Wednesday, March 27, 2013
ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်ငါးမြို့နယ်၌ ပုဒ်မ ၁၄၄ တားမြစ်မိန့် ထုတ်ပြန်ထားပြီး မသကာင်္သူများအား သက်ဆိုင်ရာမှ ထိန်းသိမ်းစစ်ဆေးလျက်ရှိကြောင်း နိုင်ငံပိုင်မီဒီယာများမှ သတင်းထုတ်ပြန်
အုတ်ဖိုမြို့ မှ နောက်ဆုံးရ အပျက်အစီး ဓာတ်ပုံများ |
ဓာတ်ပုံများကို အကြမ်းဖက်မှူအား မလိုလားပဲ အမှန်တရားကို အမြန်ဆုံးပေါ်ပေါက်စေချင်ပြီး တည်ငြိမ်အေး
ချမ်းမှူကိုလိုလားသော မြန်မာလူမျိုး ဗုဒ္ဓဘာသာ ဝင် စစ်စစ် ဒေသခံတစ်ဦးမှ ပေးပို့လားခြင်းဖြစ်ပါသည်။ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်ငါးမြို့နယ်၌ ပုဒ်မ ၁၄၄
တားမြစ်မိန့် ထုတ်ပြန်ထားပြီး မသင်္ကာသူများအား သက်ဆိုင်ရာမှ
ထိန်းသိမ်းစစ်ဆေးလျက်ရှိကြောင်း မတ်လ ၂၇ ရက် ည ၈ နာရီ၌ နိုင်ငံပိုင် မီဒီယာများမှ သတင်းထုတ်ပြန် ကြေညာခဲ့သည်။
ပဲခူးတိုင်း အနောက်ဘက်ခြမ်း မိုးညိုမြို့မှ ဗလီတစ်လုံးကို အကြမ်းဖက်သမားများဖြိုဖျက်(ည ၉ နာရီ ၂၀ မိနစ် )
မတ်လ ၂၇ ရက်နေ့ ည ၉ နာရီ ၂၀ မိနစ်
ယနေ့ မတ်လ ၂၇ ရက်နေ့ ည ၇ နာရီ ၁၀ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း၊မိုးညိုမြို့ ဇောတိက ရပ်ကွက်၊ပန်းသပြေလမ်းရှိ ဗလီတစ်လုံးအား အင်အား ၃၀၀ ခန့်ရှိ လူအစုအဖွဲ့မှ ဖျက်ဆီးခဲ့ကြကြောင်း သိရ သည်။
ထို့ကြောင့် မိုးညိုမြို့ကို ယနေ့ည ၇ နာရီခွဲမှ စတင်ကာ ပုဒ်မ ၁၄၄
ထုတ်ပြန်လိုက်ကြောင်း၊
ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့ည ၆ နာရီ ၄၀ အခြေအနေ
ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့ မှာဖြစ်နေတယ် လို့သိရပါတယ်။လူအင်အား
၅၀၀လောက်ရှိတဲ့လူအုပ် ကနေပြီးအစ္စလမ်ဘာသာဝင်များရဲ့အိမ်နှင့်ဗလီများကို
ဖျက်ဆီးနေတယ်လို့သိရပါတယ် ဒေသဆိုင်ရာရဲတပ်ဖွဲ့အနေနဲ့လူအင် အားအလွန်များသောကြောင့်လုံခြုံေ ရးအပြည့်အ၀မပေးနိုင်ကြောင်းသိရပါတယ်။ ပဲခူးတိုင်းဒေသကြီး စစ်ဖက်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှုးကြီးသက်ထွန်း မှယခုလက်တလောအကြမ်းဖက်မှုများတွ င် ပစ္စည်းဥစ္စာများအား တာဝန်မယူနိုင်ပါကြောင်းနှင့်
ပဋိပက္ခများသည် ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်တို့အကြား ဖြစ်ပွားသော ပြဿနာဟု မယူဆဘဲ ကြိုတင် စီစဉ်အကွက်ချပြီး လုပ်ဆောင်သော လူတစ်စု၏ ဆောင်ရွက်ချက် ဖြစ်ကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးမှ သဘောထားထုတ်ပြန်
Glass fragments lie on the floor of a mosque that was damaged during the riot in Meikhtila March 23, 2013. REUTERS/Soe Zeya Tun |
Wednesday, 27 March 2013
