Tuesday, March 26, 2013
မြန်မာမူဆလင်များ၏ မွေးရာပါ လူသား အခွင့်အရေး နစ်နာဆုံးရှုံးမှုများ ပြန်လည်ရရှိစေရန် ပြည်ပ မြန်မာ မူဆလင်များမှ စုပေါင် ပြီး MYANMAR MUSLIM CIVIL RIGHTS MOVEMENT ဆိုတဲ့ အဖွဲ့ စည်းတစ်ခု ဖွဲ့ စည်း
မကြာသေးမှီ က ပြည်ပ ၌ အခြေစိုက် နေထိုင်ကြသော မြန်မာ မူဆလင်များမှ စုပေါင် ပြီး MYANMAR MUSLIM
CIVIL RIGHTS MOVEMENT ဆိုတဲ့ အဖွဲ့ စည်းတစ်ခု ဖွဲ့ စည်းလိုက်ပါသည်။
ထိုအဖွဲအစည်းဖြစ်ပေါ်လာရခြင်းမှာOICနှင့်ရိုဟင်ဂျာခေါင်းဆောင်များ၏တိုက်တွန်းမူနှင့် မြန်မာမူဆလင်များ
၏မွေးရာပါလူသားအခွင့်အရေးနစ်နာဆုံးရှုံးမှုတိုအတွက်နိုင်ငံတစ်ကာ၏မူစံချိန်နှင့်အညီ
လူ့အခွင့်အရေးများ
ပြန်လည်ရရှိစေရန် ဦးဆောင်လှုပ်ရှားရန်
လိုအပ်မှုများကြောင့် ဖြစ်သည်။
ပဲခူးတိုင်းမြို့နယ်တွေမှာ ညမထွက်ရအမိန့် ထုတ်ပြန်
မတ်လ ၂၅ ရက် မနေ့ညက ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း သာယာဝတီခရိုင်အတွင်းမှာ အကြမ်းဖက်မှုတွေ ဖြစ်ခဲ့ပြီးနောက်ပိုင်း အဲ့ဒီခရိုင်အတွင်းက မြို့နယ် ၇ မြို့နယ်မှာ မတ်လ ၂၆ ရက် ဒီကနေ့ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။ ည ၇ နာရီကနေ မနက် ၅ နာရီအထိ လမ်းမပေါ်မထွက်ရဆိုတဲ့အမိန့်ကို ဒေသဆိုင်ရာ အာဏာပိုင်တွေက ထုတ်ပြန်လိုက်ပြီး မြို့နယ်တွေအတွင်းမှာ အသံချဲ့စက်နဲ့ လိုက်လံကြေညာ အသိပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်တဲ့ မြို့နယ်တွေက မင်းလှ၊ သာယာဝတီ၊ လက်ပံတန်း၊ စစ်ကွင်း၊ အုတ်ဖို၊ အိုးဘိုကုန်းနဲ့ မိုးညိုမြို့နယ်တွေ ဖြစ်ပါတယ်။
ဘာသာပေါင်းစုံမှ ခေါင်းဆောင်များက ဥပဒေမဲ့ပဋိပက္ခများကို အမြန်ဆုံးတားဆီးပေးရန် လိုအပ်ကြောင်းပြောကြား
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလားမြို့တွင် အစပြုကာ ဘာသာရေးအဓိကရုဏ်းအသွင် ကျယ်ပြန့်လာသည့် အရေးကိစ္စအပေါ်၌ ဘာသာပေါင်းစုံမှ ခေါင်းဆောင်များက ဥပဒေမဲ့ပဋိပက္ခများကိုအမြန်ဆုံး တားဆီးပေးရန် လိုအပ်ကြောင်း၊ ပြည်သူလူထုအနေဖြင့်ဥပဒေမဲ့ လုပ်ရပ်များတွင် မပါဝင်ဘဲ ကောင်စွာသောအသိ၊ကောင်း
စွာသောသတိတို့ဖြင့် ညီညွတ်စွာ တားဆီးရန် လိုကြောင်း ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့(ခရစ်
ယာန်ဘာသာ) အတွင်းရေးမှူးဒေါက်တာသာဥာဏ်က ပြောကြားသည်။
လွတ်တော်ရဲ့ဆောင်ရွက်ချက်များသည် အဆိုတင်သွင်းမေးမြန်းခြင်းနဲ့ပဲ အပြီးသတ်အကောင်အထည်ဖော်ရန်လိုအပ်
“ကျွန်မတို့ရဲ့ နစ်နာချက်တွေ ကို သိတယ်ဆိုရင် ကျွန်မတို့ သေကာမှပဲ အကောင်အထည် ဖော်ပေးမှာလားဟုဆိုသည့် ဒေါ်တင်တင်ထွန်း”
March 26, 2013
အစိုးရသစ်တာဝန်ယူချိန် သည် (၂)နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ သို့သော်
