Wednesday, May 30, 2012
လမ်းမတော်တွင် မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ အမျိုးသမီးတစ်ဦး မီးလောင်သေဆုံး

ယနေ့ ၁၂ နာရီကျော်ခန့်က လမ်းမတော်မြိုနယ်၌ မီးလောင်မှုဖြစ်ပွား၍ သေဆုံးခဲ့သည့် အသက်(၁၇)နှစ်အရွယ် မိန်းကလေးဦးခေါင်းတွင် ပြတ်ရှဒဏ်ရာ သုံးခုတွေရှိရကြောင်း မူခင်းရဲတပ်ဖွဲ့ မှသိရသည်။
ထို့အပြင် ၎င်းသေဆုံးသည့် နေရာတ၀ိုက်တွင်သာ မီးလောင်မှုဖြစ်ပွားသည်ကို တွေ့ရှိရ၍ ဓမ္မတာအတိုင်း မီးလောင်သေဆုံးခြင်း မဟုတ်ဟု ယူဆကာ ဆက်လက်စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သိရသည်။
သေဆုံးသူမှာ ၎င်း၏ မိခင်၊ အကိုဖြစ်သူနှစ်ဦးနှင့် အတူနေထိုင်ကြောင်း သိရသည်။
Popular Myanmar News Journal
လမ်းမတော်တွင် မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ အမျိုးသမီးတစ်ဦး မီးလောင်သေဆုံးကြောင်းသိရသည်။
မေလ(၃၀)ရက်နေ့ နံနက် ၁၂ နာရီ ၄၅ ခန့်က ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ၇ လမ်း၊ အမှတ်(၇၆) သုံးလွှာ ညာဖက်ခြမ်း အခန်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ၊ အခြေခံပညာအထက်တန်းဖြေဆိုထားသည့် အသက်(၁၇)နှစ်အရွယ် မိန်းကလေးတစ်ဦး မီးလောင်သေဆုံးခဲ့ခြင်းဖြစ်သည်။
မီးလောင်မှုဖြစ်ပွားချိန်ဝယ် အဆိုပါအခန်းတွင် ယင်းအမျိုးသမီးငယ်တစ်ဦးသာ ရှိနေပြီး၊ ကျန်အိမ်သားများမှာ စေးသို့သွားနေကြခြင်းဖြစ်သည်။ မီးသတ်တပ်ဖွဲ့ဝင်များ မီးငြိမ်းသတ်ရာတွင် တိုင်းဦးစီးမှူးနှင့် မီးသတ်ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

Popular Myanmar News
ကိုလတ်(ပန်ဘဲတန်း)အလုပ်သမများကို ကိုယ်ထိ လက်ရောက် ကျူးလွန်သူ ထိုင်ဝမ် နိုင်ငံသားအား ဖမ်းဆီး အရေးယူ
အလုပ်သမများကို ကိုယ်ထိ လက်ရောက် ကျူးလွန်သူ ထိုင်ဝမ် နိုင်ငံသားအား ဖမ်းဆီး အရေးယူ
တိုးမြတ်အောင် ဇာထိုးပန်းထိုး စက်ရုံမှ လုပ်ခလစာ တိုးမြှင့်ပေးရေး တောင်း ဆိုသည့် အမျိုးသမီး သုံးဦးအား ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သူ ထိုင်ဝမ်နိုင်ငံ သားအား လှိုင်သာယာ ရဲစခန်းမှ ဖမ်းဆီး အရေးယူကာ စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။
တိုးမြတ်အောင် ဇာထိုးပန်း ထိုးစက်ရုံမှ အလုပ်သမဖြစ်သူ မမြင့်မြင့်အေး၊ မဖြူနှင်းနှင့် မစိုးစိုးသန်းတို့ သုံးဦးသည် မေ ၂၃ ရက်က စက်ရုံ ကြိုပို့ယာဉ် ဖြင့် ထန်းတပင် မြို့နယ်၊ စန္ဒယော် ကျေးရွာ ကားမှတ်တိုင်မှ စီးလာရာ လှိုင်သာယာမြို့နယ် မီးခွက်ဈေးမှတ်တိုင် အရောက် ကားရပ်၍ ကားပေါ်မှ ဆင်းရန် ပြင်ဆင် နေစဉ် ကားမှတ်တိုင် ၌ ကြိုစောင့်ဆိုင်းနေသည့် ၄င်းစက်ရုံမှ ထိုင်ဝမ်နိုင်ငံသား အထည်ချုပ် ကျွမ်းကျင် ပညာရှင် Mr.Chang Shin Chang မှ မဆင်းရန် တားမြစ်ခဲ့ရာမှ တစ်ယောက်တစ်ခွန်း စကားများ ခဲ့ကြောင်း သိရ သည်။
ထို့နောက် အဆိုပါ ထိုင်ဝမ် နိုင်ငံသားက မမြင့်မြင့်အေး၏ ရင်ဘတ်အား ဆောင့်တွန်းပြီး ခါးမှကိုင်ကာ ဆွဲဆောင့်ခဲ့သည့် အပြင် ကားပေါ်မှ ဆင်းရန် ပြင်နေသူ မဖြူနှင်း ၏ ရင်ဘတ်အား ဆောင့်တွန်းခဲ့သည့် အတွက် မဖြူနှင်းမှာ ကားပေါ်၌ လဲကျ သွားခဲ့ကြောင်း၊ ၄င်းအပြင် ထိုသို့ မပြုလုပ်ရန် ပြောဆိုသည့် မစိုးစိုးသန်း အားထပ်မံ၍ ပါးရိုက် ခဲ့ကြောင်း ကာယကံရှင် မမြင့်မြင့်အေးက ပြော သည်။
''ကျွန်မတို့က လုပ်ခလစာ တိုးမြှင့်ပေးဖို့ တောင်းဆိုဖို့ လာတာ ကို သိလို့ အဲဒီတရုတ်က ကျွန်မတို့ ကိုလာတားတာ။ ကျွန်မတို့ ဆင်းမယ့် အပေါက်ကို ပိတ်ပြီးနင် တို့ အောက်ကို မဆင်းရဘူး ဆိုပြီးပြောတယ်။ ဒါနဲ့ စကားများကြရင်း ကျွန်မကို ဆောင့်တွန်းလိုက်တာ အင်္ကျီ စုတ်ပြဲသွားတဲ့ အပြင် မစိုးသန်း ကိုလည်း ပါးရိုက် တယ်။ နောက် တော့ ကားပေါ်က လူတွေနဲ့ ကား မှတ်တိုင်က လူတွေ ဝိုင်းဆွဲလို့ ထွက်သွားတာ'' ဟု ၄င်းက ဆိုသည်။
ထို့နောက်၎င်းတို့မှ အလုပ် သမား အဖွဲ့ခေါင်းဆောင် များအား ပြောကြား အသိပေး၍ လှိုင်သာယာ ရဲစခန်း၌ သွားရောက် တိုင်ကြား အမှု ဖွင့်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ တိုင်ကြားမှု အပေါ် လှိုင်သာယာ ရဲစခန်းမှ ထိုင်ဝမ် နိုင်ငံသား Mr.Chang Shin Chang (ပတ်စ်ပို့ အမှတ် ၂၁၁၇၂၈၂၅၉) ဗီဇာအမှတ် (၁၅ဝ၄၁၆၉) အား ခေါ်ယူ စစ် ဆေးခဲ့ရာ ၄င်းသည် အဆိုပါ စက်ရုံ၌ အထည် ချုပ် ကျွမ်းကျင်ပညာရှင် တစ်ဦးအဖြစ် လာ ရောက် အလုပ်လုပ်ကိုင်ခြင်း ဖြစ်ပြီး အဆိုပါနေ့က လုပ်ခလစာ တိုးမြှင့်ပေးရေး အတွက် တောင်းဆိုရန် လာသည့် အလုပ်သမ သုံးဦးနှင့် စကားများ ရန်ဖြစ်ခဲ့သည်ဟု ပြောကြားခဲ့ သည့် အတွက် (ပ) ၅၄၁/၁၂၊ ပုဒ်မ ၃၅၄/၃၂၃ ဖြင့် ဖမ်းဆီး အရေးယူ ထားကြောင်း သိရသည်။

