Thursday, August 27, 2015
ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်
RangonNewsDaily:: August . 27 .2015
ဘင်္ဂလားပင်လယ်အော် တွင် လေဖိအားနည်းရပ်ဝန်းတစ် ခုဖြစ်ပေါ်နေပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးလေးခု၌ နေရာ ကွက်၍ မိုးကြီးမည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က သတိပေးထားသည်။
ခရီးသည်သေသည်အထိ ယာဉ်တိုက်မှုဖြစ်ပါက ယာဉ်လိုင်းရှိ ကားအားလုံးပြေးဆွဲခွင့် ငါးရက်ပိတ်မည်
RangonNewsDaily:: August . 27 .2015
မထသလက်အောက်ရှိ ခရီးသည်တင်ယာဉ်များ ယာဉ်မ တော်တဆဖြစ်၍ လူသေဆုံးခဲ့ပါ က ယာဉ်ပြေးဆွဲခွင့် ခြောက်လ ပိတ်သိမ်းမည့်အပြင် အဆိုပါ ယာဉ်လိုင်းရှိ ယာဉ်များအားလုံးကို ပြေးဆွဲခွင့် ငါးရက် ထပ်မံပိတ် သိမ်းအရေးယူမည်ဖြစ်ကြောင်း မထသ(ဗဟို)မှ သတင်းရရှိသည်။ ယခင်က မထသလက် အောက်ရှိ ခရီးသည်တင်ယာဉ်များ လူသေဆုံးသည်အထိ ယာဉ်တိုက်မှုဖြစ်ပါက အဆိုပါယာဉ်ကိုသာ ပြေးဆွဲခွင့် ခြောက်လပိတ်သိမ်းအရေးယူခြင်း ဖြစ်သည်။ ယခု သြဂုတ် ၂၆ ရက်မှစတင်၍ ယာဉ်လိုင်းရှိ အခြားယာဉ်များအားလုံးကိုလည်း ပြစ်ဒဏ်အနေဖြင့် ငါးရက်တာ ပြေးဆွဲခွင့်ရပ်နားအရေးယူမည်ဟု မထသ (ဗဟို)ဥက္ကဋ္ဌဦးလှအောင်က ပြောသည်။
တရုတ်ကုန်သည် ရာဂဏန်းနီးပါး ဗီဇာမရှိဘဲနေထိုင်နေဟုဆို
RangonNewsDaily:: August . 27 .2015
မန္တလေးမြို့ရှိ ဆောက်လုပ်ရေးလုပ် ငန်းခွင်တစ်ခုတွင် တရားဝင် ခွင့်ပြုချက်ဗီဇာ မရှိဘဲ နေထိုင်သည့် တရုတ်နိုင်ငံသား ၁၂ဦး ကို လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေဖြင့် အမှု ဖွင့် အရေးယူထားပြီးဖြစ်ကြောင်း သိရသည်။
ယင်းအပြင် တရုတ်ပြည်ဘက်မှ ဝင် ရောက်လာသော ကုန်သည် ရာဂဏန်းနီးပါး လုပ်ငန်းဗီဇာမရှိဘဲ နေအိမ်များတွင် ရက်ရှည် တည်းခိုခြင်းများရှိနေသေးသည်ဟု ဒေသခံ များထံမှ သိရသည်။
ဦးရွှေမောင်ပယ်ချခံရမှု ပြည်ပရိုဟင်ဂျာအဖွဲ့တွေ ရှုတ်ချ
နောက်တကြိမ် ပြည်သူ့လွှတ်တော်သက်တမ်းအတွက် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပယ်ချခံရတဲ့ ဦးရွှေမောင်
RangonNewsDaily:: August . 27 .2015
မကြာခင်ကျင်းပတော့မယ် ၂၀၁၅ ရွေးကောက်ပွဲမှာ လက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ရဲ့လျှောက်လွှာ ပယ်ချခံရတဲ့အပေါ် လူမျိုးရေးခွဲခြားမှုအဖြစ် ပြည်ပရောက် ရိုဟင်ဂျာအဖွဲ့အစည်းတွေက ရှုတ်ချလိုက်ကြပါတယ်။
Thursday, August 20, 2015
ဗိုလ်ကြီးဟောင်း နေမျိုးဇင် အပါအဝင် ငါးဦးကို ထောင်ဒဏ်လေးလစီ အမိန့်ချ
RangonNewsDaily:: August . 20 .2015