ယခုရက်ပိုင်းများအတွင်း ဖြစ်ပေါ်နေသော ပဋိပက္ခများသည် ဗုဒ္ဓဘာသာဝင်များနှင့်
အစ္စလာမ်ဘာသာဝင်တို့အကြား ဖြစ်ပွားသော ပြဿနာဟု မယူဆဘဲ ကြိုတင်
စီစဉ်အကွက်ချပြီး လုပ်ဆောင်သော လူတစ်စု၏ ဆောင်ရွက်ချက် ဖြစ်ကြောင်း
မြန်မာနိုင်ငံလုံး ဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးမှ မတ်လ ၂၆ ရက်နေ့
ရက်စွဲဖြင့် သဘောထား ကြေညာချက် (၂/၂၀၁၃) ကို ထုတ်ပြန်ခဲ့ပါသည်။
မင်းလှမြို့ အကြမ်းဖက်ဖျက်ဆီးမှု နောက်ဆက်တွဲသတင်း ၂၇.၃.၂၀၁၃ (၆း၃၀ နာရီ)
မင်းလှမြို့ရှိ ဗလီနှင့် မွတ်စလင်မ်အိမ်များအား အကြမ်းဖက်သမားများက ယနေ့ နေ့လည်ပိုင်းမှာ အကြမ်း
ဖက် ဖျက်ဆီးကြပြီးနောက် နောက်ဆက်တွဲ ရရှိသည့် သတင်းဖြစ်သည်။ စဖြစ်ဖြစ်ချင်းတုန်းက တိုင်ရာကျော်
လို့ခေါ်တဲ့ ကျူလီယာဗလီကို စဖျက်တယ်။ မင်းလှမှာ ရှိတဲ့ ဗလီ(၃)လုံးရှိတာ အကုန်လုံးကို ဖျက်ဆီးလိုက်ပြီ။ ဟင်ဒွန္နစတာနီဗလီရယ်၊ ဘင်္ဂါလီဗလီရယ်ရော ဖျက်ဆီးခံလိုက်ရပြီ။
တပ်မတော်နေ့ ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်မည့် အနုပညာရှင်များ
27.3.2013
မတ်လ ၂၇ ရက်နေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်သော တပ်မတော်နေ့ ဂုဏ်ပြု
ညစာစားပွဲသို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနာယက ပန်းချီ
စိုးမိုး၊ ဥက္ကဌ ဦးဇင်ဝိုင်း၊ ဒုဥက္ကဌ ဦးလူမင်းတို့နှင့်အတူ သရုပ်ဆောင်များ
ဖြစ်ကြသည့် ဝေဠုကျော်၊ စိုးရန်အောင်၊ စိုးမြတ်သူဇာ၊ အိန္ဒြာကျော်ဇင် တို့တတ်ရောက်ကြ
မည်ဖြစ်ကြောင်းသတင်းရရှိပါသည်။
27.3.2013
မတ်လ ၂၇ ရက်နေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်သော တပ်မတော်နေ့ ဂုဏ်ပြု
ညစာစားပွဲသို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနာယက ပန်းချီ
စိုးမိုး၊ ဥက္ကဌ ဦးဇင်ဝိုင်း၊ ဒုဥက္ကဌ ဦးလူမင်းတို့နှင့်အတူ သရုပ်ဆောင်များ
ဖြစ်ကြသည့် ဝေဠုကျော်၊ စိုးရန်အောင်၊ စိုးမြတ်သူဇာ၊ အိန္ဒြာကျော်ဇင် တို့တတ်ရောက်ကြ
မည်ဖြစ်ကြောင်းသတင်းရရှိပါသည်။
မင်းလှတွင် ဆူပူ ဖျက်ဆီးမှု ရဲတပ်ဖွဲ့ မထိန်းနိုင်
ပဲခူးတိုင်း မင်းလှမြို့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော်လည်း ယနေ့ နေလည်အချိန်တွင် ဗလီ ၃ လုံးနှင့် မွတ်စလင်တို့၏ နေအိမ်များကို လူရာဂဏန်းခန့်က ဖျက်ဆီးနေကြောင်း သတင်းရရှိသည်။ရဲတပ်ဖွဲ့ဝင်များက သေနတ်များဖြင့်မိုးပေါ် ထောင်ဖောက် ခြောက်လှန်သော်လည်း လူစုကွဲခြင်း မရှိကြောင်း သိရသည်။
ရန်ကုန်တိုင်း ဒေသကြီး အလုံမြို့နယ် အတွင်းရှိ ထော်လီကွေ့က ယာဉ်တိုက်မှု စုံစမ်းရ ခက်ခဲနေ
ရန်ကုန်၊ မတ် ၂၇။