စက်ရုံတစ်ခုမှ ၀န်ထမ်းများ သန့်စင်ခန်းသွားပါက အခကြေးငွေပေးကြရ

လှိုင်သာယာမြို့နယ်ရှိ နာမည်ကြီး အီလက်ထရွန်းနစ်ပစ္စည်းထုတ်လုပ်ရေးစက်ရုံတစ်ခုမှ ၀န်ထမ်းများ သန့်စင်ခန်းသွားပါက အခကြေးငွေပေးကြရကြောင်းသိရသည်။
အဆိုပါ အီလက်ထရွန်းနစ်စက်ရုံမှ ၀န်ထမ်း သုံးပုံတစ်ပုံခန့်သည် မေ(၂၉)မှ စ၍ ဆန္ဒဖော်ထုတ်ခြင်းများပြုလုပ်လျက်ရှိကြပြီး၊ ၄င်းတို့အတွက် လိုအပ်နေသည့် အချက်(၁၀)ချက်ကို အလုပ်ရှင်ထံမှ တောင်းဆိုနေကြခြင်းဖြစ်သည်။
ယင်းတောင်းဆိုချက်(၁၀)ချက်တွင် အခြေခံလစာတိုးမြှင့်ပေးရေး၊ နှစ်တိုးလစာ ခွင့်ပြုပေးရေးနှင့် အလုပ်ချိန်အတွင့် သန့်စင်ခန်းအသုံးပြုမှုကို အခကြေးငွေမဖြတ်တောက်ရေးတို့ပါဝင်ကြောင်းအလုပ်သမားအဖွဲ့ခေါင်းဆောင်များထံမှသိရသည်။
အလုပ်ချိန်အတွင်း သန့်စင်ခန်းသွားပါက သန့်စင်ခန်းသော့ကိုင် စာရေးမထံတွင်ခွင့်ပြုချက်တောင်း၍သွားရပြီး ခွင့်ပြုချက်ဖြင့် သွားပါက တစ်ကြိမ်လျှင် တစ်ဆယ်ကျပ်နှုန်းပေးရပြီ၊ ခွင့်ပြုချက်ရယူခြင်းမရှိဘဲ သွားလျှင်မူ တစ်ကြိမ်လျှင် တစ်ရာကျပ်ပေးဆောင်ရကြောင်းသိရသည်။

