Pages

Thursday, April 18, 2013

ဘော့စတွန် မာရသွန်ပွဲ ဗုံးခွဲသူလို့ သံသယရှိသူကို ဖမ်းလိုက်ပြီ

တနင်္လာနေ့က ဘော့စတွန်မြို့ မာရသွန်ပြေးပွဲကို ပစ်မှတ်ထား ဗုံးဖေါက်ခွဲ ခဲ့တဲ့သူလို့ သံသယ ရှိသူ တဦးကို  စုံစမ်းစစ်ဆေး သူတွေက ဖမ်းဆီးလိုက်ပြီ ဖြစ်ပါတယ်။  

လုံခြုံရေး ဗီဒီယို ကင်မရာမှ တွေ့ရှိချက် အရ လူတဦးဟာ ပန်းဝင်တဲ့စည်း အနီး လမ်းမပေါ်မှာ အိတ်တလုံးကို ချပြီး ထွက်သွားတယ် ဆိုတဲ့ နောက်ဆုံး သတင်း ရလဒ် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ 

ဒုတိယ ဗုံးပေါက်ကွဲတဲ့ နေရာရဲ့ လမ်းတဘက်မှာ ရှိတဲ့ ကုန်တိုက် ကနေ ရိုက်ကူးထားတဲ့ လုံခြုံရေး ကင်မရာ မှာ အဲဒီ သံသယ ရှိသူကို တွေ့ရတာပါ။

ဗုံး ပေါက်ကွဲမှု ၂ ခုကြောင့် အသက် ၈ နှစ်အရွယ် ယောက်ျားလေး တဦး၊ အသက် ၂၉ နှစ် အမျိုးသမီး တဦးနဲ့ တရုတ် နိုင်ငံက ဘွဲ့လွန် ကျောင်းသား တဦး သေဆုံးသွားခဲ့ ပါတယ်။

လာမယ့် နာရီပိုင်း အတွင်း အရာရှိတွေက သတင်းစာ ရှင်းလင်းပွဲ တရပ် ပြုလုပ်ဖို့ ရှိပါတယ်။

BBC News, Rangonnewsdaily
RND:18.4.2013 

0 comments:

Post a Comment

world time