ရန်ကုန်တိုင်း ဒေသကြီး အလုံမြို့နယ် အတွင်းရှိထော်လီကွေ့ အနီးတွင်လွန်ခဲ့သော မတ်လ ၁၇ ရက်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုနေသည့်ကျောင်းသားနှစ်ဦးအား ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ယင်းအမှုသည်လက်ရှိတွင်စုံစမ်းရ ခက်ခဲနေကြောင်း ယင်းအမှုကို ကိုင်တွယ်သူ အလုံမြို့တပ်ဖွဲ့စု ၂၄ မှ ဒုရဲအုပ် ကိုအောင်မြင့်ထွန်းထံမှ သိရသည်။
ကြိုတင်ကြံစည်ခဲ့တဲ့ အကြမ်းဖက်မှုတွေဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာနမ်ဘီယားပြော
မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့
အကြမ်းဖက်မှုတွေဟာ အစီအစဉ်ရှိရှိနဲ့ စနစ်တကျ ကျွမ်းကျွမ်းကျင်ကျင်
ကျူးလွန်
သွားခဲ့တာဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာ Vijay Nambiar က ပြောလိုက်ပါတယ်။ ထိုင်းနိုင်ငံ ကုလသမဂ္ဂ ဌာနချုပ်မှာ သတင်းထောက်တွေကို ပြောကြားခဲ့
တာပါ။
သွားခဲ့တာဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာ Vijay Nambiar က ပြောလိုက်ပါတယ်။ ထိုင်းနိုင်ငံ ကုလသမဂ္ဂ ဌာနချုပ်မှာ သတင်းထောက်တွေကို ပြောကြားခဲ့
တာပါ။
နတ်တလင်းမြို့နယ်တွင် ကောလဟာလများကြောင့် ရဲနှင့်တပ်တို့ ရွှေ့လျား လုံခြုံရေးယူနေရ
ဗုဒ္ဓဟူးနေ့၊ မတ်လ ၂၇ ရက် ၂၀၁၃ ခုနှစ်
နတ်တလင်းမြို့နယ်တွင်အဓိကရုဏ်းဖြစ်စေမည့်ကောလဟာလများကြောင့်ရဲလုံခြုံရေးများနှင့် စစ်တပ်တို့မှ ရွှေ့လျား လုံခြုံရေးယူနေရကြောင်း နတ်တလင်းမြို့နယ် ရဲစခန်းမှ သိရသည်။ထိုသို့ လုံခြုံရေးယူရခြင်းမှာ မီးရှု့မည်ဟု သတင်းများ ထွက်ပေါ်နေခြင်းကြောင့် ဖြစ်ကြောင်း နတ်တလင်း မြို့နယ်ရဲစခန်းမှ ဒုရဲအုပ်တဦးက ပြောသည်။
ပဲခူးတိုင်း ဒေသကြီး အနောက်ဘက်ခြမ်းရှိ အုတ်ဖို့မြို့ရှိ အစ္စလာမ် ဘာသာဝင်များ၏ နေအိမ်၊ ဆိုင်ခန်းများ ယနေ့နေ့လည်ပိုင်းကဖျက်ဆီးခံရ( မတ်လ ၂၇ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်)
ပဲခူးတိုင်း ဒေသကြီး အနောက်ဘက်ခြမ်းရှိ အုတ်ဖို့မြို့လယ်တွင် ရှိသော အစ္စလာမ် ဘာသာဝင်များ၏ နေအိမ်၊ ဆိုင်ခန်းများကို အင်အား(၄၀၀) ခန့်ရှိသော လူတစ်စုက ၀င်ရောက် ဖျက်ဆီးခြင်းများ လုပ်ဆောင်ခြင်းကို လုံခြုံရေး တာဝန်ရှိသူများက ပစ်မိန့်ပေး ဖြိုခွင်းခဲ့သောကြောင့် လူစု ကွဲသွားကြောင်း အုတ်ဖိုမြို့သို့ ရောက်ရှိနေသော Eleven Media Group သတင်းထောက်က ပြောပါသည်။ အဆိုပါ လူစု၏ ဖျက်ဆီးမှုကြောင့် ဗလီ တစ်လုံးနှင့် နေအိမ်သုံးလုံး ပျက်စီးသွားကြောင်း သိရသည်။
နတ္တလင်းမြို့ပေါ်သို့တုတ်၊ ဓား လက်နက် ကိုင်ဆောင်ဝင်ရောက်လာသူများကို လုံခြုံရေး အဖွဲ့မှတားဆီးလိုက်ရ