အသက် ၆၀ အရွယ် အမျိုးသမီးကို တပ်သားက အဓမ္မပြုရန်ကြိုးစား

မေလ ၃၀၊ ၂၀၁၂ ၊ (YPI)
ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု နောင်ပါတ်ကျေးရွာမှ အသက်(၆၀)နှစ် အမျိုးသမီး တစ်ဦးကို မေလ ၂၂ရက်နေ့တွင် ဆီဆိုင်မြို့ မြေခံတပ်ရင်း ခမရ ၄၂၄ တပ်သားတစ်ဦးက အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့ကြောင်း သိရှိရသည်။
ယခုလလ ၂၂ ရက်နေ့ ညနေ ၄း၃၀ နာရီက အသက် ၆၀ အရွယ်ရှိအမျိုးသမီးသည် ရွာနဘေး ခြံကွက်တွင် အလုပ်လုပ်နေချိန် ခမရ ၄၂၄ မှ တပ်သား ထန်မြတ်ခိုင် အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့သည်ဟု ပြုကျင့်ခံရသူက YPI သို့ပြောသည်။
၎င်းက “အဖွားကိုရေချိုးလို့ရတဲ့ နေရာကို မေးတယ် ပြီးတော့ စစ်သားက ဆင်းသွားလိုက်တယ်၊ အဖွားကသူသွားပြီထင်တာ၊ ထင်လဲမထင်ထားဘူး အလုပ်ပဲဆက်လုပ်တယ် ခဏတော့ ဆတ်ခနဲ အဖွားအနောက်ဘက်ကနေ ဖက်ပြီး တွန်းလှဲတယ်” ဟု ၎င်းက အဖြစ်အပျက်ကို ပြန်ပြောပြသည်။
“အဖွားက အရမ်းကြောက်တော့ နပန်းလုံးတာ ဘယ်လောက်ကြာတာတောင်မသိတော့ဘူး အဖွားက မှောက်လျက် စစ်သားက အပေါ်က၊ သူ့ရဲ့ငယ်ပါကို အဖွားက ဆွဲပြီးညှစ်တယ် ပြီးတော့ သူက လွယ်အိတ်ထဲကနေ ဓါးထုတ်ပြီး အပေါ်ကနေ အဖွားကိုထိုးချတယ်” ဟု၎င်းအမျိုးသမီးက ဆက်လက်ပြောပြသည်။
ယင်း တပ်သားမှာ အမျိုးသမီး၏ နဖူးမှ သွေးထွက်သွားခါမှ ထွက်ပြေးသွားသည် ဟု ၎င်းကပြောပြသည်။ ခေါင်းတွင်သွေးထွက်လျှက်အိမ်ပြန်ပြီး ဖြစ်စဉ်ကို သားသမီးများအား ပြောပြသည့်အခါတွင် ရွာသူကြီးနှင့် တခြားတပ်သားများက ထန်မြတ်ခိုင်ကို လိုက်လံဖမ်းဆီးရာ ၎င်းက ဓါးဖြင့်ပြန်လည်ခုခံခဲ့သည်ဟု သိရသည်။
ကျူးလွန်သူဟု ယူဆသူ ထန်မြတ်ခိုင်မှာ မလွတ်မြောက်နိုင်တော့မှန်းသိသဖြင့် မိမိကိုယ်ကိုဓားဖြင့် ဟန်ဆောင်ထိုးပြီး ပစ်လဲသည့်နောက်တွင် ဖမ်းဆီးနိုင်ခဲ့သည် ဟုရွာသားများကပြောသည်။
အနိုင်ကျင့်ခံရသူအမျိုးသမီးအား ရွာသားများကဆီဆိုင်မြို့ပြည့်သူ့ဆေးရုံသို့ ညနေ ၇း၀၀ နာရီခန့်တွင် ပို့ဆောင်ပေးခဲ့သည်။ တပ်သား ထန်မြတ်ခိုင်ကိုလည်း ရွာသားများက ဆီဆိုင်မြို့ပြည်သူ့ဆေးရုံကိုပို့ရာ နောက်နေ့နက်တွင် တပ်ရင်းက ပြန်လည်ခေါ်ဆောင်သွားပြီး ယခုအောင်ပန်း ကုတင် ခုနှစ်ရာ ဆေးရုံတွင် တက်ရောက် ကုသမှုခံယူနေသည်ဟု သိရသည်။
ကာယကံရှင်အမျိုးသမီးက ယခုအဖြစ်အပျက်ကို ဆီဆိုင်မြို့နယ် ပြည်နယ်လွတ်တော်အမတ် ဦးခွန်လှသိန်းတို့ကိုတိုင်ကြားထားသည်ဟု YPI သို့ပြောသည်။ စစ်တပ်မှ ဆေးကုသစရိတ် ကျပ်ငွေတစ်သိန်းခွဲပေးသည်ဟုသိရသည်။
“ အဖွားလည်း တရားမရင်ဆိုင်တော့ပါဘူး ရင်ဆိုင်ရင် ငွေလည်းမရှိဘူး အလုပ်လည်းပျက်အုံးမယ် အဲတော့ရှေ့ရေးအတွက်တွေးပြီး ဒီလိုပဲကျေအေးပေးရတယ်” ဟု၎င်းက ပြောသည်။
နောင်ပတ်ကျေးရွာသည် ဆီဆိုင်မြို့မှ ငါးမိုင်ခန့်တွင်ကွာဝေးသည်။ အမဲရောင် နယ်မြေဖြစ်၍ စစ်တပ် သွားလာလှုပ်ရှားမှု အမြဲရှိသည့် ကျေးရွာတရွာဖြစ်သည်။ ။

