Sunday, February 10, 2013
ထိုင်းတောင်ပိုင်းရှိ မြန်မာတစ်ဦး လူသတ်မှုနဲ့ စွပ်စွဲခံရ
2013-02-10
ထိုင်းနိုင်ငံတောင်ပိုင်း ကရာဘီခရိုင်၊ Koh Phi Phi ခိုးဖီးဖီးကျွန်းက
ထမင်းဆိုင် တဆိုင်မှာ အလုပ်လုပ်ကိုင်နေတဲ့ အသက် (၁၉) နှစ်အရွယ်
မြန်မာအလုပ်သမား ကိုသားသား ဆိုသူကို သြစတေးလျှသူတဦး ဓါးထိုးခံရတဲ့ အမှုမှာ
တရားခံဖြစ်ပါတယ်လို့ ထိုင်းရဲကစွပ်စွဲပြီး တနေ့ထဲမှာတင်
ရုံးတင်တရားစွဲဆိုပြီး ထောင်ဒဏ်(၂)နှစ် ချမှတ်လိုက်တယ်လို့ အလုပ်သမားအရေး
ကူညီနေသူတွေက အာအက်ဖ်အေကို ပြောပါတယ်။
2013-02-10
ထိုင်းနိုင်ငံတောင်ပိုင်း ကရာဘီခရိုင်၊ Koh Phi Phi ခိုးဖီးဖီးကျွန်းက
ထမင်းဆိုင် တဆိုင်မှာ အလုပ်လုပ်ကိုင်နေတဲ့ အသက် (၁၉) နှစ်အရွယ်
မြန်မာအလုပ်သမား ကိုသားသား ဆိုသူကို သြစတေးလျှသူတဦး ဓါးထိုးခံရတဲ့ အမှုမှာ
တရားခံဖြစ်ပါတယ်လို့ ထိုင်းရဲကစွပ်စွဲပြီး တနေ့ထဲမှာတင်
ရုံးတင်တရားစွဲဆိုပြီး ထောင်ဒဏ်(၂)နှစ် ချမှတ်လိုက်တယ်လို့ အလုပ်သမားအရေး
ကူညီနေသူတွေက အာအက်ဖ်အေကို ပြောပါတယ်။
သပိတ်ကျဉ်းမြို့နယ်အတွင်းက စစ်တပ်ပိုင် အဖြစ် သိမ်းထားတဲ့ လယ်တွေပြန်ပေးပြီ
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျဉ်းမြို့နယ်၊ ကျောက်လှည်း ဘီးကျေးရွာမှာ ခလရ
(၁၄၈) စစ်တပ်က သိမ်းယူထားခဲ့တဲ့ လယ်ဧက တစ်ထောင်ကျော်ကို ဒေသခံတွေ ပြန်လည်
လုပ်ကိုင်ခွင့်ပေးလိုက်ပြီလို့ တောင်သူတွေက ပြောပါတယ်။ အခုလို လယ်ယာမြေတွေ ပြန်လည်လုပ်ကိုင်ခွင့်ရတာနဲ့ပတ် သက်ပြီး ဝမ်းသာကြောင်း
ဒေသခံ တောင်သူ ဦးစိန်မောင်က RFA ကို အခုလိုပြောပါတယ်။
"ဆီးဂိမ်းအကြိုဆန်းစစ်အားကစာြး ပိုင်ပွဲ ဖွင့်ပွဲအခမ်းအနား အစမ်းလေ့ကျင့်ခြင်း"
နိုင်ငံရေးအကျဉ်းသား(ထောင်တွင်း /လွတ်)များ၏ သားသမီးများအတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်NLD နိုင်ငံရေးအကျဉ်း သား ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာပြည်) AAPP ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့FPPS တို့ပူးပေါင်းစီစဉ်မှု ဖြင့် နိုင်ငံရေး အကျဉ်းသားများ