လက်ပံတောင်းတောင် ဒေသရှိ လယ်သူမကြီး ဒေါ်ခင်ဝင်း သေနတ်နဲ့ ပစ်သတ်ခံရတဲ့အပေါ် အမှုမှန်ဖော်ထုတ်ပေးဖို့အတွက် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့က ခွင့်ပြုချက်မယူဘဲ ဆန္ဒထုတ်ဖော်ခဲ့ကြလို့ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ နဲ့ အလုံမြို့နယ် တရားရုံးမှာ ရုံးတင်စစ်ဆေးခံနေရတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ ဦးဘမြင့်၊ ကိုတင်ထွဋ်ပိုင်၊ ဦးသန်းဆွေနဲ့ ဒေါ်နောအုံးလှတို့ကို ဒီနေ့ (သြဂုတ်လ ၂၀ ရက်) နေ့လယ်ပိုင်းက ထောင်ဒဏ်လေးလစီ ချမှတ်ခဲ့တယ်လို့ အဲ့ဒီတရားရုံးထံမှ သိရပါတယ်။
Wednesday, August 19, 2015
တယ်လီနောဖုန်း အချင်းချင်း တစ်မိနစ် ၁၈ ကျပ်နဲ့ ခေါ်ဆိုနိုင်ပြီ
RangonNewsDaily:: August . 19 .2015
တယ်လီနောဖုန်း ဆင်းကတ် အသုံးပြုသူတွေအနေနဲ့ တယ်လီနောဖုန်း အချင်းချင်း တစ်မိနစ် ၁၈ ကျပ်နဲ့ ခေါ်ဆိုနိုင်မယ့် စူပါပွားဆိုတဲ့ အစီအစဉ်တစ်ခုကို သြဂုတ်လ ၂၀ ရက် နံနက် ၉ နာရီမှ စတင် အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ တယ်လီနောရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ပြည်သူ့လွှတ်တော် ဝက်ဘ်ဆိုက် ဖောက်ထွင်းခံရတယ်လို့ သတင်းထွက်ပေါ်ပေမယ့် စစ်ဆေးဖို့ မညွှန်ကြားထားဘူးလို့ဆို
RangonNewsDaily:: August . 19 .2015
ပြည်သူ့လွှတ်တော် ဝက်ဘ်ဆိုက်ရဲ့ Email Server ကို ဖောက်ထွင်းတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပေမယ့် စစ်ဆေးဖို့ ညွှန်ကြားထားမှု မရှိသေးဘူးလို့ အမျိုးသား ဆိုက်ဘာလုံခြုံရေး ဗဟိုဌာနမှ ညွှန်ကြားရေးမှူး ဦးရဲနိုင်မိုးက ပြောပါတယ်။
“တိုက်ခိုက်ခံလိုက်ရပြီလို့ ကျွန်တော်တို့ဆီ အကြောင်းကြားလာရင်တော့ Website ပြန်အသက်ဝင်လာအောင် နည်းပညာပိုင်းအရ အကြံဉာဏ်ပေးမှာပါ” လို့ သူက ပြောပါတယ်။
“တိုက်ခိုက်ခံလိုက်ရပြီလို့ ကျွန်တော်တို့ဆီ အကြောင်းကြားလာရင်တော့ Website ပြန်အသက်ဝင်လာအောင် နည်းပညာပိုင်းအရ အကြံဉာဏ်ပေးမှာပါ” လို့ သူက ပြောပါတယ်။
ပြည်ခိုင်ဖြိုးခေါင်းဆောင်အပြောင်းအလဲကြောင့် ဒီချုပ်အနိုင်ရရန် ပိုသေချာလာဟု ဒေါ်အောင်ဆန်းစုကြည်ပြော
RangonNewsDaily:: August . 19 .2015
လက်ရှိအာဏာရပါတီဖြစ်သော ပြည်ခိုင်ဖြိုးပါတီအတွင်း ခေါင်းဆောင်အပြောင်းအလဲကိစ္စကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီကို ပြည်သူထောက်ခံမှု ပိုတိုးလာကာ လာမည့်ရွေးကောက်ပွဲတွင် မိမိတို့ပါတီအနိုင်ရရှိရန် ပိုမိုသေချာသွားသည့်အနေအထားဖြစ်ကြောင်းပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
Tuesday, August 18, 2015
ဘန်ကောက်မြို့လည် ဗုံးပေါက်ကွဲမှုတွင် သေဆုံးသူ ၁၅ဦးအထိရှိ
RangonNewsDaily:: August . 18 .2015