ပလွေရိုး ခန္ဓာကိုယ် များအတွက် ဖြည့်စွက် အားဆေး

29 MAY 2012 | BY HEALTH DIGEST
သာမန်အားဖြင့် လူတစ်ယောက် ဟာ အစားအသောက်များမှ လိုအပ် သော အာဟာ ရဓာတ်၊ ဗီတာမင်နှင့် သတ္တုဓာတ် များကို ရရှိနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်အလေး ချိန်တိုး၊ကြွက်သားတွေထွက်ပြီး ထောင် ထောင်
မောင်းမောင်းဖြစ်လာအောင် ကြိုးစားနေတဲ့ ပိန်ပိန်ညှောင်ညှောင် ကိုပလွေရိုးများအနေနဲ့ အာဟာရ ဓာတ်ကို အစားအသောက် များမှတင် မကဘဲ ဖြည့်စွက်အားဆေးများရဲ့ အကူအညီကို ရယူရပါမယ်။
ကယ် လိုရီနဲ့ပရိုတင်း စားသုံးမှုကို မြှင့်တင်ဖို့ အတွက် ပရိုတင်းပေါင်ဒါတွေဟာ အရေးကြီးပါတယ်။ အစာအိမ် နဲ့အူ လမ်းကြောင်းကို မသက်မသာဖြစ်စေ မှုကို မခံနိုင်ဘူး ဆိုရင်တော့ ပရိုတင်း ပေါင်ဒါကို ရွေးချယ်တဲ့အခါ ပဲပုပ်၊ ပြောင်းဖူး၊ အချိုဓာတ်အတွက် ထပ် ဖြည့်ပစ္စည်းများမပါဝင်တဲ့ ပရိုတင်း ပေါင်ဒါကို ရွေးချယ်ပါ။
အစာကြေ စေတဲ့ပစ္စည်းများပါဝင်တဲ့ ပရိုတင်း ပေါင်ဒါကိုလည်းရွေးချယ်နိုင်ပါတယ်။ အခြားဖြည့်စွက်ဆေးဝါးများက တော့-(၁) Creatine (၂) Carnitine (၃) Citrulline (၄)Beta- Alanine ဖြည့်စွက်အားဆေးတို့ပဲ ဖြစ်ပါတယ်။
ဆရာဝန် သို့မဟုတ် အာဟာရပညာရှင်နှင့်တိုင်ပင်ပြီး ဆေး ညွှန်းအတိုင်းသောက်သုံးရမှာ ဖြစ်ပါ တယ်။ဒါပေမယ့်အထက်ပါဆေးဝါးတွေ ဟာ ကာယလေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့် အလေးမခြင်းတို့ကို အစားမထိုးနိုင် ပါဘူး။ အထောက်အကူသာ ပြုပေး နငို ပ်ါတယ။်

ဇင်မာမြင့် Ref:Yahoo
ကိုလတ်(ပန်ဘဲတန်း) ဂေါက်ရောဂါသည်များ အတွက် အစားအစာများ
ဂေါက်ရောဂါသည်များ အတွက် အစားအစာများ
29 MAY 2012 | BY HEALTH DIGEST
Gout ရောဂါကို ခံစားနေရသူများ ဟာ ခံစားရသောဝေဒနာ များသက် သာစေရန် လူနေမှုစရိုက်များကို ပြောင်းလဲပေးခြင်းသည် အဓိကကျ ကြောင်း အရိုးအထူး ကုဆရာဝန် များ က အကြံပေးကြ ပါတယ်။
သန့်ရှင်း လတ်ဆတ်သော သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ၊ အဆီနည်း သော နို့ထွက်ပစ္စည်းများ၊ အစေ့ အဆန်များကို ညီညွတ်မျှတ စွာစား သောက်ခြင်းဖြင့် ဝေဒနာများကို သက်သာစေနိုင်ကြောင်း သိရပါ တယ်။ အရေးကြီးသည့် အချက်များမှာ ပြုပြင်စီမံထားသော အစားအစာနှင့် ဖျော်ရည်များတွင် ပါဝင်သော Fractose Corn syrup စား သောက်မှုပမာဏကို ကန့်သတ်ထားရ မှာဖြစ်ပါတယ်။
Purine ဒြပ်ပေါင်း ကြွယ်ဝသော အစား အစာများ၊ အနီရောင်အသားများ၊ ဘီယာနှင့် Shellfish စားသောက်ခြင်း ကိုလည်း အကန့်အသတ်နှင့်သာ စားသောက်ရ မှာဖြစ်ကြောင်း သိရပါတယ်။
ဇင်မာမြင့် Ref:UPI

Myanmar MNN News
ကိုလတ်(ပန်ဘဲတန်း) မိမိရဲ့ ဇနီး အခြားယောကျာ်း နောက်လိုက်၍ အမျိုးသားတစ်ဦး ပိုးသတ်ဆေးသောက် သေဆုံး
မိမိရဲ့ ဇနီး အခြားယောကျာ်း နောက်လိုက်၍ အမျိုးသားတစ်ဦး ပိုးသတ်ဆေးသောက် သေဆုံး
ရန်ကုန်တိုင်း ဒေသကြီး ရွှေ ပြည်သာမြို့နယ် အတွင်း၌ မိမိကိုယ် ကို ပိုးသတ်ဆေး သောက်၍ သေဆုံးမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ် ဧရာဝတီ ပတ်လမ်း၊၆/ ထုံးဖိုစု ရပ်ကွက်နေသူ လှိုင်ဘွား (၃၁) နှစ်သည်ဇနီးသည် ဖြစ်သူမှ
နောက်ယောကျာ်းနောက် လိုက်သွားသည်ကိုစိတ်ထိခိုက်ကာ ပိုးသတ်ဆေးများ သောက်သုံး ထားကြောင်း သိရှိရသဖြင့် ဆေးရုံသို့ပို့ ဆောင်ရာ ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်း၊ အလောင်း အား
စစ်ဆေးရာပြင်ပ ဒဏ်ရာမတွေ့ ရှိဘဲသေဆုံးခြင်းဖြစ်ပြီးရွှေပြည်သာ ဆေးရုံမှ ပီအာရ်-၁၁ ဖြင့် လက်ခံထားရှိပြီး ဓမ္မတာအတိုင်း သေဆုံး ခြင်းဟုတ်/မဟုတ်စစ်ဆေးလျက်ရှိ ကြောင်း သိရသည်။
အမှုအား ရွှေ ပြည်သာရဲစခန်းမှ သေမှုသေခင်း အမှတ် ၉/၁၂ ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိသည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံတော်သမ္မတ၏ ကိုယ်ရေးအရာရှိကိုယ်တိုင် မဲစာရင်းထဲမပါ