(လက်ရှိ)နှင်နိုင်ငံရေးအကျဉ်း သားဟောင်းများ၏ ရင်သွေးသား၊ သမီးများအတွက် ပညာသင် ထောက်ပံ့ကြေးပေးအပ်ပွဲကို ဖေဖော်ဝါရီလ ၇ ရက် မွန်းလွဲ ၁ နာရီက ရွှေဂုံတိုင်ရှိ တော်ဝင် နှင်းဆီခန်းမ၌ ကျင်းပခဲ့သည်။
လူငယ်တစ်ဦးကို ရဲနှစ်ဦးနှင့် သတင်းပေးတစ်ဦးက လက်ထိပ်ခတ်၍ ကန်ကျောက်ကာ ရဲသတင်းပေးလုပ်ရန်ပြောဆို
သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်နေ အသက်(၁၇)နှစ်
အရွယ်ရှိ မောင်သက္ကသည် ဇန်န ၀ါရီ ၂၆ ရက် နေ့လယ် ၁ နာရီတွင်
ငမိုးရိပ်(၃)လမ်းထိပ်ရှိ ကောင်းမွန်လက်ဖက်ရည်ဆိုင်၌ သူငယ်ချင်းဖြစ်သူနှင့်
ထိုင်နေစဉ် ရဲတပ်ဖွဲ့ဝင်နှစ်ဦးနှင့် ရဲသတင်းပေး တစ်ဦးတို့က ၎င်းကို အဆိုပါ
လက်ဖက်ရည်ဆိုင်၌ပင် လက်ထိပ်ခတ်၍ ကန်ကျောက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။
Max Myanmar ကုမ္မဏီပိုင် ငွေကောက်သည့် ဂိတ်ကြောင့် သန်လျင် မြို့ ခရီးသွားများ ဒုက္ခရောက်နေ...
ဓါတ်ပုံ အညွန်း - ကျိုက်ခေါက်ဘုရား ဘက်မှ သန်လျင် သို့ အ၀င်ကားများ မြို့ဝင်ကြေး ပေးဆောင်သွားလာနိုင်ရေး တန်းစီ စောင့်ဆိုင်နေရစဉ်.. (သီလ၀ါ လမ်းဆုံ) |
မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ အဝေးပြေးကားလမ်းများတွင် မြို့ဝင်ကြေး
(ဘီးခွန်) ကောက်ခံခြင်း၊ လမ်း/ တံတား အသုံးပြုခွင့် ကောက်ခံခြင်း
လုပ်ငန်းများကို အစိုးရ ဌါနများထံမှ လုပ်ပိုင်ခွင့် ပါမစ်ရယူပြီး
တွင်တွင်ကျယ်ကျယ် လုပ်ဆောင်နေသော Max Myanmar ကုမ္မဏီပိုင်
ဂိတ်တစ်ဂိတ်ကြောင့် သန်လျင်မြို့ရှိ ခရီးသွားများ အခက်ကြုံနေရကြောင်း
သိရသည်။
ဟင်္သာတမြို့တွင် ရဲသတင်းပေးတစ်ဦးရဲ့ လိုင်စင်မဲ့ကားတစ်စီးအား ဖမ်းဆီး
ဟင်္သာတ၊ ဖေဖော်ဝါရီ ၁၀ ။
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ လယ်တီကွင်းရပ် အင်္ဂပိုလ်လမ်း
ချောင်းဖျားကြီးနေ ခင်မောင်မြင့် (ရဲ သတင်းပေး) ပိုင်ဆိုင်သော
လိုင်စင်မဲ့ဆလွန်းကား (၁ခ/၁၁၂၁) ကို ယမန်နေ့ည (၉-၂-၂၀၁၃)နေ့ ည ၁၁ နာရီ
ဝန်းကျင်က အမှတ်(၁) ရဲအုပ် ဇော်မိုးနိုင် နှင့် အမှတ်(၂) ရဲအုပ်
ဝင်းနိုင်ထွန်းတို့မှ ဖမ်းဆီးခဲ့သည် ဟု သတင်းရရှိပါသည်။
ဟင်္သာတ၊ ဖေဖော်ဝါရီ ၁၀ ။
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ လယ်တီကွင်းရပ် အင်္ဂပိုလ်လမ်း