ဘန်ကောက်မြို့လည် ဗုံးပေါက်ကွဲမှုတွင် သေဆုံးသူ ၁၅ဦးအထိရှိ၊၈၀ ထက်မနည်းဒဏ်ရာရကာ အများစုမှ နိုင်ငံခြား ခရီးသွားများဖြစ်ကြောင်း Bangkok Post သတင်းကဖော်ပြသည်။
အဲပုဂံလေကြောင်း ရပ်ဆိုင်းခြင်း နိုင်ငံရေးနှင့် မသက်ဆိုင်ဟုဆို အောက်တိုဘာလဆန်းတွင် ပြန်လည်ပြေးဆွဲမည်
အဲပုဂံလေကြောင်းလိုင်းမှ လေယာဉ်အချို့ ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
RangonNewsDaily:: August . 18 .2015
အဲပုဂံလေကြောင်း လိုင်း ရပ်ဆိုင်းလိုက်ရခြင်းသည် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေများနှင့် မသက်ဆိုင် ဘဲ တနင်္ဂနွေနေ့က စတင်ရပ်နား လိုက်သော အဲပုဂံလေကြောင်း လိုင်းကို အောက်တိုဘာလဆန်းတွင် ပြန်လည်ပြေးဆွဲမည်ဟု ယင်းလေကြောင်းလိုင်းမှ လက်ထောက် ဒါရိုက်တာ ဒေါ်ဂရေ့စ်လီကပြော ကြားသည်။
Sunday, August 16, 2015
မွန်ပြည်နယ်တွင် ကိုယ်စားလှယ်လောင်း ၂၈၂ဦး ရွေးကောက်ပွဲ ၀င်မည်
RangonNewsDaily:: August . 16 .2015
၂၀၁၅ ရွေးကောက်ပွဲတွက် မွန်ပြည်နယ်တွင် ပါတီ (၁၈)ခုမှ ကိုယ်စားလှယ်လောင်း၂၈၂ဦး ၀င်ပြိုင်မည်ဟု စာရင်းပေးထားကြောင်း ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်စာရင်းအရ သိရသည်။
၂၀၁၅ ရွေးကောက်ပွဲတွက် မွန်ပြည်နယ်တွင် ပါတီ (၁၈)ခုမှ ကိုယ်စားလှယ်လောင်း၂၈၂ဦး ၀င်ပြိုင်မည်ဟု စာရင်းပေးထားကြောင်း ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်စာရင်းအရ သိရသည်။
မန္တလေးတိုင်းဒေသကြီးတွင် လွှတ်တော် ကိုယ်စားလှယ်လောင်း ၄၀၅ဦး ရွေးကောက်ပွဲ ၀င်မည်
RangonNewsDaily:: August . 16 .2015
၂၀၁၅ ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ ၀င်ရောက်ယှဉ်ပြိုင်မည့် ပါတီအရေအတွက် ၂၀ ရှိပြီး လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၄၀၅ ဦး ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် ၏ စာရင်းများအရ သိရသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ ၀င်ရောက်ယှဉ်ပြိုင်မည့် ပါတီအရေအတွက် ၂၀ ရှိပြီး လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၄၀၅ ဦး ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် ၏ စာရင်းများအရ သိရသည်။
သြဂုတ် ၁၇ တွင် ဖွင့်မည့် အမှတ် (၂) အင်းစိန်ခုံးကျော်တံတားကြောင့် အင်းစိန်ပန်းခြံမီးပွိုင့်နေရာ ယာဉ်ကြောကျပ်တည်းမှု အထိုက်အလျောက် လျော့ကျနိုင်ဟု ခန့်မှန်း
အင်းစိန်ပန်းခြံမီးပွိုင့်အနီး လှိုင်မြစ်လမ်းပေါ်ရှိ ယခင်အင်းစိန်တံတားဟောင်းနှင့်အပြိုင် တည်ဆောက်နေသည့် အမှတ်၂ အင်းစိန်ခုံးကျော်တံတားကို သြဂုတ်လ၁၇ရက် တင်္နလာနေ့တွင် စတင်ဖြတ်သန်းခွင့်ပြုတော့မည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားမှတာဝန်ရှိအရာရှိတဦးကNews Watch သို့ပြောသည်။
