မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလားမြို့တွင် အစပြုကာ ဘာသာရေးအဓိကရုဏ်းအသွင် ကျယ်ပြန့်လာသည့် အရေးကိစ္စအပေါ်၌ ဘာသာပေါင်းစုံမှ ခေါင်းဆောင်များက ဥပဒေမဲ့ပဋိပက္ခများကိုအမြန်ဆုံး တားဆီးပေးရန် လိုအပ်ကြောင်း၊ ပြည်သူလူထုအနေဖြင့်ဥပဒေမဲ့ လုပ်ရပ်များတွင် မပါဝင်ဘဲ ကောင်စွာသောအသိ၊ကောင်း
စွာသောသတိတို့ဖြင့် ညီညွတ်စွာ တားဆီးရန် လိုကြောင်း ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့(ခရစ်
ယာန်ဘာသာ) အတွင်းရေးမှူးဒေါက်တာသာဥာဏ်က ပြောကြားသည်။
“ကျွန်တော် တစ်ဦးကိုယ်တစ်ဦး ချစ်ခင်ဖို့ ရိုင်ပင်းဖို့၊ အရင်တုန်းကတော့ဆွေမျိုးလိုနေလာကြပြီးတော့မှ အ
ခုကျမှ သတ်ကြဖျက်ကြနဲ့ဆိုတော့ ဝမ်းနည်းစရာကောင်းပါတယ်”ဟု ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး
အဖွဲ့ (ဗုဒ္ဓဘာသာ) နာယက ဦးစိန်ဝင်းအောင်က ပြောကြားသည်။
ဘာသာရေးအားလုံး၏ အခြေခံမှာမေတ္တာတရားဖြစ်ကြောင်း၊၎င်းတို့အနေနှင့် သာသာရေးခေါင်းဆောင်များ
ကိုလည်း မိမိတို့၏ ဘာသာဝင်များ အား ထိန်းသိမ်းထားပေးစေလိုကြောင်း၊ထို့အပြင် ရန်ကုန်၌ ပဋိပက္ခကြီး
များ မဖြစ်ပွားစေရန် လုံခြုံရေးများချထားပေးရန် တာဝန်ရှိသူများက ဆောင်ရွက်ပေးနေကြောင်းလည်း ပြော
ကြားသည်။
“ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်များ မလိုလားအပ်တဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ကြုံနေရတာကိုလည်းအင်
မတန်မှ ၀မ်းနည်းကြေကွဲရပါ တယ်။စိုးရိမ်းမှုတွေလည်း ဖြစ်ရပါတယ်။သမိုင်းကြောင်းတစ်လျှောက်ကို ကြည့်
မယ်ဆိုရင်လည် မြန်မာနိုင်ငံကို အစ္စလာမ်ဘာသာရောက်ခဲ့တာနှစ်ပေါင်း တစ်ရာကျော် ခဲ့ပြီ ဖြစ်ပါတယ်။
ကျွန်တော်တို့လူမျိုးဟာကျွန်တော်တို့ရဲ့ ဘိုးဘွားတွေ လက်ထက်ကတည်းက မြန်မာ့လူ့ အဖွဲ့အစည်းနဲ့ သဟ
ဇတ တည့်ခဲ့ပါတယ် ”ဟု ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဦးညွှန့်မောင်သျှိန်က ပြောကြားသည်။
ထို့နောက် ၎င်းတို့အဖွဲ့သည် ၂၀၀၈ခုနှစ်ကတည်က စတင် တည်ထောင်ခဲ့ကြောင်း၊ ၎င်းတို့အဖွဲ့သည် ဘာ
သာရေးအစွဲ၊ အသွေးအရောင်ကွဲခြင်း၊စီးပွားရေးအစွဲ ကင်းရှင်းကြောင်းလည်း ပြောကြားသည်။
ပိုင်လေး
The Myanma Age,RND: 26.3.2013
Rangonnewsaily
0 comments:
Post a Comment