နတ္တလင်းမြို့ပေါ်သို့ ကျေးရွာအချို့မှ တက်လာသည့် လူတစ်စုအား မြို့အ၀င်တွင် လုံခြုံရေး အဖွဲ့မှ တားဆီးထားကြောင်း မတ်လ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၀ မိနစ် ၀န်းကျင်က သတင်းရရှိသည်။ နတ္တလင်းမြို့ အနီးအနားရှိ ကျေးရွာအချို့မှ လူစု၍ တုတ်၊ ဓား လက်နက် ကိုင်ဆောင်ကာ နတ္တလင်းမြို့ပေါ်သို့ တက်လာကြောင်း၊ လုံခြုံရေး အဖွဲ့မှ နတ္တလင်း အေးငြိမ်းသာ မြို့သစ်အ၀င်တွင် တားဆီးထားခြင်း ဖြစ်ကြောင်း သိရသည်။
" တပေါင်းလပြည့်နှင့် ပက်သက်၍ သိသင့်ဖွယ်များ "
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့အနေဖြင့် တပေါင်းလပြည့်နေ့နှင့် ပက်သက်၍ သာသနာသမိုင်းဆိုင်ရာ အဖြစ်အပျက်များ၊ ဗုဒ္ဓ၀င် အကြောင်းအရာများ
များပြားစွာ ရှိခဲ့သလို ယနေ့အချိန်အထိလည်း ရှိနေဆဲဟုပင် ဆိုရပါမည်။
အဘယ့်ကြောင့် ဆိုသော် မြန်မာပြည် အထက်ပိုင်း အောက်ပိုင်း အပါအ၀င်
တနိုင်ငံလုံးတွင် မအေးလွန်း မပူလွန်းသော တပေါင်းလပြည့် နေ့၌ ဘုရားပွဲ၊
အလှူပွဲ၊ ထီးတော်တင်ပွဲ၊ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ၊ ဓမ္မပူဇာတရားပွဲ၊ ၀ိပဿနာ
ဆယ်ရက်တရားစခန်းပွဲ စသည်ဖြင့်
သီလ၀ါ အထူးစီးပွားရေးဇုန်တွင် ဂျပန်အကူအညီဖြင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ နှစ်နိုင်ငံ သဘောတူညီမှုဖြင့် ဆိပ်ကမ်းဆောက်လုပ်မည်
သီလ၀ါ အထူးစီးပွားရေးဇုန်ရှိ မြန်မာအစိုးရ ဆောက်လုပ်ထားသော သီလ၀ါဆိပ်ကမ်း အနီးဝန်းကျင်ကို တွေ့ရစဉ်
Wednesday, 27 March 2013
သီလ၀ါအထူးစီးပွားရေးဇုန်တွင်ဂျပန်နိုင်ငံ၏အကူအညီဖြင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှဆိပ်ကမ်း ဆောက်
လုပ်ရန် နှစ်နိုင်ငံသဘောတူလက်မှတ်ရေးထိုး
သွားမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှဦးဆောင်
ညွှန်ကြားရေးမှူး
ဦးချိုသန်းမောင်က ပြောသည်။
|
Wednesday, 27 March 2013
သီလ၀ါအထူးစီးပွားရေးဇုန်တွင်ဂျပန်နိုင်ငံ၏အကူအညီဖြင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှဆိပ်ကမ်း ဆောက်
လုပ်ရန် နှစ်နိုင်ငံသဘောတူလက်မှတ်ရေးထိုး
သွားမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှဦးဆောင်
ညွှန်ကြားရေးမှူး
ဦးချိုသန်းမောင်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆူပူမှုဖြစ်စေရန် လှုံ့ဆော်သူများကိုဖမ်းဆီအရေးယူတော့မည်
ရန်ကုန်တိုင်းဒေသကြီးအတွင်းဆူပူမှုဖြစ်စေရန် လှုံ့ဆော်သွေးထိုးသူများနှင့် ကောလဟလ ဖြန့်ချိနေသူများအား ရှာဖွေဖော်ထုတ်မှုဖြင့် ဖမ်းဆီးအရေးယူ မှုကို ပြုလုပ်တော့မည်ဟု တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ “ဟိုနေရာတွေမှာ ဒီနေရာတွေမှာ ဆူပူမှုဖြစ်နေတယ်ဆိုပြီး မဖြစ်ဘဲနဲ့ ၀ါဒဖြန့်ချိသူတွေကို ရှာဖွေဖမ်းဆီးဖော်ထုတ်မှပဲ ဖြစ်တော့မယ်၊