ယခင်အစိုးရလက်ထက် အများပိုင်ကုမ္ပဏီတွေကြောင့် မွဲ ပြာကျသွားတဲ့
ပြည်သူတွေအတွက် ပြည်သူ့လွှတ်တော်ဥက်္ကဋ္ဌနှင့် ပြည် ထဲရေးတို့က
တိုင်ပင်ဖြေရှင်းမည် ဟု ပြောထားသည့် စကားအား ဘယ်တော့လောက်တော့
အကောင်အထည်ဖော်မလဲဆိုတဲ့ မျှော်လင့်ချက်အပြည့်နဲ့ စောင့်နေ ရသလို
လွှတ်တော်ရဲ့ ဆောင် ရွက်ချက်များသည်လည်း အကောင် အထည်ဖော်ဖို့ လိုအပ်ကြောင်း၊
ယခင်အများပိုင်အသင်းဝင်တချို့ က ဆိုပါသည်။
“ကျွန်မတို့ရဲ့ နစ်နာချက်တွေ ကို သိတယ်ဆိုရင် ကျွန်မတို့ သေကာမှပဲ အကောင်အထည် ဖော်ပေးမှာလားဟုဆိုသည့် ဒေါ်တင်တင်ထွန်း” |
March 26, 2013
အစိုးရသစ်တာဝန်ယူချိန် သည် (၂)နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ သို့သော် ယခင်အစိုးရလက်ထက် အများပိုင်ကုမ္ပဏီတွေကြောင့် မွဲ ပြာကျသွားတဲ့ ပြည်သူတွေအတွက် ပြည်သူ့လွှတ်တော်ဥက်္ကဋ္ဌနှင့် ပြည် ထဲရေးတို့က တိုင်ပင်ဖြေရှင်းမည် ဟု ပြောထားသည့် စကားအား ဘယ်တော့လောက်တော့ အကောင်အထည်ဖော်မလဲဆိုတဲ့ မျှော်လင့်ချက်အပြည့်နဲ့ စောင့်နေ ရသလို လွှတ်တော်ရဲ့ ဆောင် ရွက်ချက်များသည်လည်း အကောင် အထည်ဖော်ဖို့ လိုအပ်ကြောင်း၊ ယခင်အများပိုင်အသင်းဝင်တချို့ က ဆိုပါသည်။

ရန်ကုန်တွင် လှည့်ကင်းယာဉ်တန်းလုံခြုံရေး နောက်ထပ်တစ်ဆ တိုးမြင့်ထား
Tuesday, March 26, 2013
ရန်ကုန်တိုင်းအတွင်း လှည့်ကင်းယာဉ်တန်းလုံခြုံရေး အားနောက်ထပ်တစ်ဆ တိုးမြင့် ထားပြီဖြစ်ကြောင်း အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့ မှုးက ပြောသည်။
ပဲခူးတိုင်း ကြို့ပင်ကောက် အကြမ်းဖက်ဖျက်ဆီးခံရမှု နောက်ဆက်တွဲ သတင်း (၁)
မတ်လ ၂၆၊ ၂၀၁၃
"ကြို့ပင်ကောက်မှာ မနေ့ညကတည်းက ဖျက်နေတာ အခုမနက် (၅)နာရီခွဲမှ ဖျက်တာရပ်သွားတာပါ။ အိမ်
(၁၀)ကျော်ကို ဖျက်ပါတယ်။ ၀ိုင်းဖျက်ကြတဲ့ လူအုပ်ကြီးက (၁၀၀၀)နီးပါးလောက်ရှိပါတယ်။ ဘုန်းကြီးကိုယ်
တိုင် ဘိုဒူဇာမောင်းကြီး ဗလီကို ဘိုဒူဇာနဲ့ထိုးဖျက်ပါတယ်။ အိမ်တွေကိုဖျက်ပြီး အခုတော့ အိမ်ထဲက ပစ္စည်း
တွေသယ်ထုတ်ပြီး ယူသွားနေကြပါတယ်။ အခုကို အသံတွေကြားနေရပါတယ်။ ရဲတွေရှိတယ်။ လမ်းပေါ်မှာ
သွားနေတာ။ ပစ္စည်းတွေယူနေတာကို မတားပါဘူး။

အစ္စလာမ်ဘာသာဝင် ပြည်သူများအား အကြမ်းဖက်ခံရမည့် အန္တရာယ်မှ ရှောင်ရှားနိုင်ရန် ဧရာဝတီတိုင်း အစ္စလာမ်ကောင်စီမှ သတိပေး ကြေငြာချက် ထုတ်ပြန်
ဧရာဝတီတိုင်းဒေသကြီး အစ္စလာမ်ကောင်စီမှ မြန်မာပြည် အနှံ့အပြားတွင် မှီတင်း
နေထိုင်ကြသော အစ္စလာမ်ဘာသာဝင်များအား အကြမ်းဖက်ခြင်း အန္တရယ်မှ
ရှောင်ရှားနိုင်ရန် သတိပေး ကြေညာချက် တစ်စောင်မတ်လ၂၅ရက်နေ့ကထုတ်ပြန်ကြေညာခဲ့ကြောင်းသတင်းရရှိသည်။ အဆိုပါ ကြေညာချက်အပြည့် အစုံမှာ လက်ရှိဖြစ်ပေါ်နေသော အခြေအနေနှင့်ပတ်သက်၍ အစ္စလာမ် ဘာသာဝင်များအနေဖြင့် -
