Monday, July 15, 2013
အမေရိကန်အတွက် အဆိုးဆုံး အိပ်မက်ဆိုးဖြစ်စေမည့် မှတ်တမ်းများ စနိုးဒန်တွင် ရှိနေ
စနိုးဒန်မှာ မိနစ်ပိုင်းအတွင်း အမေရိကန်အစိုးရကို ထိခိုက်သွားစေနိုင်တဲ့ လုံလောက်တဲ့ သတင်း အချက်အလက် ရှိနေပါတယ် . . .အမေရိကန် ထောက်လှမ်းရေး အရာရှိဟောင်း အက်ဒ်ဝါ့ဒ်စနိုးဒန် (Edward Snow den) သည် အရေး ကြီးသည့် သတင်း အချက်အလက်တစ်ခုကို ဆုပ်ကိုင်ထားတယ်လို့ယူဆရပါတယ်။
အာဇာနည်နေ့တွင် အလေးပြုရန် စီတန်းလှည့်လည်ခွင့် တင်ရမည်
Monday, July 15, 2013
မကွေးခရိုင် NLD ပါတီဝင်များက ဇူလိုင် ၁၉ ရက်တွင် ကျရောက်သည့် အာဇာနည်နေ့တွင် မကွေးမြို့ ဗိုလ်
ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်သို့ စုပေါင်းချီတက်ကာ လွမ်းသူ့ပန်းခွေချ အလေးပြုရန် စီစဉ်ထားရာ ထိုသို
့ပြုလုပ်လိုပါကမကွေးတိုင်းရဲတပ်ဖွဲ့မှူးထံ ခွင့်ပြုချက်ရယူပြီးမှ လုပ်ဆောင်ရန်မကွေးမြို့နယ် အထွေထွေအုပ်
ချုပ်ရေးမှူး ဦးဥာဏ်မျိုးက အကြောင်းကြားစာ ပေးပို့လိုက်သည်။
မကွေးခရိုင် NLD ပါတီဝင်များက ဇူလိုင် ၁၉ ရက်တွင် ကျရောက်သည့် အာဇာနည်နေ့တွင် မကွေးမြို့ ဗိုလ်
ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်သို့ စုပေါင်းချီတက်ကာ လွမ်းသူ့ပန်းခွေချ အလေးပြုရန် စီစဉ်ထားရာ ထိုသို
့ပြုလုပ်လိုပါကမကွေးတိုင်းရဲတပ်ဖွဲ့မှူးထံ ခွင့်ပြုချက်ရယူပြီးမှ လုပ်ဆောင်ရန်မကွေးမြို့နယ် အထွေထွေအုပ်
ချုပ်ရေးမှူး ဦးဥာဏ်မျိုးက အကြောင်းကြားစာ ပေးပို့လိုက်သည်။
ကရင်ပြည်နယ် အတွင်းရှိ မြေမြှုပ်မိုင်းများအား ကိုယ်တိုင်ပြန်လည် ရှင်းလင်းရန် ပထမဆုံး အကြိမ်အဖြစ် ကရင်လက်နက်ကိုင် အဖွဲ့ငါးဖွဲ့ သဘောတူညီချက်ရရှိ
ဇူလိုင် ၁၃ ရက်က ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ငါးဖွဲ့ ဆွေးနွေးမှု ပြုလုပ်နေစဉ် |
ကရင်ပြည်နယ်အတွင်း ယခင် ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းများကိုကိုယ်တိုင်ပြန်လည်ရှင်းလင်း ပေးသွား
ရန်အတွက် ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ငါးဖွဲ့ တွေ့ဆုံ ဆွေးနွေးကာ မိုင်းများပြန်ရှင်းလင်းသွား
မည့် သဘောတူညီချက် တစ်ရပ်ကို ရရှိခဲ့ကြောင်း သတင်းရရှိသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမ မိုင်တိုင် ၂၉၃ အနီးတွင် အိမ်စီးကားတစ်စီး တိမ်းမှောက်ခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးပြီး တေးသံရှင်ဆိုတေး ဒဏ်ရာပြင်းထန်စွာရရှိ
ဇူလိုင် ၁၄ ရက်က အမြန်လမ်းမ မိုင်တိုင် ၂၉၃ အနီးတွင် အဆိုတော်ဆိုတေး လိုက်ပါလာသော ကားတိမ်းမှောက်မှုအား တွေ့ရစဉ်။ ဓာတ်ပုံ-၀ဏ္ဏ(မိတ္ထီလာ) |
ဇူလိုင် ၁၄ ရက်၊ နေ့လယ်ပိုင်းက မိတ္ထီလာမြို့နယ်၊ ရန်ကုန်-မန္တ လေးအမြန်လမ်းမပေါ်တွင်ယာဉ်မောင်း သန်း
ဝင်းလှိုင်(အသက်၂၁ နှစ်) မောင်းနှင်လာသော၃စ/--- မော်တော်ကားမှာရန်ကုန်မှမန္တလေးဘက်သို့ မောင်း
နှင်လာစဉ် မိုင်တိုင် ၂၉၃ အနီးတွင် တိမ်းမှောက်ခဲ့ရာ ကားပေါ်လိုက်ပါလာသူ လေးဦးအနက် ချောချော(ခ)
ဝင်းဂရိသူ (အသက် ၂၃ နှစ်)မှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
မော်တော်ယာဉ် တိမ်းမှောက်ခဲ့သော တေးသံရှင် ဆိုတေး သေဆုံးပြီဆိုသော သတင်းမမှန်ကန်
ရန်ကုန်-မန္တလေး
အမြန်လမ်း မိုင်တိုင် ၂၉၁/၃ တွင် မော်တော်ယာဉ်တိမ်းမှောက်ခဲ့သော
တေးသံရှင်ဆိုတေး
သည် မန္တလေးဆေးရုံကြီး တွင် ဆေးကုသမှု ခံယူနေပြီး သေဆုံးသည့်
သတင်းမှာ မှန်ကန်ခြင်း မရှိကြောင်း ဆိုတေး၏ ဦးလေးဖြစ်သူက
မန္တလေးဆေးရုံကြီးသို့ ရောက်ရှိနေသော The Voice သတင်းထောက်ကို ယနေ့
ည ၁၀နာရီ ၁၀ မိနစ် တွင် အတည်ပြုပြောကြားသည်။
Subscribe to:
Posts (Atom)