Sunday, February 23, 2014
ဘန်ကောက်ဗုံးကွဲ လူ၆ယောက် ဒဏ်ရာရ
RangonNewsDaily: February . 23 .2014
နိုင်ငံရေး တင်းမာမှုတွေ ဖြစ်နေတဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မနေ့ညက ဗုံးပေါက်ကွဲခဲ့လို့ ၆ ဦးဒဏ်ရာရ သွားပါတယ်။ ဒီလို နိုင်ငံရေး တင်းမာ မှုတွေ ရှိနေတဲ့ ကြားက လယ်သမားတွေကလည်း ဆန္ဒပြနေကြပါတယ်။ ထိုင်းအစိုးရကို ဆန့်ကျင် ဆန္ဒပြနေတဲ့ ဘန်ကောက်မြို့ ရတ်ပစုမ် သပိတ်စခန်း အနီး ပတူနမ့်လမ်းစုံမှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုကြောင့် လူ၆ ဦးဒဏ်ရာ ရသွားခဲ့ပါတယ်။

အကျဉ်းကျနေတဲ့ ယူကရိန်း ဝန်ကြီးချုပ်ဟောင်း ပြန်လည်လွတ်မြောက်
RangonNewsDaily: February . 23 .2014
ယူကရိန်းနိုင်ငံမှာ မကြာသေးခင်ကမှ အကျဉ်းကနေ ပြန်လည်လွတ်မြောက်လာတဲ့ ဝန်ကြီးချုပ်ဟောင်း ယူးလ်ယာ တမိုရှန်းန်ကော (Yulia Tymoshenko) က ကိယက်ဗ်မြို့တော်မှာ ဆန္ဒပြသူတွေကို စကားပြောပြီး ဆန္ဒပြပွဲတွေကို ဆက်လုပ်သွားကြဖို့ တိုက်တွန်းခဲ့သလို သူ့ကိုလည်း သူရဲကောင်းသဖွယ်ကြိုဆိုခဲ့ကြပါတယ်။
ကျောက်မျက်လုပ်ငန်းတွင် အမည်ခံ လုပ်ငန်းရှင်များကို အရေးယူပေးရန် ဦးတေဇ ပြောကြား
RangonNewsDaily: February . 23 .2014
ကျောက်မျက် တူးဖော်ရေး လုပ်ငန်းများတွင် နိုင်ငံသား အမည်ခံကာ ဝင်ရောက် လုပ်ကိုင်နေသော ပြည်ပ လုပ်ငန်းရှင်များကို စိစစ် အရေးယူပေးစေလိုကြောင်း မြန်မာနိုင်ငံ ကျောက်မျက် တူးဖော်ရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတေဇက နိုင်ငံတော် သမ္မတနှင့် ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် ပြောကြားသည်။
ကျောင်းထိုင်ဆရာတော် ခန့်အပ်မှုနှင့် ပတ်သက်ပြီး သံဃာတော်များ အချေအတင်ဖြစ်
RangonNewsDaily: February . 23 .2014
နေပြည်တော်ကောင်စီ နယ်မြေ ဒက္ခိဏသီရိမြို့နယ် ရွှေအင်ကြင်း ရပ်ကွက်ရှိ ရတနာပင် စည်ဘုန်းတော်ကြီး ကျောင်းတွင် ကျောင်းထိုင် ဆရာတော် ခန့်အပ်ထားမှုကို မကျေနပ်၍ အစားထိုး ခန့်အပ်ရန် သံဃာအပါး ၄၀ ကျော်က ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ကျောင်းတိုက် နယ်မြေအတွင်း ဝင်ရောက်လာခဲ့ပြီး အချေအတင် ဖြစ်ပွား ခဲ့ကြောင်း ကျောင်းထိုင် ဆရာတော် ဦးဥတ္တရက မိန့်ကြားသည်။

သာကေတမြို့နယ်တွင် ရှေ့ယာဉ်အားကျော်တက်စဉ် ဆိုက္ကားနှင့်စက်ဘီးအားတိုက်မိ ၂ဦးပွဲချင်းပြီးသေဆုံး
RangonNewsDaily: February . 23 .2014
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်အချိန် ရန်ကုန်တိုင်း ဒေသကြီး၊ သာကေတမြို့နယ်၊ ယမုံနာလမ်းအတိုင်း ဒေါပုံမှသန်လျင်သို့ ဒဂုံအရှေ့မြို့နယ်၊ (၃)ရပ်ကွက်နေ စိုးရန်နောင်(၂၂)နှစ်မောင်းနှင်လာသော ပရာဒိုယာဉ်သည် မြင်တော်သာလမ်းထိပ်၊ ဂိတ်ဟောင်းမှတ်တိုင် အနီးသို့အရောက်တွင် ၎င်း၏ရှေ့မှယာဉ်အားကျော်တက်စဉ်
ယာဉ်နောက်ဆုတ်မောင်းနှင်စဉ် ကလေးငယ်အားကြိတ်မိ၍သေဆုံး
RangonNewsDaily: February . 23 .2014
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ည ၇ နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့၊ အမှတ်(၁)စံပြရပ်ကွက်အတွင်း ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ စေတုတ္တရာ မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ

Subscribe to:
Posts (Atom)