လူသေကောင်များ မပုပ်အောင် စီမံရာတွင်အသုံးပြုသည့် ကင်ဆာအေးဂျင့် ဖော်မလင်ကို မုန့်ဖတ်၊ ပဲပြား၊ ချက်နို့ဆီများ၌ တွေ့ရှိရဟုဆို
RangonNewsDaily:: August . 16 .2015
လူသေများတွင် မပုပ်မသိုးအောင်စီမံသည့် ဖော်မလင် (formalene) ကို စားသောက် ကုန်များဖြစ်သည့် မုန့်ဟင်းခါးဖတ်၊ မုန့်တီ၊ နန်းကြီး၊ ပဲပြား၊ ချက်နို့ဆီစသည်များတွင် အသုံးပြုမှု များပြားလာသည်ဟု မြန်မာ နိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က News Watch ဂျာနယ်သို့ ပြော ကြားခဲ့သည်။
ရေဘေး သင့်ကျေးရွာများ မှာ သောက်ရေသန့်နှင့် ရိက္ခာများ လိုအပ်နေဆဲ
ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်း နယ်စပ် ကြံခင်း၊ မိုးညိုနှင့် ရွှေတောင်မြို့နယ် များကြားရှိ သွား လာရေး ခက်ခဲသော ကျေးရွာများဖြစ်သည့် လက်ပံကုန်း၊ သာစီ၊ ရေလယ်ကျွန်း၊ အထက် ကုန်း ၁နှင့် ၂၊ တဲကုန်း၊ ဘူးခုံ၊ အလယ်ကုန်း၊ အနောက်ကုန်း စသည့် ရေဘေး သင့်ကျေးရွာများ မှာ သောက်ရေသန့်နှင့် ရိက္ခာများ လိုအပ်နေဆဲ ဖြစ်ကြောင်း သိရပြီး၊ လှူဒါန်းလိုသူများ အနေဖြင့် အောက်ပါ ကျေးရွာခံများ ဆက်သွယ်မေးမြန်းနိုင်သည်။
ချယ်ရီ FM သုံးလ ရပ်နားရမယ်လို့ဆို
RangonNewsDaily:: August . 16 .2015
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး ပါတီတွင်း ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ဆက်စပ်ပြီး ချယ်ရီ FM ရေဒီယိုရဲ့ ထုတ်လွှင့်မှုတွေနဲ့ပတ်သက်လို့ အဲဒီရေဒီယိုက တာဝန်ရှိပုဂ္ဂိုလ်နဲ့ ဒီကနေ့ တွေ့ဆုံ ဆွေးနွေး ခဲ့ရာမှာ ထုတ်လွှင့်မှု ၃လကြာ ယာယီ ရပ်နားထားဖို့ နှစ်ဘက် သဘောတူခဲ့တယ်လို့ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ဘီဘီစီကို ပြောပါတယ်။
မန္တလေးတိုင်းစဥ့်ကူးတွင် တောင်ကျချောင်းရေကြောင့် တဲအိမ် ၃၀ ရေထဲမျောပါ
RangonNewsDaily:: August . 16 .2015
မန္တလေးတိုင်း စဥ့်ကူးမြို့ နယ်တွင် လွန်ခဲ့သည့်နှစ်ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နတ်တောင်ကျေးရွာအုပ်စု ဝါးဘိုး ချပ်ရပ်ကွက် ချောင်းကမ်းပါးအနီး ရှိ ထရံကာ၊ ဓနိမိုး၊ သက်ငယ်မိုးတဲ ၃၀ ခန့် ချောင်းရေဖြင့် မျောပါ သွားခဲ့ကြောင်း သတင်းရရှိသည်။
မန္တလေးတိုင်း စဥ့်ကူးမြို့ နယ်တွင် လွန်ခဲ့သည့်နှစ်ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နတ်တောင်ကျေးရွာအုပ်စု ဝါးဘိုး ချပ်ရပ်ကွက် ချောင်းကမ်းပါးအနီး ရှိ ထရံကာ၊ ဓနိမိုး၊ သက်ငယ်မိုးတဲ ၃၀ ခန့် ချောင်းရေဖြင့် မျောပါ သွားခဲ့ကြောင်း သတင်းရရှိသည်။