မေလ ၂၉ ၊ ၂၀၁၂
ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ ကိုယ်ရေးအရာရှိ ဗိုလ်မှူးကြီး ကိုကိုကျော် နှင့်ဇနီးတို့ မဲစာရင်းတွင်မပါရှိသဖြင့် မဲမပေးခဲ့ရကြောင်း မေလ ၂၂ ရက်နေ့က နိုင်ငံရေးပါတီများနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တို့ တွေ့ဆုံရာတွင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။
“သမ္မတကြီးရဲ့ ကိုယ်ရေးအရာရှိနဲ့ ဇနီးက မဲမပေးရပဲ သားဖြစ်သူသာ မဲစာရင်းပါခဲ့လို့ မဲပေးခဲ့ရကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက နိုင်ငံရေးပါတီတွေကို ပြောကြားခဲ့တာပါ” ဟု အဆိုပါစည်းဝေးပွဲသို့ တက်ရောက်ခဲ့သည့် ပြည်သူ့ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာသန်းထိုက်ဦး က YPI သို့ပြောသည်။
အဆိုပါဖြစ်စဉ်ကို ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး ပြောပြရာတွင် နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်၏ ကိုယ်ရေးအရာရှိဖြစ်သူ ဗိုလ်မှူးကြီး ကိုကိုကျော် အား “ဘာလို့မဲပေးလို့ မရတာလဲလို့” မေးခဲ့ရာ ကိုယ်ရေးအရာရှိက “၎င်းနှင့်ဇနီးသည်တို့ မဲစာရင်းတွင်မပါဘဲ သားဖြစ်သူသာ မဲစာရင်းမှာပါသည့် အတွက် မဲမပေးခဲ့ရခြင်းဖြစ်သည်ဟု” ပြန်လည်ဖြေကြားခဲ့ကြောင်းကို ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက နိုင်ငံရေးပါတီများ ကိုပြောကြားခဲ့သည်။
ယခုလို အဖြစ်အပျက်များ ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင်ဖြစ်ပွားခဲ့၍ လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မဲစာရင်းများ မှန်ကန်အောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး က ကတိပြုပြောကြားခဲ့သည်ဟုလည်း ဒေါက်တာ သန်းထိုက်ဦးက ပြောပြသည်။
ယခုလ ၂၂ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ပြုလုပ်ခဲ့သည့် ၂၀၁၂ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲအပေါ် နိုင်ငံရေးပါတီများ ၏သုံးသပ်တင်ပြချက်များတွင် ကြားဖြတ်ရွေးကောက်ပွဲကာလက ပြည်သူအများဆုံး ကြုံတွေ့ရည့် အခက်အခဲဖြစ်သည့် မဲစာရင်း နှင့် ပတ်သက်သော ကိစ္စရပ်များ အဓိက တင်ပြဆွေးနွေးခဲ့ကြသည်။
ဧပြီလ ၁ ရက်နေ့တွင်ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ မဲစာရင်းကြေညာသည့်ကာလ နောက်ကျခြင်း၊ သတ်မှတ်ရက် တပါတ်တာအတွင်း မဲစာရင်းတွင် မပါသူအများအပြားကို သန်းကောင်စာရင်းနှင့် မှတ်ပုံတင်ယူလာခဲ့လျင် မဲပေးခွင့်ပေးမည်ဟု အောက်ခြေ အဆင့်ကော်မရှင်က ပြောဆိုခဲ့ခြင်း၊ မဲပေးသည့် နေ့တွင်ယူဆောင်လာသည့်အခါ မဲ ပေးခွင့်မရခဲ့သည့် အဖြစ်အပျက်များ အနှံ့အပြားဖြစ်ပွားခဲ့သည်။ ။
by:Yangon Press International
ကိုလတ်(ပန်ဘဲတန်း)

ကျောက်စိမ်းကုမ္ပဏီတွေ ဖားကန့်ဒေသက အမြန်ဆုံးထွက်ခိုင်း

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ကျောက်စိမ်း
တူးဖေါ်နေတဲ့ ကုမ္ပဏီတွေနဲ့ စက်ယန္တယားတွေကို အမြန်ဆုံးရုတ်သိမ်းဖို့
နေပြည်တော်က မေ ၂၃ ရက်က ညွှန်ကြားချက် ထုတ်တာကြောင့်
မေလကစပြီး ဖားကန့်ကနေ လူအတော်များများ ထွက်ခွာနေကြတယ်လို့
သိရပါတယ်။
(ဓာတ်ပုံ- zawmoehetet) |
တူးဖေါ်နေတဲ့ ကုမ္ပဏီတွေနဲ့ စက်ယန္တယားတွေကို အမြန်ဆုံးရုတ်သိမ်းဖို့
နေပြည်တော်က မေ ၂၃ ရက်က ညွှန်ကြားချက် ထုတ်တာကြောင့်
မေလကစပြီး ဖားကန့်ကနေ လူအတော်များများ ထွက်ခွာနေကြတယ်လို့
သိရပါတယ်။
ဗြိတိန်ကမ်းခြေတွင် ကလေးတစ်ဦအား အသက်စွန့်ကယ်တင်သွားသည့် သူရဲကောင်း

