Thursday, April 18, 2013
သင်္ကြန် ရုံးပိတ်ရက်ကာလအတွင်း ပြင်ပဈေးကွက်၌ နိုင်ငံခြား ငွေလဲနှုန်း မြင့်တက်လာပြီး ဧပြီလ ၁၈ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာ ၈၉၇ကျပ်အထိ ဖြစ်နေ
မြန်မာနှစ်သစ်ကူးအတာသင်္ကြန် ရုံးပိတ်ရက်ကာလအတွင်း ပြင်ပဈေးကွက်၌ နိုင်ငံခြားငွေလဲနှုန်း မြင့်တက်လျက်ရှိပြီး ဧပြီလ ၁၈ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာလျင် ၀ယ်ဈေး ၈၉၀ကျပ်၊ ရောင်းဈေး ၈၉၇ ကျပ်အထိ ဖြစ်နေကြောင်း ပြင်ပ ငွေကြေးဈေးကွက်ထံမှ သတင်းရရှိသည်။
မြောက်ဦးတွင် ဘင်္ဂလီ၅ဦးမှ အကြမ်းဖက်ရန်လာသည်ဟု ဆိုသူများ၏ သတင်းအမှန်ကို ပြည်ပမီဒီယာတွေဖော်ထုတ်ပြီ
မြောက်ဦး ။ ။ မြောက်ဦး မြို့နယ်၊ ပေါင်းဒုတ် ကျေးရွာ အုပ်စုမှ ရိုဟင်ဂျာ လူမျိုး ဒေသခံ ရွာသား ၅ ဦးကို မဟုတ် မမှန် အမှုဆင်၍ ဖမ်းဆီး ထားကြောင်း သိရှိ ရပါသည်။ အဆိုပါ မဟုတ် မမှန်သည့် အမှုဆင်၍ ဖမ်းဆီး ထားသည့် သတင်းကို မီဒီယာ များမှလည်း မဆင်မခြင် ရေးသား၍ ၀ါဒဖြန့် နေသည်ကို လေ့လာ တွေ့ရှိ ရပါသည်။
ပင်လုံ မဟာရဌာဘိသာမဂ္ဂီစေတီတော်ဝင်းအတွင်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွား
18 Apr, 2013
ရှမ်းပြည်နယ်မြောက်ပိုင်း ပင်လုံမြို့ မဟာရဌာဘိသာမဂ္ဂီစေတီတော်ဝင်း အတွင်း
၂၀၁၃ခုနှစ်၊ ဧပြီလ (၁၇)ရက်နေ့တွင် ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း
သိရှိရသည်။ "ဗုံးကွဲတာမဟုတ်ပါဘူး။ ကလေးတွေ ဆော့တဲ့
မီးရှုးမီးပန်းဝါးဆစ်ဗူးက ကွဲတာပါ။ ဘာမှလည်းထိခိုက်မှုမရှိ ပါဘူး။" ဟု
ပင်လုံရဲစခန်းမှ (၁၈.၄.၂၀၁၃)တာဝန်ကျ ၀န်ထမ်းတစ်ဦးက ပြောသည်။
အမေနတ်ကတော်၊ အမ ပြည့်တန်ဆာ၊ အကြမ်းဖက်ခေါင်းဆောင် ၀ီရသူ၏ နောက်ကြောင်း
ဝီရသူ၏ အမည်ရင်းမှာ ၀င်းခိုင်ဦးဖြစ်သည်။ အဖ ဦးခင်မောင်ဝင်းဖြစ်ပြီး မိခင်မှာ ဒေါ်တင်ဦးဖြစ်သည်။ အဖ ဦးခင်မောင်ဝင်းမှာ ရွှေတော်တွင်ကွယ်လွန်၍မိခင် ဒေါ်တင်ဦးသည်ဒုတိယအိမ်ထောင်ပြုရာထိုခင်ပွန်းအမည်
မှာ ဦးချစ်ညွန့်ဖြစ်သည်။ မိခင်မှာ နတ်ကတော်ဖြစ်၍ ယနေ့ထိ ကျောက်ဆည် ဇော်ဂျီအထက်ဆည်တွင် နတ်
ကတော်လုပ်ကိုင်လျက်ရှိသည်။
နှစ်ဆန်း တရက်နေ့တွင် ပုသိမ်မြို့၌ ဘာသာပေါင်းစုံ စုပေါင်းပြီး နှစ်ဦး ဆုတောင်းပွဲ အခမ်းအနားပြုလုပ်