ဆီးရီးယားအတိုက်အခံတပ်ဖွဲ၏ အဓိကခေါင်းဆောင် နုတ်ထွက်
(နိုင်ငံတကာ အသိအမှတ်ပြု ဆီးရီးယား အမျိုးသား ညွန့်ပေါင်းတပ်ဖွဲ့ ခေါင်းဆောင် အာမက် မိုအက်ဇ် အယ်လ်ခါတစ်ဘ်) |
များအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့သည်။ နိုင်ငံတကာအသိအမှတ်ပြုဆီးရီးယားအမျိုးသား ညွန့်ပေါင်း
တပ်ဖွဲ့ ခေါင်းဆောင် အာမက် မိုအက်ဇ် အယ်လ်ခါတစ်ဘ်သည် တနင်္ဂနွေနေ့က ရာထူးမှ နုတ်ထွက်ခဲ့သည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ဗိုလ်ချုပ်မှူးကြီးအဆင့် တိုးမြှင့်ခန့်အပ်တာဝန်ပေး
မတ်လ
၂၅ ရက်နေ့ကစပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်ကို ဗိုလ်ချုပ်မှူးကြီးအဆင့် တိုးမြှင့်ခန့်အပ်လိုက်တယ်လို့ တပ်မတော်နဲ့ နီးစပ်တဲ့ သတင်းအသိုင်းအ၀ိုင်းကို ကိုးကားပြီး ဒီကနေ့ထုတ် ရန်ကုန်တိုင်းမ် သတင်းဂျာနယ်မှာ ဖော်ပြထားပါတယ်။ အလားတူ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းကိုလည်း ဒုဗိုလ်ချုပ်မှူးကြီး ရာထူးတိုးမြှင့်ခန့်အပ်လိုက်တယ် လို့ သတင်းမှာ ဖော်ပြပါတယ်။
မြန်မာပြည်အရပ်ရပ်မှ အစ္စလာမ်ဘာသာဝင်များ အကြမ်းဖက်တိုက်ခိုက်မှုများမှ လှုံခြုံမှုရရှိရေး ဆန္ဒပြပွဲ မလေးရှားနိုင်ငံတွင်ပြုလုပ်
(၂၅.၃.၂၀၁၃) နေ့လည် (၁း၃၀) အချိန်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ တန်ပုံဟာဂျီရှေ့တွင် မလေး
ရှားနိုင်ငံရောက်မြန်မာနိုင်ငံသားအစ္စလာမ်ဘာသာဝင်များက ဦးဆောင်ဆန္ဒပြခဲ့ကြတယ်လို့သတင်း ရရှိပါ တယ်။ အဆိုပါ ဆန္ဒပြပွဲကို မြန်မာဗုဒ္ဓဘာသာဝင်များလည်းပါဝင် ဆန္ဒပြခဲ့ပြီး၊ နိုင်ငံတကာသတင်းမီဒီယာများ
က လည်းအားပေးကူညီခဲ့တာတွေ့ရပါတယ်။
ပဲခူးတိုင်း ကြို့ပင်ကောက်ရှိ ဗလီနဲ့ မွတ်စလင်မ်အိမ်နှင့် ဆိုင်ခန်းများအား ဖျက်ဆီးနေ
မတ်လ ၂၆၊ ၂၀၁၃
ကြို့ပင်ကောက် ။ ။ ပဲခူးတိုင်း ကြို့ပင်ကောက်ရှိ ဗလီနှင့် မွတ်စလင်မ်အိမ်နှင့် ဆိုင်ခန်းများကို ၂၅-ရက်ည (၁၁)နာရီခွဲခန့်မှစ၍ ဖျက်ဆီးနေကြောင်း သတင်းရရှိသည်။ ကြို့ပင်ကောက်ရှိ ဗလီနှင့် မွတ်စလင်မ်' အိမ်
များကို အကြမ်းဖက်သမားများက ၀င်ရောက်ဖျက်ဆီး နေကြောင်း၊ မွတ်စလင်မ်အိမ်(၃)အိမ်နှင့် ဈေးရှိ မွတ်
စလင်မ်ဆိုင်များကို ဖျက်ဆီးနေကြောင်းသိရသည်။

Mosque and Muslim Houses destroyed at Oke Pho, Tharwadi District, Bago Division
(26.3.2013, 12:30 am)
It has been reported that the Mosque and Muslim properties in Oke Pho, Tharwadi District, Bago Division have been destroyed since 12 am. A mob has been destroying the Mosque, Madrasah (religious school) and houses owned by the Muslims.