ဗြိတိန်နိုင်ငံရှိ အပန်းဖြေ ကမ်းခြေ တစ်ခုတွင် ကလေးငယ် တစ်ဦးအား စွန့်စွန့်စားစား ကယ်တင်ရင်း လူတစ်ဦး သေဆုံးသွားကြောင်း သိရှိရသည်။ အမည်အတိအကျ မသိရသေးသော အသက်(၃၂)နှစ်အရွယ် ပုဂ္ဂိုလ်သည် ကလေးငယ်တစ်ဦး ရော်ဘာ ဘုတ်ပြားဖြင့် လှိုင်းစီးရင်း ရုန်းကန်နေရသည်ကို သတိပြုမိပြီးနောက် ကယ်တင်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကိုယ်ကျိုးစွန့်သော သူရဲကောင်းဆန်ဆန် စိတ်ဓာတ်ရှိသူသည် ရေစီးကြောင်းများ ပြင်းထန်ကြောင်း အန္တရာယ်ရှိသည့် အလံနီ အချက်ပြ အမှတ်အသားကို တွေ့မြင်သော်လည်း ရေထဲသို့ ဒိုင်ဗင်ထိုးဆင်းကာ ကလေးငယ်ကို ကမ်းခြေဘက် တွန်းယူလာခဲ့သည်။
အသက်(၄)နှစ်အရွယ် ကလေးငယ်သည် ကမ်းခြေသို့ ချောချောမောမော၊ ဘေးကင်းကင်း
ပြန်ရောက်လာသော်လည်း ထိုသူမှာမူ ရေနစ် သေဆုံးခဲ့သည်။ အနောက်ဆက်ဆက်စ် ကမ်းခြေတွင် ဖြစ်ပွားသော သေဆုံးမှုတွင် ထိုသူသည် ကလေးကို ကမ်းခြေဘက် တွန်းပေးပြီးနောက် နှလုံးဖောက်ပြန်လာဟန် ရှိပြီး ရုတ်တရက် ရေနစ်သွားခြင်းဟု မျက်မြင်များက ဆိုသည်။
အဆိုပါ ပုဂ္ဂိုလ်သည် ကမ်းခြေနှင့် (၁၆)ပေမျှ အကွာတွင် ရေနစ်သွားခြင်း ဖြစ်သည်။ ကမ်းခြေစောင့် တပ်ဖွဲ့သည် ထိုနေရာသို့ အရေးပေါ် အနေအထားဖြင့် ရောက်ရှိသွားပြီး ထိုသူကို ဆယ်တင်ကာ ရှေးဦး သူနာပြုနည်းဖြင့် ကုသပေးခဲ့သည်။
ဆရာဝန် တစ်ဦးနှင့် သူနာပြုများသည်လည်း ရဟတ်ယာဉ်ဖြင့် သဲသောင်ပြင်ပေါ် ချက်ချင်း ရောက်လာခဲ့သည်။ ၎င်းတို့ အမျိုးစုံ ကြိုးစားသော်လည်း ဆာရေးမှ လာရောက်သည်ဟု ယူဆရသော အဆိုပါ ပုဂ္ဂိုလ်ကို မကယ်တင်နိုင်ခဲ့ချေ။ မျက်မြင်တစ်ဦးက "သူနာပြုတွေက သူ့အဆုတ်ထဲက ရေတွေကို မှုတ်ထုတ်ပစ်ခဲ့တယ်။
ပြောရရင် ရဟတ်ယာဉ် ဆိုက်လာချိန်ထိ ကမ်းခြေက လူတွေက အကောင်းမြင် မျှော်လင့်နေကြတာပါ။ ဒါပေမဲ့ ၀မ်းနည်းစရာ ကောင်းပါတယ်။ သူ့ကို မကယ်နိုင်ခဲ့ဘူး။ သူဟာ သူရဲကောင်း တစ်ယောက်လို သေသွားတာပါ"ဟု ပြောဆိုသွားသည်။
Source: MailOnSunday

