ၁၂ရက်တွင် ၄င်းအဖွဲ့များ ရန်ကုန်သို့ ရောက်ရှိပြီဖြစ်သည်ဟု ထူးဖောင်ဒေးရှင်းမှ ပြန်ကြားရေးတာဝန်ခံ ဦးဖြိုးကိုကိုသက် က မဇ္ဈိမကို ပြောသည်။
ခါကာဘို ရာဇီတောင်တွင် ပျောက်ဆုံး နေဆဲဖြစ်သည့် တောင်တက် သမားနှစ်ဦး အတွက် ဝေဟင်ရှာ ဖွေရေးကို ရပ်ဆိုင်းလိုက် ပြီဖြစ်သည့်အတွက် အောက်တိုဘာ ၁၂ရက်တွင် ၄င်းအဖွဲ့များ ရန်ကုန်သို့ ရောက်ရှိပြီဖြစ်သည်ဟု ထူးဖောင်ဒေးရှင်းမှ ပြန်ကြားရေးတာဝန်ခံ ဦးဖြိုးကိုကိုသက် က မဇ္ဈိမကို ပြောသည်။
KNU နှင့်ညှိနှိုင်း၍ ဘောဂထ ရေအားလျှပ်စစ် စီမံကိန်းကို တည်ဆောက်မည်
RangonNewsDaily:: October . 13 .2014
စစ်တောင်းမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်း ၁၂ ခုအနက် ကျောက်ကြီးမြို့နယ်ရှိ ဘောဂထ ရေအားလျှပ်စစ် စီမံကိန်းကို အဆိုပါ နယ်မြေရှိ KNU လက်အောက်ခံ တပ်မဟာ-၂ နှင့် ဒေသခံများ၏ သဘောတူညီချက် ရရှိရန် ညှိနှိုင်းပြီးပါက အမြန်ဆုံး တည်ဆောက်မည် ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ စက်မှုနှင့် လျှပ်စစ်ဝန်ကြီး ဦးဘေဘီအုန်းက ပြောကြားသည်။ “ဓနရာဇာကုမ္ပဏီနဲ့ စာချုပ်ဆိုထားပြီးပြီ။ ဒေသခံတွေ၊ ကရင်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းနေပါတယ်။
စစ်တောင်းမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်း ၁၂ ခုအနက် ကျောက်ကြီးမြို့နယ်ရှိ ဘောဂထ ရေအားလျှပ်စစ် စီမံကိန်းကို အဆိုပါ နယ်မြေရှိ KNU လက်အောက်ခံ တပ်မဟာ-၂ နှင့် ဒေသခံများ၏ သဘောတူညီချက် ရရှိရန် ညှိနှိုင်းပြီးပါက အမြန်ဆုံး တည်ဆောက်မည် ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ စက်မှုနှင့် လျှပ်စစ်ဝန်ကြီး ဦးဘေဘီအုန်းက ပြောကြားသည်။ “ဓနရာဇာကုမ္ပဏီနဲ့ စာချုပ်ဆိုထားပြီးပြီ။ ဒေသခံတွေ၊ ကရင်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းနေပါတယ်။
တစ်နိုင်ငံလုံး အတိုင်းအတာ ဖြစ်သည့် အကယ်ဒမီ ပွဲကို ရွက်ဖျင်တဲလို နေရာမျိုး၌ မကျင်းပသင့်ဟု ဒါရိုက်တာဝိုင်း ဝေဖန်
RangonNewsDaily:: October . 13 .2014
ရန်ကုန်၊ အောက်တိုဘာ ၁၂။ ဇာတ်ကား များစွာကို ရိုက်ကူးပြီး အောင်မြင်မှု တစ်ခု ရရှိနေသည့် ဒါရိုက်တာ ၀ိုင်းက ဒီဇင်ဘာ ၂၇ ရက်တွင် ကျင်းပမည့် အကယ်ဒမီ ထူးခွန်ဆု ပေးပွဲမှာ တစ်နိုင်ငံလုံး အတိုင်းအတာ ဖြစ်ခြင်းကြောင့် ရွက်ဖျင်တဲ ဖြစ်သည့် Myanmar Event Park ၌ မကျင်းပ သင့်ဟု မဇ္စျိမကို ပြောသည်။
ထရ ၀ါဒဂိုဏ်းဝင် ရဟန်းသာမဏေ များ လိုက်နာရမည့် စည်းကမ်း ချက်များကို နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့က ထပ်မံထုတ်ပြန်
RangonNewsDaily:: October . 12 .2014
မြန်မာနိုင်ငံအတွင်း သီ တင်းသုံးတော်မူကြသည့် ထေရ ၀ါဒဂိုဏ်းဝင် ရဟန်းသာမဏေ များ လိုက်နာရမည့် စည်းကမ်း ချက်များကို နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့က ထပ်မံထုတ်ပြန်လိုက်သည်။
စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင် လူသတ်မှု စီအိုင်ဒီစုံစမ်းနေဆဲဟုဆို
RangonNewsDaily:: October . 12 .2014