“၁၃၇၄ ခုနှစ်မှ ၁၃၇၅ ခုနှစ်သို့ ကူးပြောင်းတဲ့ ဒီနှစ်သစ်မှာ တို့မြန်မာနိုင်ငံမှာနေထိုင်ကြတဲ့လူများဟာ
မိမိတို့ ကိုးကွယ်သည့် ဘာသာ အလျောက် မြတ်သောမင်္ဂလာ အကျင့်အကြံများနဲ့
တိုင်းပြည်အကျိုး၊ လူမျိုးအကျိုး၊ ဘာသာအကျိုးတို့ကို ဆထက်တပိုး
ဆောင်ရွက်နိုင်ကြပါစေလို့ ကျွန်တော်တို့ လူအခွင့်အရေး
မြတ်နိုးသူများအဖွဲ့မှ ဆုတောင်းလိုက်ပါတယ်။”
သမ္မတလမ်းကြောင်းမှ အတားအဆီးများကို ကျော်လွှား ရန်ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်
မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမ၏လမ်းကြောင်းတွင် အတားအဆီးများ ရှိနေသည့် တိုင်အောင် နိုင်ငံရေးပါတီမှန်သမျှ၏ ခေါင်းဆောင်များကဲ့သို့ပင် နိုင်ငံသမ္မတဖြစ်လာရန် မျှော်လင့်ထားကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားလိုက် ပါသည်။
၂၀၁၂-၂၀၁၃ ပညာသင်နှစ် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာကျောင်းများတွင် စာမေးပွဲအောင်စာရင်း များထုတ်ပြန်ကြေငြာ
၂၀၁၂-၂၀၁၃ ပညာသင်နှစ် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာကျောင်းများတွင် စာမေးပွဲ
အောင်စာရင်း များထုတ်ပြန်ကြေငြာခဲ့ကြောင်းသတင်းရရှိပါသည်။ အဆိုပါစာမွေးပွဲအောင်စာရင်းတွင်
ကျောင်းသားများရဲ့ အမည်စာရင်းဘေး တွင် P1မှ P 4 အထိနံပါတ်စဉ်များရေးထားသည်ကိုလဲအံသြဖွယ်ရာ
တွေ့ခဲ့ရကြောင်း အောင်စာရင်းသွားကြည့်ခဲ့သူကျောင်းသာတစ်ဥိးမှပြောပြသည်။ ငှင်း အမှတ်စဉ်များမှာ
ရွှေမြန်မာ လေကြောင်းလိုင်းမှ စင်ကာပူ-ရန်ကုန် ခရီးစဉ် ပျံသန်းလာသော လေယာဉ်တစ်စီး စက်ချွတ်ယွင်းမှုကြောင့် ချန်ဂီလေဆိပ်တွင် ပြင်ဆင်ပြီးမှသာ ရန်ကုန်သို့ ထွက်ခွာနိုင်ခဲ့
Thursday, April 18,2013
ဧပြီလ ၁၇
ရက်နေ့က စင်ကာပူ-ရန်ကုန် ခရီးစဉ် ပျံသန်းလာသော ရွှေမြန်မာလေကြောင်းလိုင်းမှ
လေယာဉ် Y5 234 - GMA သည် စက်ချွတ်ယွင်းမှုကြောင့် စင်ကာပူနိုင်ငံ၊
ချန်ဂီလေဆိပ်သို့ ပြန်လည်ဆင်းသက်ခဲ့ရကာ ယင်းလေဆိပ်တွင် ပြင်ဆင်ပြီးမှသာ
ရန်ကုန်သို့ ထွက်ခွာနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။
ဘော်စတွန် မာရသွန် ဗုံးပေါက်ကွဲ မှု အသုံးပြုခဲ့သော ဖောက်ခွဲရေးပစ္စည်း သက်ဆိုင်ရာကသိမ်းဆည်းရမိ Boston bombing investigators reveal photos of evidence