Opera ကို Facebook က ဝယ်ယူမည်ဟု သတင်းများထွက်ပေါ်

ကမ္ဘာကျော် Social Media ၀က်ဘ်ဆိုက်ကြီးသည် ကိုယ်ပိုင် Browser တစ်ခု ဖန်တီးရန် ရည်ရွယ်ထားပြီး ယင်းအတွက် နာမည်ကြီး Browserလုပ်ငန်း Operaကို ၀ယ်ယူရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ နော်ဝေး အခြေစိုက် Softwareလုပ်ငန်းကြီး Operaကို Facebookက မျက်စိကျနေသည်။
Facebookသည် ခေတ်ဟောင်း ဓာတ်ပုံများသဖွယ် အလွယ်တကူ ပြောင်းလဲပေးနိုင်သည့် Instragramကိုလည်း ဒေါ်လာ (၁)ဘီလျံဖြင့် ၀ယ်ယူ သိမ်းပိုက်ထားပြီး ဖြစ်သည်။
Facebookသည် ကမ္ဘာပေါ်တွင် အင်တာနက် သုံးစွဲသူ အများစု၏ အခိုင်အမာ ထောက်ခံမှုကို ရရှိထားပြီးနောက် မိုဘိုင်းလ်ဖုန်း လောကတွင် ဦးလှည့်ရန်ပါ ကြိုးစားလာခဲ့သည်။ ထို့ကြောင့် Facebookအတွက် ကိုယ်ပိုင် Browserတစ်ခု ဖန်တီးနိုင်ရန် ရည်ရွယ်လာခြင်းဟု သိရသည်။
မာ့ခ်ဇူကာဘာ့ဂ် ဦးဆောင်သော လုပ်ငန်းစုကြီးကမူ ၎င်းတို့၏ ဈေးကွက်ချဲ့ထွင်မှု မဟာဗျူဟာနှင့် ပတ်သက်၍ နှုတ်ဆိတ်နေဆဲ ဖြစ်သည်။ Facebookသည် Operaကို စိတ်ဝင်စားနေကြောင်းမူ Wall Streetတွင် လူပြောများလျှက် ရှိနေသည်။ Opera၏ Browserသည် PCကွန်ပျူတာများအပြင် မိုဘိုင်းလ်ဖုန်းနှင့် Tablet ကွန်ပျူတာများ၌ပါ ကျယ်ကျယ်ပြန့်ပြန့် နေရာရရှိထားပြီး ဖြစ်သည်။ သတင်းများ ထွက်ပေါ်နေသည့်အတိုင်း မှန်ကန်ပါက မန်လိုပါ့ခ်တွင် အခြေစိုက်သော Facebook၏ နောက်ထပ် ပစ်မှတ်သည် Operaပင် ဖြစ်လာနိုင်မည်ဟုလည်း သိရှီရသည်။
Source: LATimes
ကိုလတ်(ပန်ဘဲတန်း)
နည်းပညာ လောကတွင် ခြေလှမ်းကြီးကြီး၊
လက်ဝါးကျယ်ကျယ်ဖြင့် လွှမ်းမိုးရန် ကြိုးစားလာသည့် Facebook၏
ငွေသုံးကြမ်းမှုသည် ယခုတိုင် မပြီးပြတ်နိုင်သေးဟု သတင်းများက ဆိုသည်။
ကမ္ဘာကျော် Social Media ၀က်ဘ်ဆိုက်ကြီးသည် ကိုယ်ပိုင် Browser တစ်ခု ဖန်တီးရန် ရည်ရွယ်ထားပြီး ယင်းအတွက် နာမည်ကြီး Browserလုပ်ငန်း Operaကို ၀ယ်ယူရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ နော်ဝေး အခြေစိုက် Softwareလုပ်ငန်းကြီး Operaကို Facebookက မျက်စိကျနေသည်။
Facebookသည် ခေတ်ဟောင်း ဓာတ်ပုံများသဖွယ် အလွယ်တကူ ပြောင်းလဲပေးနိုင်သည့် Instragramကိုလည်း ဒေါ်လာ (၁)ဘီလျံဖြင့် ၀ယ်ယူ သိမ်းပိုက်ထားပြီး ဖြစ်သည်။
Facebookသည် ကမ္ဘာပေါ်တွင် အင်တာနက် သုံးစွဲသူ အများစု၏ အခိုင်အမာ ထောက်ခံမှုကို ရရှိထားပြီးနောက် မိုဘိုင်းလ်ဖုန်း လောကတွင် ဦးလှည့်ရန်ပါ ကြိုးစားလာခဲ့သည်။ ထို့ကြောင့် Facebookအတွက် ကိုယ်ပိုင် Browserတစ်ခု ဖန်တီးနိုင်ရန် ရည်ရွယ်လာခြင်းဟု သိရသည်။
မာ့ခ်ဇူကာဘာ့ဂ် ဦးဆောင်သော လုပ်ငန်းစုကြီးကမူ ၎င်းတို့၏ ဈေးကွက်ချဲ့ထွင်မှု မဟာဗျူဟာနှင့် ပတ်သက်၍ နှုတ်ဆိတ်နေဆဲ ဖြစ်သည်။ Facebookသည် Operaကို စိတ်ဝင်စားနေကြောင်းမူ Wall Streetတွင် လူပြောများလျှက် ရှိနေသည်။ Opera၏ Browserသည် PCကွန်ပျူတာများအပြင် မိုဘိုင်းလ်ဖုန်းနှင့် Tablet ကွန်ပျူတာများ၌ပါ ကျယ်ကျယ်ပြန့်ပြန့် နေရာရရှိထားပြီး ဖြစ်သည်။ သတင်းများ ထွက်ပေါ်နေသည့်အတိုင်း မှန်ကန်ပါက မန်လိုပါ့ခ်တွင် အခြေစိုက်သော Facebook၏ နောက်ထပ် ပစ်မှတ်သည် Operaပင် ဖြစ်လာနိုင်မည်ဟုလည်း သိရှီရသည်။
Source: LATimes
ကိုလတ်(ပန်ဘဲတန်း)
ရိုဟင်ဂျာ မြန်မာတိုင်းရင်းသားမဟုတ်ဟု ပြည်ထောင်စုဝန်ကြီးဦးခင်ရီ ပြော