ကလေးငယ်တွေဟာ သူတို့မိဘတွေ ဖုန်းတစ်ချိန်လုံး သုံးနေတဲ့အတွက် ၀မ်းနည်းအထီးကျန်မှုတွေ ပိုခံစားလာကြရ
RangonNewsDaily:: August . 16 .2015
မိဘတွေအနေနဲ့ ကိုယ့်သားသမီးကို ပြုစုပျိုးထောင်ပေးဖို့၊ ကိုယ့်သားသမီးတွေ ဘာလိုအပ်နေသလဲ စောင့်ကြည့်နေဖို့ထက် ဖုန်းသုံးတာက ပိုများအရေးကြီးနေကြပါသလား။ အနောက်နိုင်ငံတွေက ကလေးငယ်တွေကို အင်တာနက်တွေ၊ စမတ်ဖုန်းတွေနဲ့၊ ဒါတွေကို အသုံးပြုသူတွေနဲ့ပတ်သက်ပြီး စစ်တမ်းကောက် ယူ မေးမြန်းကြည့်တော့ ကလေးငယ်အများစုဟာ သူတို့မိဘတွေဟာ ဖုန်းတွေ အရမ်းသုံးကြတယ်လို့ ဆိုသွားကြပါတယ်။ ဒါဟာ သူတို့ကို အထီးကျန်စေတဲ့အပြင် သူတို့ကို လျစ်လျူရှုထားတယ်လို့ ခံစားကြရပါတယ်တဲ့။
Friday, August 14, 2015
တိယန်ကျင်းမြို့ ပေါက်ကွဲမှု၊ သေဆုံးသူ တိုးလာ
တရုတ်နိုင်ငံ မြောက်ပိုင်းက တီယန်ကျင်းဆိပ်ကမ်းမြို့မှာ အင်အားပြင်း တဲ့ ပေါက်ကွဲမှုကြီး တရပ်ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၇ဦးသေဆုံး လူရာပေါင်းများစွာ ဒဏ်ရာရှိခဲ့ကြောင်း၊ ဓာတုဗေဒ ပစ္စည်းများသိုလှောင်ထားသည့် နေရာမှ စတင်ပေါက်ကွဲသည်ဟု ယူဆရကြောင်း တရုတ် CCTVတွင် ဖော်ပြထားသည်။
စာမေးပွဲကျသဖြင့် ကျောင်းထွက်ထားရသည့် ဆေးကျောင်းသားများပြန်တက်ရန် လျှောက်ထားနိုင်
RangonNewsDaily:: August . 14 .2015
ဆေးတက္ကသိုလ်များမှ ၂ဝ၁ဝ ခုနှစ်နောက်ပိုင်း စာမေးပွဲကျရှုံးသဖြင့် ကျောင်းထွက်ထားရသူများ သက်ဆိုင် ရာ တက္ကသိုလ်များ တွင် ပြန်လည် တက်ရောက်ရန် လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း မကွေးဆေးတက္ကသိုလ်မှ ဒေါက်တာ ဦးအေးထွန်းက ပြောသည်။
ဆေးတက္ကသိုလ်များမှ ၂ဝ၁ဝ ခုနှစ်နောက်ပိုင်း စာမေးပွဲကျရှုံးသဖြင့် ကျောင်းထွက်ထားရသူများ သက်ဆိုင် ရာ တက္ကသိုလ်များ တွင် ပြန်လည် တက်ရောက်ရန် လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း မကွေးဆေးတက္ကသိုလ်မှ ဒေါက်တာ ဦးအေးထွန်းက ပြောသည်။
Thursday, August 13, 2015
“ရွှေတောင်တွင် ရေဘေးအလှူကားတိမ်းမှောက်၍ သုံးဦးသေဆုံး “
RangonNewsDaily:: August . 12 .2015
ရွှေတောင်မြို့နယ်ရှိ ရေဘေးသင့်ဒေသများသို့ ရေဘေးကယ်ဆယ်ရေး အထောက်ပံ့ပစ္စည်းများသွားရောက်လှူဒါန်းသည့် လိုက်ထရပ်ယာဉ်တစ်စီး ယနေ့(သြဂုတ် ၁၂)နံနက် ၉နာရီက ရွှေတောင်မြို့အ၀င် ဒေါင်းဆုံရွာအနီးတွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး ကျွန်းပင်ဝင်တိုက်ကာ တိမ်းမှောက်သွား၍ အမျိုးသားနှစ်ဦး၊အမျိုးသမီး တစ်ဦးသေဆုံးသွားသည်။
