Wednesday, January 9, 2013
လိင်ပညာပေး မဂ္ဂဇင်းအဖြစ် ထုတ်ဝေခဲ့တဲ့ ညှို့မဂ္ဂဇင်းထုတ်ဝေခွင့်ကို ရုတ်သိမ်းခဲ့ပြီး ဂျာနယ်၆စောင်ကိုပါ ခေါ်ယူသတိပေး
ဖက်ရှင်မဂ္ဂဇင်းအဖြစ် လျောက်ထားခဲ့သော်လည်း အမှန်တကယ် ထွက်ရှိလာသောအခါ
လိင်ပညာပေးမဂ္ဂ
ဇင်းအဖြစ် ထွက်ရှိခဲ့သည့် ညှို့မဂ္ဂဇင်းအား ထုတ်ဝေခွင့်မှတ်ပုံတင်သက်သေခံလက်မှတ်အား ပြန်လည်ရုတ်
သိမ်းရန် ဇန်န၀ါရီ၉ရက်နေ့က
နေပြည်တော်တွင် ကျင်းပခဲ့သည့် ပုံနှိပ်သူများ၊ထုတ်ဝေသူများ မှတ်ပုံတင်နှင့်
ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှုဗဟိုအဖွဲ့ အစည်းအဝေးက
ဆုံးဖြတ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၀ဘ်ဆိုက်တွင် ဇန်န၀ါရီလ ၉ရက်နေ့က
ဖော်ပြချက်အရ သိရသည်။

ကေအိုင်အေ ပြန်လွှဲပေးမည့် တပ်မတော်သားစာရင်းတွင် အရာရှိအဆင့်အရာရှိအဆင့်တစ်ယောက်မျှမပါဝင်
ကေအိုင်အိုထံသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသော တပ်မတော်သား ၂၇
ဦးအား အစိုးရထံသို့ ပြန်
လည်လွှဲပြောင်း ပေးရေးအတွက်၈၈မျိုးဆက်ကျောင်းသားများမှတစ်ဆင့်အမည်စာရင်းပေးပို့လိုက်ကြောင်း
သိရသည်။ဇန်နဝါရီ ၇ ရက်နေ့တွင် Myanmar Peace Center မှ ငြိမ်းချမ်းရေးကျွမ်းကျင်
ပညာရှင် ဒေါက်တာ
မင်းဇော်ဦးထံသို့ တပ်သား ၂၇ ဦး၏စာရင်း ရောက်ရှိ ခဲ့ကြောင်း
၎င်းက အတည်ပြုသည်။

လမ်းဘယ်လောက်ကြမ်းကြမ်း အံ့ကိုက်ဖြစ်မယ့် ကားတာယာ
အမေရိကန်မှာ ကျင်းပတဲ့ တောင်ကိုရီးယား Hankook Tire ရဲ့  တာယာ ဒီဇိုင်း ပြိုင်ပွဲမှာ ဆုရသွားသော တာ
ယာအမျိုးအစား ဖြစ်ပါတယ်။အမေရိကန်နိုင်ငံ၊University of Cincinnati မှ ကျောင်းသား Ben Zavala
ဦးဆောင်
လို့ ကြိုးစားဖန်တီးထားတဲ့ လေမလို တာယာ ဖြစ် ပါတယ်။ ပြိုင်ကားနဲ့လမ်းချောမှာအသုံးပြုဖို့အတွက်အဆင်
ပြေ သလို ကျောက်တောင်၊ကျောက်ခဲ
ပေါများတဲ့လမ်းမှာလည်း ပျော့ပျော့ပြောင်းပြောင်းနဲ့ အသုံးပြုနိုင်မှာ
ဖြစ်ပါတယ်။

ရန်ကုန်မြို့အတွင်းရှိ မိုဘိုင်းဖုန်း အရောင်းဆိုင်များ လျော့ချပေးမည့် မိုဘိုင်းဈေးနှုန်းများအပေါ် မူတည်၍ One Stop Service ဖြင့် အပြိုင်အဆိုင် ရောင်းချနိုင်ရန် ပြင်ဆင်နေ
မိုဘိုင်းဈေးနှုန်းများပေါ်မူတည်၍One Stop Service ဖြင့် အပြိုင်အဆိုင် ရောင်းချနိုင်ရန်အတွက် ပြင်ဆင်မှုများ
ပြုလုပ်လာကြောင်း ရန်ကုန်မြို့အတွင်း မိုဘိုင်းအရောင်းဆိုင်များမှ တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရ
သည်။
ရွှေဘိုငလျင် လှုပ်ခတ်ပြီးနောက် ရွှေကြောအသစ်များ ထွက်ပေါ်
ရွှေဘိုငလျင်လှုပ်ပြီးနောက်ပိုင်း တွင် ရွှေကြောအသစ်များ ထွက်ပေါ်လာကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်
များအသင်းဥက္ကဋ္ဌ ဦးသူတော်က ပြောသည်။
''ငလျင်ကြောင့် ရွှေကြောအ သစ်တွေပေါ်လာတယ်''ဟု ၄င်းက ဇန်နဝါရီ ၅ ရက်တွင်
ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းစတုတ္ထအကြိမ်နှစ်ပတ်
လည်အသင်းသားစုံညီအစည်းအဝေးတွင်ပြောသည်။