မေ ၂၉၊ ၂၀၁၂
ရိုဟင်ဂျာဆိုသည်မှာ မြန်မာတိုင်းရင်းသားမဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ၊ပြည်ထောင်စုဝန်ကြီးဦးခင်ရီက နိုဝင်ဘာလ ၂၈ ရက်နေ့ က ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် ကျင်းပပြုလုပ်သော KNU ရွှေ့ပြောင်းဒုက္ခသည်များ အားမှတ်ပုံတင်ထုတ်ပေးသည့် အခမ်းအနားတွင် သတင်းထောက်တစ်ဦး၏မေးမြန်းချက်အား ပြန်လည်ဖြေကြားလိုက်သည်။
“ ကျွန်တော်တို့ဆီမှာ ရိုဟင်ဂျာဆိုတာမရှိဘူး ကျွန်တော်တို့တိုင်းရင်းသား လူမျိုးစုထဲမှာ ရိုဟင်ဂျာဆိုတာရှိလည်းမရှိဘူး ။ ကျွန်တော်တို့တိုင်းရင်းသားလည်း မဟုတ်ဘူး ” ဟု ပြည်ထောင်စုဝန်ကြီးဦးခင်ရီကပြောသည်။
ရိုဟင်ဂျာဆိုသည်မှာ အင်္ဂလိပ်မြန်မာပထမ စစ်ပွဲအပြီး မြန်မာနိုင်ငံအနောက်ခြမ်းမှ အင်္ဂလိပ်များနှင့်အတူ ၀င်ရောက်လာသော လူမျိုးများ ဖြစ်ပြီး ဂျပန်ခေတ် အင်္ဂလိပ်များ ဆုတ်ခွာသွားသည့်အခါ လက်နက်ကိုင်တော်လှန်ရေးအတွက် ထားခဲ့သူများဖြစ်ကြောင်း ထိုသူများမှ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာဟု ကြေငြာခြင်းဖြစ်ကြောင်း ပြန်ထောင်စုဝန်ကြီးဦးခင်ရီ ကပြောကြားသည်။
ရိုဟင်ဂျာသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်းရာနှင့်ချီနေထိုင်လာခဲ့သော မေ့လျော့ခံမြန်မာလူမျိုးစုဖြစ်ကြောင်း ဘီဘီစီသတင်းဌာနမှ သတင်းထောက် မိုက်သွန်မဆင်က ၂၀၀၆ ခုနှစ်မတ်လ က ရေးသားခဲ့သည်။
ပြီးခဲ့သည့် ဇန်န၀ါရီလဆန်းပိုင်းက ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီးWilliam Hague မြန်မာပြည်လာရောက်စဉ်အတွင်း ဗြိတိန်သံရုံးတွင်ကျင်းပသောသတင်းစာရှင်းလင်းပွဲ၌ ရိုဟင်ဂျာများအား တိုင်းရင်းသား အနေဖြင့် အခွင့်အရေးများ ပေးရန် ထည့်သွင်းပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ၁၉၈၂ လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၃ အရ ၁၈၂၃ ရှေ့ပိုင်း မြန်မာနိုင်ငံတွင် မွေးဖွားကြီးပြင်းမှသာ မွေးရာပါနိုင်ငံသားအဖြစ်သတ်မှတ်ကြောင်းပြောသည်။ ။
YPI News
မေလ ၂၈ ရက်နေ့က လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကို ကရင်ရိုးရာဝတ်စုံဖြင့် တွေ့ရစဉ် |

ဒဂုံဆိပ်ကမ်းမြို့နယ်သို့ အစားထိုးယာဉ် ပြေးဆွဲပေးမည်

ရန်ကုန်တိုင်း မထသ မှ တာဝန်ရှိသူတစ်ဦးမှ ၂၇.၅.၂၀၁၂ နေ့ ညနေပိုင်းတွင် NNDP ပါတီ မှသင်္ဃန်းကျွန်း
တိုင်းဒေသကြီး အမှတ် (၁) ကိုယ်စားလှယ် ဦးကျော် ထံ(၃၉ ) ယဉ်လိုင်း မှ စုစုပေါင် ကား ၁၀ စီးအား
မေလ၂၈ ရက်နေ့တွင် ဒဂုံဆိပ်ကမ်းမြို့နယ်သို့ ၂၃၂ယာဉ်ပြေးဆွဲသည့် ခရီးစဉ် နေရာတွင် စတင် အစား
ထိုး ပြေးဆွဲပေးမည်ဖြစ်ကြောင်း ဖုန်းဖြင့် အကြောင်းကြားလာကြောင်း သိရပါတယ်။
မကြာသေးခင်က ပါရမီယာဉ်လိုင်း ၂၃၂ ယာဉ်လိုင်း မှကြားကား
ပြေဆွဲသည့် ယဉ်မောင်းအား ဓါးဖြင့်ခုတ်သတ်ခဲ့သည့်ကိစ္စနှင့်ပါတ်သက်ပြီး
၂၃၂ ယာဉ်လိုင်း အားပိတ်သိမ်းလိုက်ပါတယ်။
အဆိုပါကိစ္စပါတ်သတ်ပြီး ဒဂုံဆိပ်ကမ်းမြို့ နေ ဒေသခံများမှ NNDP သို့တင်ပြ
လာရာ NNDP မှ လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့်နှင့် ဦးဝင်းရွှေတို့သည်
ဒဂုံဆိပ်ကမ်းမြို့နယ်သို့ ဒေသခံများ၏ ဖိတ်ကြားချက်အရ သွားရောက်ခဲ့ပြီး
ဒေသခံများ၏ ခံစားချက်များကို မေးမြန်းခဲ့ပါတယ်။
၂၃၂ ယာဉ်လိုင်းပိတ်သိမ်းလိုက်ခြင်းသည် အလုပ်သွားအလုပ်ပြန်အဆင်မပြေမှု၊
အဆိုပါကားဂိတ်အားအမှီအခိုပြုလျှက်လုပ်ကိုင်စားသောက်နေကြသည့်လုပ်ငန်း
အသေးစားများမှာလည်း ဒီယာဉ်လိုင်းပိတ်သိမ်းလိုက်ခြင်းကြောင့်
စားဝတ်နေရေး အဆင်မပြေမှုများ ဖြစ်ပေါ်နေကြောင်း ပြန်လည် ပြောကြ
တင်ပြခဲ့ပြီးနောက် အခုလို ကား အစားထိုးပြေးဆွဲပေးမယ့် အစီအစဉ်ရှိလာ
တာဖြစ်ပါတယ်။

လိုင်းကားနှင့် လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့် အားတွေ့ ရစဉ် |
Subscribe to:
Posts (Atom)