သြစတြေးလျနိုင်ငံနှင့် အာဆီယံပေါင်းစပ်ညှိနှိုင်းရေးစင်တာမှ လှူဒါန်းသည့် ပစ္စည်း များ Australian Air Force မှ C-17 လေယာဉ်ဖြင့် ရန်ကုန်လေဆိပ်သို့ ရောက်ရှိ
သြစတြေးလျနိုင်ငံနှင့် အာဆီယံပေါင်းစပ်ညှိနှိုင်းရေးစင်တာမှ လှူဒါန်းသည့် ပစ္စည်း များ Australian Air Force မှ C-17 လေယာဉ်ဖြင့် ယနေ့နံနက်က ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာခဲ့ရာ သြစတြေးလျ အစိုးရအဖွဲ့မှ လှူဒါန်းသည့် မိသားစုသုံးပစည်းများပါဝင်သော Family Kit ၄၈ ခု နှင့် အာဆီယံပေါင်းစပ် ညှိနှိုင်းရေးစင်တာမှ လှူဒါန်းသည့် တာပေါ်လင်(၁၈၆၀)ခု၊ ခြင်ထောင် (၁၈၀၀)ခု၊ ရေပုံး/Water can (၁၈၀၀)ခု၊ အလူမီနီယံလှေ(၄)စီးနှင့် အင်ဂျင် (၄)လုံး တို့ ပါရှိလာခဲ့ပါသည်။
တောင်ငူမြို့၊ မိုင်တိုင် ၁၆၅/ ၇ နှင့်၈ ကြားတွင် မီးရထားနှစ်စင်း မျက်နှာချင်းဆိုင် တိုက်မိ
RangonNewsDaily:: August . 12 .2015
တောင်ငူမြို့တွင် သြဂုတ်လ ၁၂ရက် နံနက် ၁၀ နာရီ ၁၃ မိနစ် အချိန်က မီးရထား ကြေးနန်း မိုင်တိုင်အမှတ် ၁၆၅/ ၇ နှင့် ၈ အကြားတွင် မီးရထားစက်ခေါင်းအမှတ် ၁၀၄ RGC မီးရထားနှင့် ကြည့်မြင်တိုင် ဘူတာမှ သာစည်ဘူတာသို့ သွားသော ရထားအမှတ် ၉၉၃ စက်ခေါင်းအမှတ် DF 1232 ကုန်တင်ရထားတို့ မျက်နှာချင်းဆိုင် တိုက်မှုဖြစ်ပွားခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ၅ ဦး နဲ့ ဒုဝန်ကြီး ၄ ဦးကိုနှုတ်ထွက်ခွင့်ပြု့ 
RangonNewsDaily:: August . 12 .2015
ပြည်ထောင်စုဝန်ကြီးများဖြစ်ကြတဲ့ သမ္မတရုံးဝန်ကြီးဌါန ( ၅ ) ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌါန ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်း လူဝင်မူ့ ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌါန ပြည်ထောင်စုဝန်ကြီးဦးခင်ရီနဲ့ ရထားပို့ ဆောင်ရေး ၀န်ကြီးဌါန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးတို့ ကို နိုင်ငံတော်သမ္မတကနှုတ်ထွက်ခွင့်ပြုလိုက်တယ်လို့ နိုင်ငံပိုင်သတင်းမီဒီယာ တွေမှာ ကြောငြာသွားပါတယ်။
ပြည်ထောင်စုဝန်ကြီးများဖြစ်ကြတဲ့ သမ္မတရုံးဝန်ကြီးဌါန ( ၅ ) ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌါန ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်း လူဝင်မူ့ ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌါန ပြည်ထောင်စုဝန်ကြီးဦးခင်ရီနဲ့ ရထားပို့ ဆောင်ရေး ၀န်ကြီးဌါန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးတို့ ကို နိုင်ငံတော်သမ္မတကနှုတ်ထွက်ခွင့်ပြုလိုက်တယ်လို့ နိုင်ငံပိုင်သတင်းမီဒီယာ တွေမှာ ကြောငြာသွားပါတယ်။
Useful Organizational Terms (အသုံးများသော အဖွဲ့အစည်းအခေါ်အဝေါ်များ)