ပဲခူးတိုင်း သာယာဝတီခရိုင် အုတ်ဖိုမြို့တွင် အကြမ်းဖက် မီးရှို့မှုများ ဖြစ်ပွားနေ (ည၁၂း၃၀)
၂၆.၃.၂၀၁၃ ၊
၁၂း၃၀
ပဲခူးတိုင်း သာယာဝတီခရိုင် အုတ်ဖိုမြို့တွင် အကြမ်းဖက်သမား၄၀၀ခန့်က မြို့အတွင်း မီးရှို့မှုများ ဖြစ်ပွားနေ
ကြောင်းနှင့် ရဲတပ်ဖွဲ့အနေဖြင့် အင်အား မနိုင်ခြင်းကြောင့် နောက်ဆုတ်နေရကြောင်း သတင်းရရှိပါသည်။ ပလီနှင့် အိမ်များကို ရှို့ နေကြောင်းသိရသည်။

ပြည်မြို့ အနီးရှိ အုတ်ဖိုနဲ့စစ်ကွင်း မှာ အကြမ်းဖက်တိုက်ခိုက်ခံနေရ ( ည ၁၂း၀၀)
ပြည်လမ်းကြောင်းမှာရှိတဲ့အုတ်ဖိုနဲ့စစ်ကွင်းမှာလက်ရှိဖြစ်နေကြောင်းသတင်းရရှိပါ။အုတ်ဖိုမှာ
အာရဗီ ကျောင်းတကျောင်းနဲ့ အိမ် ငါးလုံခန့် ဖျက်ဆီးခံလိုက်ရပြီဖြစ်ကြောင်း
သတင်းရရှိပါတယ်....ရဲလား စစ်သားလားမသိသူတွေကတော့ပစ်နေကြကြောင်းသေနတ်သံတွေကြားနေရကြောင်း ပုန်းရှောင်နေသူဒေသခံတစ်ဦးထံမှ သတင်းရရှိပါတယ်။
"ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင် အရေးပေါ် ဆေးကုသနေရ"
ရန်ကုန်၊ မတ် ၂၅
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်သည် ဦးနှောက်ပိုင်း
ဆိုင်ရာ ရောဂါတစ်ခုကြောင့် ယနေ့နံနက်ပိုင်းတွင်အာရှတော်ဝင် ဆေးရုံ၌ အရေးပေါ်ဆေးကုသမှု ခံယူနေရ
ကြောင်းသိရသည်။ "
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်သည် ဦးနှောက်ပိုင်း
ဆိုင်ရာ ရောဂါတစ်ခုကြောင့် ယနေ့နံနက်ပိုင်းတွင်အာရှတော်ဝင်
ကြောင်းသိရသည်။ "
"ရန်ကုန်တိုင်းအတွင်း ညကင်းယာဉ်တန်းများဖြင့်လုံခြုံေ ရးချထား"
ယနေ့ည ၉ နာရီမှ စ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေးရဲယာဉ်တန်းဖြင့် ၀န်ထမ်း ၂၁၀ ဦးအပါအ၀င် ကား ၁၆ စီးနှင့် ကင်းလှည့် နေကြောင်းသိရသည်။အဆိုပါကင်းလှည့် ယာဉ်များမှာ နှစ်ဖွဲ့ခွဲ၍ လှည့်ပတ်နေခြင်းဖြစ်ပြီး
တစ်ဖွဲ့မှာ ရဲဝန်ထမ်း အင်အား ၁၀၅ ဦးအပါအ၀င် ကား ၁၀ စီးနှင့်
ကျန်တစ်ဖွဲ့မှာ
ကား ၆ စီးနှင့် ရဲဝန်ထမ်း အင်အား၁၀၅ ဦးပါဝင်ကြောင်းသိရသည်။
ကား ၆ စီးနှင့် ရဲဝန်ထမ်း အင်အား၁၀၅ ဦးပါဝင်ကြောင်းသိရသည်။
Subscribe to:
Posts (Atom)