၆၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် မြန်မာ့တပ်မတော်မှ စစ်လက်နက်ပစ္စည်းများကို ပထမဆုံးအကြိမ် ပြသ
မတ်လ
၂၇ ရက်နေ့ နံနက်ပိုင်းတွင် ၆၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကို
နေပြည်တော်တွင် ကျင်း
ပပြုလုပ်ခဲ့ပါသည်။ ထိုအခမ်းအနားတွင်
စစ်လက်နက်ပစ္စည်းများကို ပထမဆုံးအကြိမ် ပြသခဲ့သည်။ အခမ်း
အနားသို့ တပ်မတော်
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
တက်ရောက်မိန့်ခွန်းပြောကြား
ခြဲ့ ပီး
အဆိုပါမိန့်ခွန်းတွင် တပ်မတော်အနေဖြင့် ဒို့တာဝန်အရေးသုံးပါးနှင့်
ရန်ကုန်မြို့တွင်လည်း အကြမ်းဖက်အဖွဲ့ နေရာအနှံ လူခွဲပြီး အကြမ်းဖက်မှုများပြုလုပ်ရန် ကြိုးပမ်းနေ
ရန်ကုန် ၂၇ရက် နံနက် ၁း၀၀
Light Truck ၃ စီး နှင့် ၁၄ ပေ ဒိုင် နာ ကား ၂ စီး ဗိုလ် တစ် ထောင် ဘု ရား လမ်း အတိုင်း ဗိုလ် တစ် ထောင် ဘု ရား ဘက် သို့ ဥိး တည် တန်း စီ ပြီး မောင်း နှင် သွား ကြောင်း သတင်း ရ ရှိ ပါ သည် ။
နတ်တလင်းမြို့တွင်ဗလီနှင့် နေအိမ်အချို့ပျက်စီး
နတ်တလင်း၊ မတ် ၂၇။
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့၌ ယခုနံနက် တစ်နာရီထိုးအချိန်ခန့်တွင် မြို့တွင်းစာတိုက် လမ်းမ
ပေါ်ရှိ ဗလီတစ်လုံးနှင့် နေအိမ်၃လုံး ပျက်စီးသွားကြောင်း မြို့ခံတစ်ဦးက မြန်မာ့ခေတ်သို့ ပြောကြားသည်။
“လူတွေကတော့ တစ်ယောက်မှ မရှိတော့ဘူး။ နေ့ခင်းကတည်း ထွက်သွားကြတယ်။” ဟု ဆက်လက်ပြော
ကြားသည်။
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့၌ ယခုနံနက် တစ်နာရီထိုးအချိန်ခန့်တွင် မြို့တွင်းစာတိုက် လမ်းမ
ပေါ်ရှိ ဗလီတစ်လုံးနှင့် နေအိမ်၃လုံး ပျက်စီးသွားကြောင်း မြို့ခံတစ်ဦးက မြန်မာ့ခေတ်သို့ ပြောကြားသည်။
“လူတွေကတော့ တစ်ယောက်မှ မရှိတော့ဘူး။ နေ့ခင်းကတည်း ထွက်သွားကြတယ်။” ဟု ဆက်လက်ပြော
ကြားသည်။
`သင်္ဃန်းကျွန်းမြို့နယ်တွင် အကြမ်းဖက်မှု လှုံ့ဆော်ရေးသမားအား ရပ်ကွက်အတွင်းနေ မွတ်စလင်မ်များမှ ၀ိုင်းဝန်းဖမ်းဆီး၍ သက်ဆိုင်ရာသို့အပ်´
ယနေ့ည(၁၀)နာရီခွဲလောက်အချိန်ကရန်ကုန်တိုင်းဒေသကြီးသင်္ဃန်းကျွန်းမြို့နယ်အတွင်း၌ ဆူပူမှုဖြစ်စေရန် လူ (၃) ဦးမှ
လာရောက်လှုံ့ဆော်သွားကြောင်း သတင်းရရှိပါတယ်။`(၁၀)နာရီခွဲလောက်ကပါ။ သင်္ဃန်းကျွန်း၊ ဇာဝေယာ ဈေးလမ်းကြားမှာ လာအော်ပါတယ်။
ကုလားတွေကို မျိုးဖြုတ်ပစ်မယ်လို့ အော်သံတော့ ကြားလိုက်ပါတယ်။
ကြားကြားချင်း ရပ်ကွက်က မွတ်စလင်မ်တွေက သုံးယောက်ကို တွေ့လို့
ဝိုင်းဖမ်းကြပါတယ်။ နှစ်ယောက်က လွတ်သွားပါတယ်။ ဖိနပ်တွေဘာတွေတော့
ကျန်ခဲ့ပါတယ်။
Subscribe to:
Posts (Atom)