RangonNewsDaily:: August . 12 .2015
1. Goal - (ပန်းတိုင်။)
2. Vision - (ရေရှည် ရည်ရွယ်ချက်။)
3. Mission - (ရေလတ် ရည်ရွယ်ချက်။)...
4. Objective - (ရည်ရွယ်ချက်။)
5. Project - (စီမံကိန်း။)
6. Organization - (အဖွဲ့အစည်း။)
1. Goal - (ပန်းတိုင်။)
2. Vision - (ရေရှည် ရည်ရွယ်ချက်။)
3. Mission - (ရေလတ် ရည်ရွယ်ချက်။)...
4. Objective - (ရည်ရွယ်ချက်။)
5. Project - (စီမံကိန်း။)
6. Organization - (အဖွဲ့အစည်း။)
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၄၉ တွင် ယာဉ်တစ်စီး တိမ်းမှောက်၊ နှစ်ဦးသေ
Wednesday :- 12 : August :- 2015
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၄၉ တွင် ယနေ့  ညနေ ၄ နာရီခန့်က ယာဉ်တစ်စီး တိမ်းမှောက်ရာမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၄၉ တွင် ယနေ့  ညနေ ၄ နာရီခန့်က ယာဉ်တစ်စီး တိမ်းမှောက်ရာမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။
Tuesday, August 11, 2015
ရင်ဘတ် အောင့်ခြင်း ၏ အကြောင်း ရင်းများ
RangonNewsDaily:: August . 11 .2015
ရင်ဘတ် အောင့်ခြင်း (Chest Pain) သည် ရင်ဘတ် အလယ် တည့်တည့် နေရာ တခု တည်း၌ အောင့်ခြင်း ကိုသာ ဆိုလိုခြင်း မဟုတ်ပဲ ရင်ဘတ် တခု လုံးသာ မက ရင်ဘတ် နှင့် ဆက်စပ် လျက် ရှိသည့် တခြား အစိတ် အပိုင်း များ အထိ ပြန့်နှံ့ပြီး အောင့်ခြင်း၊ ထိုးခြင်း၊ နာကျင် ကိုက်ခဲခြင်း အားလုံးကို ဆိုလို ပါသည်။ ရင်ဘတ် အောင့်ခြင်းသည် အကြောင်း အမျိုးမျိုး ကြောင့် ဖြစ်နိုင်ပြီးဆရာဝန်မှ အတိအကျ ရောဂါ ခွဲခြား သတ်မှတ် ခြင်း (Diagnosis) ကို လုပ်ပြီး မှသာ မည်သည့် ရောဂါအမျိုး အစား ဖြစ်သည်ကို သတ်မှတ် နိုင်မည် ဖြစ်ပါ သည်။
“ရန်ကုန်-မန္တလေး အမြန်လမ်း ၁၀၅မိုင် ၂ဖာလုံတွင် ရွှေလီဦး ခရီးသည်တင် ယာဉ်တိမ်းမှောက်
ယနေ့ (၁၀-၈-၂၀၁၅)ရက်နေ့ ညနေ ၆နာရီ ၁၅ မိနစ်ခန့်က ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၁၀၅ မိုင် ၂ ဖာလုံ ရန်ကုန်မြို့မှ လားရှိုးမြို့သို့ ဦးတည်သွားသည့် ရွှေလီဦးယာဉ်လိုင်း မှ အမြန်ယာဉ် 4D/ 3075 (ယာဉ်မောင်း- သန့်ဇော်ဦး) ကားတိမ်းမှောက်ခဲ့ပြီး ယနေ့ည ၉ နာရီ တွင် အမြန်လမ်း ရဲမှူးကြီး နေဝင်းအား တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုအရ
စစ်ဘက်မှပြောင်းရွှေ့လာမည့်သူများကို ဆရာဝန်ကြီးများကန့်ကွက်
ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောင်း ရွေ့လာမည့် စစ်ဘက် ပုဂ္ဂိုလ်များကို ကန့်ကွက် သည့်နေဖြင့် ဆရာဝန်များ ၊ Black Ribbon ကမ်ပိန်း စတင်လုပ် ဆောင်နေပြီဖြစ်သည်။ ၄င်းတို့၏ အမည် ဌာနနှင့် တာဝန်ကျရာဆေးရုံနာမည်များကိုပါဖော်ပြကာ လူမှုကွန်ရက်ဖေ့ဘွတ်စာမျက်နှာတွင် ကန့်ကွက်ကြခြင်းဖြစ်သည်။
ထိုင်းမှ ရွှေ့ပြောင်းအလုပ်သမားများ၏ ရေဘေးအလှူ ခရီးစတင်
ထိုင်းနိုင်ငံရောက် မြန်မာပြည်ဖွား ဂေါ်ရခါး လူငယ်အစည်းအရုံးမှ ကောက်ခံရရှိသော ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ တနိုင်တပိုင် အလှူပစ္စည်းများကို မြန်မာနိုင်ငံ ရေးဘေးသင့် ပြည်သူများဆီသို့ ပေးအပ်ရန် သြဂုတ်လ ၁၀ ရက်နေ့ ညနေတွင် ထိုင်းနိုင်ငံမှ စတင်ထွက်ခွါသွားပြီ ဖြစ်သည်။
ဒုတိယဗိုလ်ချုပ်ကြီများနှင့် ကာကွယ်ရေးဦးစီးချုပ် ( ရေ ) တို့ ကိုတပ်မတော်မှအငြိမ်းစားယူခွင့်ပြု
RangonNewsDaily:: August . 11 .2015
