Pages

Sunday, February 10, 2013

"ဆီးဂိမ်းအကြိုဆန်းစစ်အားကစာြး ပိုင်ပွဲ ဖွင့်ပွဲအခမ်းအနား အစမ်းလေ့ကျင့်ခြင်း"

"ဆီးဂိမ်းအကြိုဆန်းစစ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား အစမ်းလေ့ကျင့်ခြင်း"  

by CJMyanmar, 9.2.13  

၂၇ ကြိမ်မြောက် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲအကြိုဆန်းစစ် အားကစားပြိုင်ပွဲတစ်ရပ်အား နေပြည်တော်တွင် (၁၉၊ ၂၊ ၁၃) မှ (၂၆၊ ၂၊ ၁၃)အထိ လက်ခံကျင်းပသွားမည်ဖြစ်ရာ အဆိုပါ ပြိုင်ပွဲ၏ ဖွင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားများ ဆင်နွှဲမည့် နေပြည်တော်၊ ၀ဏ္ဏသိဒ္ဓိဘောလုံးကွင်းတွင် ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားအတွက် ကြိုတင်အစမ်းလေ့ကျင့်ခြင်းတစ်ရပ်အား (၉၊ ၂၊ ၁၃)၌ ဆင်နွှဲခဲ့ကြပုံများကို နေပြည်တော်ရောက် CJ များက ဓာတ်ပုံသတင်း ပေးပို့ထားပါသည်။ 

 အထက်ပါ ဖွင့်ပွဲအခမ်းအနားအား ကြိုတင်အစမ်းလေ့ကျင့်ရာတွင် နေပြည်တော်တွင် တာဝန်ထမ်းဆောင်နေသော ၀န်ထမ်းများအား ခေါ်ယူထည့်သွင်းလေ့ကျင့်ခဲ့ကြောင်း သိရပါသည်။  

ယခု ဖေဖော်ဝါရီလအတွင်းကျင်းပမည့်ပြိုင်ပွဲသည် ဆီးဂိမ်းအကြိုဆန်းစစ် အားကစားပြိုင်ပွဲသာဖြစ်ပြီး အားကစားနည်း (၂၉)မျိုးခန့်ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

(၂၇) ကြိမ်မြောက် အရှေ့ တောင်အာရှအားကစားပွဲတော်ကြီးအား မြန်မာနိုင်ငံ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် ငွေဆောင်ဒေသများတွင် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၁)ရက်မှ (၂၂)ရက်အထိ လက်ခံကျင်းပသွားမည်ဖြစ်ပါသည်။

CJMyanmar
 
0 comments:

Post a Comment

world time