ရန်ကုန်မြို့  မင်္ဂလာဒုံ လေဆိပ် နှင့် မြစ်ကြီးနားလေဆိပ် များတွင် Spitfire လေယာဉ်များ ရှာဖွေတွေ့ရှိ
မာနိုင်ငံ အတွင်း လေယာဉ်မြှုပ်နှံထားသည့်နေရာများတွင် ရှာဖွေမှုများ စတင်ခဲ့ရာ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ
၈ ရက်နေ့တွင်မြစ်ကြီးနားမြို့ လေဆိပ် လေယာဉ်ပြေးလမ်း အနီးမြောက်ဘက်သို့ တွင်းမျာတူးပြီး camera ဖြင့်
ကြည့်ရှု၍နည်းပညာ အကူအညီဖြင့်ရှာဖွေခဲ့ရာ လေယာဉ်မျာထည့်ထားသည်ဟုယူဆရသောစုစုပေါင်း သစ်
သား သေတ္တာ ၁၈ လုံးတွေ့ရှိခဲ့သည်။
နယ်မြေမငြိမ်းချမ်းသည့်ကြားက ကချင်ပြည်နယ်မှ သစ်လုံးများ တရုတ်သို့ တရားမ၀င်တင်ပို့နေဆဲ
နေ့စဉ်ကားကြီးကားငယ်များဖြင့် တရုတ်ပြည်သို့ တရာမ၀င်ရောင်းချနေသော မြန်မာ့ ကျွန်းသစ်များ |
စပ်နေသော တရုတ်နိုင်ငံသို့ တရားမ၀င် သစ်လုံးတင်ပို့မှုများမှာ ပုံမှန်ရှိနေဆဲ ဖြစ်ကြောင်း ဒေသခံများနှင့်
မကြာသေးမီက ထုတ်ပြန်လိုက်သော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစုံစမ်းထောက်လှမ်းရေး အေဂျင်
စီ (EIA) ၏ စစ်တမ်းတစ်ခုတွင် ဖော်ပြချက်များအရ သိရသည်။
လဘ်ပေးလဘ်ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မတီ တစ်ရပ်အား နိုင်ငံတော်အစိုးရမှ ဇန်န၀ါရီ ၈ ရက် ရက်စွဲဖြင့် ဖွဲ့စည်းလိုက်ပြီ
လဘ်ပေးလဘ်ယူမှု
အရေးယူ ဆောင်ရွက်ရေး ကော်မတီ တစ်ရပ်အား နိုင်ငံတော်အစိုးရမှ ဇန်န၀ါရီ ၈
ရက် ရက်စွဲဖြင့် ဖွဲ့စည်းလိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန
ဝဘ်ဆိုဒ်တွင်ယနေ့ ဖော်ပြထားသည်။
ယင်းကော်တီတွင် ဒုတိယ သမ္မတ
ဒေါက်တာစိုင်းမောက်ခမ်းက ဥက္ကဌအဖြစ်ဆောင်ရွက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊သမ္မတရုံး ၀န်ကြီးဌာန ၁၊၂၊၃
နှင့် ၅ တို့မှ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသိန်းညွှန့်၊ဦးစိုးမောင်၊ဦး စိုးသိန်း
နှင့် ဦးတင်နိုင်သိန်း၊ပြည်ထောင်စု ရှေ့နေချုပ်
ဒေါက်တာထွန်းရှင်၊နိုင်ငံတော် သမ္မတ၏ အကြံပေးအဖွဲ့ အဖွဲ့ဝင်
ဦးသန်းကျော်တို့ ပါဝင်ဖွဲ့စည်းထားပြီး နိုင်ငံတော် သမ္မတရုံး
ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်းက အတွင်းရေးမှူးအဖြစ်ဆောင်ရွက်မည် ဖြစ်သည်။
Microsoft ကုမ္မဏီပိုင်ရှင် Bill Gate ၏ လူမသိသေးသည့်အချက် (9) ချက်
... ၂။ အကယ်၍ သူသည် ဒေါ်လာတစ်ထောင်ပြုတ်ကျသွားခဲ့သည်
မည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် အဆိုပါပြန်လည်ကောက်ယူမည့်အချိန်
ဒေါ်လာတစ်ထောင်ပြန်လည်ရရှိခဲ့ပြီ
Subscribe to:
Posts (Atom)