အနားပေးလိုက်သော ဒုတိယဗိုလ်ချုပ်ကြီးများမှာ( ကာကွယ်ရေးဝန်ကြီးဌာနစစ်ဆင်ရေးအထူးအဖွဲ့ မှူး) တာဝန်ထမ်းဆောင်နေသော
ကစထမှူး ( ၁) ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး
ကစထမှူး ( ၂ ) ဒုတိယဗိုလ်ချုပ်ကြီးအောင်သန်းထွဋ်
ကစထမှူး ( ၃ ) ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး
ကစထမှူး (၄) ဒုတိယဗိုလ်ချုပ်ကြီးလှမင်း နှင့်
စစ်ရာထူးခန့်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဝင်းမြင့်
ရေတပ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးသူရသက်ဆွေတို့ ဖြစ်ပါတယ်။
အနားပေးလိုက်သော ဒုတိယဗိုလ်ချုပ်ကြီးများမှာ( ကာကွယ်ရေးဝန်ကြီးဌာနစစ်ဆင်ရေးအထူးအဖွဲ့ မှူး) တာဝန်ထမ်းဆောင်နေသော
ကစထမှူး ( ၁) ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး
ကစထမှူး ( ၂ ) ဒုတိယဗိုလ်ချုပ်ကြီးအောင်သန်းထွဋ်
ကစထမှူး ( ၃ ) ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး
ကစထမှူး (၄) ဒုတိယဗိုလ်ချုပ်ကြီးလှမင်း နှင့်
စစ်ရာထူးခန့်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဝင်းမြင့်
ရေတပ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးသူရသက်ဆွေတို့ ဖြစ်ပါတယ်။
မြေငလျင်သတင်း
Tuesday :- 11 : August :- 2015
၁၁-၈-၂၀၁၅ / နံနက် (၆း၂၁)နာရီ။
(၁၀-၈-၂၀၁၅)ရက်ည(၁၁း၃၅)နာရီအချိန်တွင် ကနောင်မြို့ရဲ့အရှေ့တောင်ဖက်(၄၈)မိုင်အကွာ
(ကနောင်မြို့နှင့်လက်ပံတန်းမြို့မားအကြား) ပြည်တွင်းတစ်နေရာကို ဗဟိုပြုပြီး အနက် (၅)ကိလိုမီတာတွင် အင်အား (၅.၁)ရစ်ခ်ျတာစကေးရှိ အားအသင့်အတင့်ရှိသောမြေငလျင်တစ်ခုလှုပ်ရှားသွားခဲ့ကြောင်း ထိုင်းမိုးလေ၀သဌာနရဲ့တိုင်းတာချက်အရ သိရှိရပါတယ်။
၁၁-၈-၂၀၁၅ / နံနက် (၆း၂၁)နာရီ။
(၁၀-၈-၂၀၁၅)ရက်ည(၁၁း၃၅)နာရီအချိန်တွင် ကနောင်မြို့ရဲ့အရှေ့တောင်ဖက်(၄၈)မိုင်အကွာ
(ကနောင်မြို့နှင့်လက်ပံတန်းမြို့မားအကြား) ပြည်တွင်းတစ်နေရာကို ဗဟိုပြုပြီး အနက် (၅)ကိလိုမီတာတွင် အင်အား (၅.၁)ရစ်ခ်ျတာစကေးရှိ အားအသင့်အတင့်ရှိသောမြေငလျင်တစ်ခုလှုပ်ရှားသွားခဲ့ကြောင်း ထိုင်းမိုးလေ၀သဌာနရဲ့တိုင်းတာချက်အရ သိရှိရပါတယ်။
Monday, August 10, 2015
တပ်မတော်သားအချို့ကို ကျန်းမာရေး ဝန်ကြီးဌာနသို့ ပြောင်းရွှေ့ခန့်အပ်
RangonNewsDaily:: August . 10 .2015
ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ တပ်မတော် စစ်သားစုဆောင်းရေးတပ်၊ သမ္မတအိမ်တော် အထူးတပ်ဖွဲ့မှ အရာရှိနှစ်ဦးနှင့် တပ်မတော်သား ဆရာဝန်သုံးဦးကို ကျန်းမာရေး ဝန်ကြီးဌာန ကုသရေးဦးစီးဌာန ကဏ္ဍအသီးသီးသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရန် အတည်ပြုခန့်ထားလိုက်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနထံမှ သိရှိရသည်။
Central ဟိုတယ်ရှိ အခန်းတစ်ခုတွင် အသက် ၂၀ ကျော် မိန်းကလေးတစ်ဦး သေဆုံး
RangonNewsDaily:: August . 10 .2015
ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် အမှတ် (၁၁) ရပ်ကွက် ဗိုလ်ချုပ်လမ်းမပေါ်ရှိ Central ဟိုတယ် အခန်းတစ်ခုရှိ ရေချိုးခန်းတွင် အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးမှာ သြဂုတ်လ ၈ ရက်၊ နံနက် ၂ နာရီ ဝန်းကျင်ခန့်က သေဆုံးခဲ့ကြောင်း ပန်းဘဲတန်းမြို့နယ်၊ (၁၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
Thursday, August 6, 2015
Subscribe to:
Posts (Atom)