ဘော်စတွန် မာရသွန် ဗုံးပေါက်ကွဲ မှုဟာ Pressure Cooker အပူဖိအားပေး ဟင်းချက်အိုး နဲ့ ဗုန်းခွဲသွားခဲ့တယ်။ အနက်ရောင် နိုင်လွန် ကျောပိုးအိပ်ထဲ ထည့်လာပြီး ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ FBI က သတင်းစာရှင်းလင်းပွဲလုပ် ထုတ်ပြန်ကြေငြာပါတယ်။Detectives hunting the terrorists behind Boston Marathon bombs show photographs of evidence that reveals clues to the type of explosives used.
Warning “Low Pressure in lower South China Sea”
No. 23 Time Issued : April 17, 2013
The low pressure cell over the upper Gulf is moving to the Tip of
Indochina, and the southeasterly winds prevail over the Gulf and the
South. These cause fairly widespread rainfalls and isolated heavy rain
over the East. People should beware of heavy rain. Due to the wind-waves
likely above 2 meters high in thundershower areas in the upper Gulf,
all ships should proceed with caution.
လေဖိအားနည်းဆဲလ် 91W ထိုင်းပင်လယ်ကွေ့အတွင်း ဆက်လက် ဖြစ်ပေါ်နေ
လေဖိအားနည်းဆဲလ် 91W သည် ထိုင်းပင်လယ်ကွေ့အတွင်း လွန်ခဲ့သော ၆ နာရီက
အရှေ့မြောက်ဘက်သို့ တစ်နာရီ ၁၂ မိုင်နှုန်းခန့်ဖြင့် ဆက်လက် ရွေ့လျားကာ
မြန်မာနိုင်ငံ တနင်္သာရီတိုင်း၊ မြိတ်မြို့ အရှေ့တောင်ဘက် မိုင် ၁၃ဝ ခန့်၊
ထိုင်းနိုင်ငံ Huahin မြို့ တောင်ဘက် ၉၅ မိုင်ခန့် ပင်လယ်တွင် တည်ရှိနေဆဲ
ဖြစ်ပါသည်။
အမှုဖွင့်ထားသူအား ဒုရဲအုပ်တစ်ဦးမှ လက်စဖျောက် နှုတ်ပိတ် လုပ်ကြံရန် ကြိုးပမ်းမှု မိတ္ထီလာတွင် ဖြစ်ပွား
ယခုနှစ် မတ်လနှောင်းပိုင်းက ဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံအလယ်ပိုင်း
မိတ္ထီလာမြို့ ဘာသာရေးအကြမ်းဖက်မှုတွေကြောင့် ဒုက္ခရောက်နေကြတဲ့
ဒုက္ခသည်များအနက်မှ မျက်မြင်သက်သေအချို့သည် လုံခြုံရေးတပ်ဖွဲ့နှင့်
တာဝန်ရှိသူများ၏ အကူအညီတောင်းခံချက်တို့အရ အကြမ်းဖက်ရာတွင်
ပါဝင်ပတ်သက်သူများနှင် အကြမ်းဖက်မှုဖြစ်စဉ်များအား
ထုတ်ဖော်ဖြေကြားပေးနေကြပြီဖြစ်ေ ကြာင်း သတင်းရရှိပါတယ်။
Subscribe to:
Posts (Atom)