စိမ်းလဲ့ကန်သာ ငါး လောင်းပြိုင်လူသတ်မှုကို အမှုမ ပိတ်သိမ်းသေးဘဲ စီအိုင်ဒီမှုခင်း သတင်းတပ်ဖွဲ့မှ ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ရန် ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ် မာန်အောင်ကျွန်းတွင် ရွှံ့မီးတောင်ပေါက်
RangonNewsDaily:: October . 12 .2014
ရခိုင်ပြည်နယ် မာန်အောင် မြို့နယ်တွင် ရွှံ့မီးတောင်တစ်လုံး ထပ်မံ ပေါက်ခဲ့သည်ဟု မာန်အောင် လူမှုကွန်ရက်အဖွဲ့ဝင် ဦးသက်နိုင်စိုးက မဇ္ဈိမကိုပြောသည်။
အင်ဒိုနီးရှား၌ဆင်နာဘန်းမီးတောင် ပေါက်ကွဲ ပြည်နယ်နှစ်ခု၌ လေကြောင်းခရီးစဉ်များ ဆိုင်းငံ့
RangonNewsDaily:: October . 12 .2014
အင်ဒိုနီးရှားနိုင်ငံ ဆုမတြာမြောက်ပိုင်း ပြည်နယ်ရှိ ဆင်နာဘန်းမီးတောင် ပေါက်ကွဲမှု ဖြစ်ပွားခြင်းကြောင့် ယင်းပြည်နယ် ဒီလီဆာ ဒန်းခရိုင်ရှိ ကွာလာနာမူး နိုင်ငံတကာ လေဆိပ်မှ အခြားမြို့များနှင့် အာချေပြည်နယ် တို့သို့ ပျံသန်းထွက်ခွာမည့် လေကြောင်းခရီး စဉ်များကို ဆိုင်းငံ့ထားလိုက်ကြောင်း ဒေသ ဆိုင်ရာ သတင်းဌာနများက အောက်တိုဘာ ၁၁ ရက်တွင် သတင်းထုတ်ပြန်သည်။
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှန်ရှီ (Shaanxi) ပြည်နယ် အဝေးပြေးလမ်းမ လုပ်ငန်းခွင်၌ မြေပြို၊ လုပ်သား ၁၉ ဦး သေဆုံး
RangonNewsDaily:: October . 12 .2014
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှန်ရှီ (Shaanxi) ပြည်နယ်ရှိ ယင်အန် (Yan’an) မြို့တွင် အောက်တိုဘာ ၁၀ရက် ညက အဝေးပြေးလမ်းမ ဆောက်လုပ်ရေး လုပ်ငန်းခွင်၌ မြေပြိုမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၉ ဦး သေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း တရုတ်ဗဟိုရုပ်သံ ဌာနက ထုတ်လွှင့်ဖော်ပြခဲ့သည်။
ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်းရပ်ကွက် မီးလောင်မှု အမျိုးသမီးတစ်ဦး သေဆုံး
RangonNewsDaily:: October . 12 .2014
နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ရွာကောက်ရပ်ကွက်၊ ပေါင်းလောင်း ၁၂ လမ်း၊ အိမ်အမှတ် (၁၄/၃၂၅) တွင် အောက်တိုဘာလ ၁၀ ရက် ည ၁၁ နာရီ ၂၀ ခန့်က အဲယားကွန်း အပူလွန်ကဲရာမှ မီးလောင်းကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ပျဉ်းမနား မီးသတ်ဦးစီးဌာနက အတည်ပြု ပြောသည်။
အားပြင်းတိုင်ဖုန်းမုန်တိုင်း ဂျပန်နိုင်ငံတောင်ပိုင်းသို့ဦးတည်ရွေ့လျှား
RangonNewsDaily:: October . 12 .2014
အရွယ်အစားကြီးမားပြီး အင်အားပြင်းတဲ့ မုန်တိုင်းတခု ဂျပန်နိုင်ငံတောင်ပိုင်း ကျွန်းတွေကို ဦးတည်ပြီး တဖြည်းဖြည့် ရွေ့လျားနေပါတယ်။ Vongfong မုန်တိုင်းအရှိန်ကြောင့် Okinawa ကျွန်းပေါ်မှာ မိုးသည်းထန်စွာ ရွာသွန်းကာ လေပြင်းတိုက်ခတ်မှုကြောင့် ဓါတ်အားလိုင်းတွေ ပြတ်တောက်ခဲ့တဲ့အတွက် လူပေါင်းထောင်သောင်းချီ လျှပ်စစ်မီးမရဖြစ်နေကြပါတယ်။
မှော်ဘီမြို့နယ်၌ အမျိုးသမီးငယ်တစ်ဦး အဆိပ်သောက်သေဆုံး
RangonNewsDaily:: October . 12 .2014
၁၁.၁၀.၂၀၁၄ ရက်နေ့ ၁၀၀၀ အချိန်တွင် မှော်ဘီမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မှော်ဘီဆေးရုံသို့ အမျိုးသမီးငယ်တစ်ဦး အဆိပ်သောက်သေ ဆုံးရောက်ရှိနေကြောင်း သတင်းအရ သွားရောက်စစ်ဆေး ခဲ့ပါသည်။
Subscribe to:
Posts (Atom)