ချောင်းဖျားကြီးနေ ခင်မောင်မြင့် (ရဲ သတင်းပေး) ပိုင်ဆိုင်သော
လိုင်စင်မဲ့ဆလွန်းကား (၁ခ/၁၁၂၁) ကို ယမန်နေ့ည (၉-၂-၂၀၁၃)နေ့ ည ၁၁ နာရီ
ဝန်းကျင်က အမှတ်(၁) ရဲအုပ် ဇော်မိုးနိုင် နှင့် အမှတ်(၂) ရဲအုပ်
ဝင်းနိုင်ထွန်းတို့မှ ဖမ်းဆီးခဲ့သည် ဟု သတင်းရရှိပါသည်။
အဆစ်နာ ဝေဒနာအတွက် အိမ်တွင်းကုသနည်း
နေ့စဉ်အိမ်တွင်း မီးဖိုချောင်တွင် သုံးစွဲသော ငရုတ်သီးအနီတောင့်၏
အဓိကပါဝင်သော Capsic** ဓာတ်အကြောင်းကို ဆေးပညာစာစောင်ပေါင်း များစွာ၌
သိပ္ပံပညာ စူးစမ်းလေ့လာမှု (၁၃၀၀)ထက်မနည်း ဖော်ပြပါရှိခဲ့ပါသည်။
သာမန်အရပ်သူများအနေဖြင့် ငရုတ်သီးအနီတောင့်သည် အရိုးအဆစ် ဝေဒနာကို
ပျောက်ကင်းစေသည်ဟူသော အဆိုကို သိပ္ပံသုတေသီများက စာစောင်များတွင်
ဆွေးနွေးထောက်ခံ ထားပါသည်။
ကင်ဆာကို တွန်းလှန်ပေးမည့် အံ့အားသင့်စရာ နည်းလမ်း
သင့်ခန္ဓာကိုယ်တွင်းမှာ ကောင်းတဲ့ ကိုလက်စထရော (HDL) တွေ များများ ရှိနေတာက ကင်ဆာ ရောဂါကို
ကာကွယ် ပေးနိုင်တယ်လို့ လေ့လာမှု အသစ်က ဆိုပါတယ်။ သွေးထဲမှာ ကောင်းတဲ့
ကိုလက်စထရော (HDL) အဆင့်များတာဟာ နှလုံးရောဂါ မဖြစ်အောင်
ကာကွယ်ပေးနိုင်ကြောင်း သိခဲ့ပြီး ဖြစ်သလို အခုအခါမှာတော့ သွေးတွင်း
ကိုလက်စထရော (HDL) အဆင့် လျော့ကျလေလေ၊ ကင်ဆာရောဂါဖြစ်နှုန်း လျော့နည်းလေလေပဲ
ဖြစ်ကြောင်း ကျွမ်းကျင်သူတွေက ဆိုပါတယ်။
တရားသူကြီးဖြစ်ပေမယ့် အမှုလိုက်ခွင့်မရတဲ့ စစ်ကိုင်းတိုင်းဒေသကြီး ၊ အရာတော်မြို့နယ်မှာ တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ဲ့သူ ဦးမင်းသော်ထွေးနှင့် တွေ့ဆုံခြင်း
တရားသူကြီး
ဦးမင်းသော်ထွေး အကြောင်းရေးဖို့ ခွင့်တောင်းတော့ အစက သူငြင်းပါတယ်။
သူ့အထက်အရာရှိတွေကို ခွင့်တောင်းပြီးမှ ဖြေတာကောင်းမယ်ထင်တယ်လို့လည်း
ပြောတယ်။ မီဒီယာတွေမှာ ပွင့်လင်းစွာ
ပြောကြားနိုင်ကြောင်း ရှင်းပြတော့မှ သူဖြေကြားဖို့ သဘောတူတယ်။
အကြောက်တရားတွေ ဖြစ်နေတာက သူအနေအထိုင်မှန်ပေမယ့် အထက်က အရေးယူထားလို့
ဖြစ်ပါတယ်။ သူနဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပုံကို ဖော်ပြပေးလိုက်ပါတယ်။
Subscribe to:
Posts (Atom)