Monday, April 8, 2013
မုံရွာ - ပုသိမ်း အဝေးပြေးကားလမ်းမကြီးပေါ်တွင် အက်စစ်ကားများသယ်ဆောင်နေခြင်း အန္တရာယ်အလွန်များ
ခြင်းမရှိ သော မိုးကြိုးဆာဖျူရစ်အက်စ်စက်ရုံသိ
ရွာ - ပုသိမ် အဝေးပြေးကားလမ်းမှတဆင့် သယ်ဆောင်လျက်ရှိရာ ယာဉ်မတော်တဆမှုများဖြစ်ပေါ်လာပါက ပတ်ဝန်းကျင်ထိခိုက်မှုများ ဖြစ်ပေါ်လာမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိကြောင်း သိရပါတယ်..။
ကြက်တုပ်ကွေးကြောင့် မြန်မာ အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့တွင် ပထမဆုံး လူသေဆုံး
ကြက်တုပ်ကွေးကြောင့် မြန်မာ အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် ပထမဆုံး လူတစ်ဦး သေဆုံးခဲ့သည်။
သေဆုံးသူမှာ ၂၃ လ အရွယ် ကလေးငယ် တစ်ဦး ဖြစ်ကြောင်း၊ အဆို ပါ ကလေးငယ်မှာ ဒက္ကားမြို့ တောင်ဘက် မိုင်အနည်းငယ် အကွာတွင် တည်ရှိသော ကိုမီလာခရိုင် Choddogram မှ ဖြစ်ကြောင်း သတင်းများ တွင် ဖေါ်ပြသည်။
သေဆုံးသူမှာ ၂၃ လ အရွယ် ကလေးငယ် တစ်ဦး ဖြစ်ကြောင်း၊ အဆို ပါ ကလေးငယ်မှာ ဒက္ကားမြို့ တောင်ဘက် မိုင်အနည်းငယ် အကွာတွင် တည်ရှိသော ကိုမီလာခရိုင် Choddogram မှ ဖြစ်ကြောင်း သတင်းများ တွင် ဖေါ်ပြသည်။
ရခိုင်ပြည် ပေါက်တောမြို့က ၁ နှစ်ကျော်ရှိသော ကလေးငယ်(၂)ဦးအား လပ်ထပ် မင်္ဂလာပွဲ ကျင်းပပေးနေခြင်းကို ဖျက်သိမ်းလိုက်
ရခိုင်ပြည် ပေါက်တောမြို့နယ် ကြိမ်ခွေမော်ကျေးရွာတွင်
အသက်(၁)ကျော်နှစ်သာရှိသေးသည့် ကလေးငယ်(၂)ဦးကို မိဘများက ဧပြီလ ၈ ရက်နေ့တွင်
လက်ထပ်ပေးရန်စီစဉ်ကြရာ ရဲများမှ အခြေအနေအား လာရောက် မေးမြန်ခဲ့သဖြင့်
မိဘများက ၎င်း တို့အား အပြစ်ပေးမည်ကို စိုးရိမ်ကာ မင်္ဂလာပွဲအား
ပျက်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။ဧပြီလ (၇) ရက်နေ့က ပေါက်တောမြို့
ရဲများမှာ အခြေအနေအား စုံစမ်းမေးမြန်ပြီး မင်္ဂလာပွဲအား ဖျက်သိမ်းရန်
မလိုကြောင်း မှာကြားခဲ့သော်လည်း မိဘများက သူတို့ အလိုအလျှောက်
ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“Regarding Situation of suffering Muslims in Burma”
မိတ္ထီလာရှိ မွတ်စလင် ဒုက္ခသည် စခန်းများတွင်း အခြေအနေ အလွန်ဆိုးရွားလျက်ရှိ
ဧပြီ ၈ ၊၂၀၁၃
မိတ္ထီလာမြို့ အကြမ်းဖက်မှုများကြောင့် ထွက်ပြေးကြရသော မွတ်စလင်များအား
ထားရှိသည့် ဒုက္ခသည်စခန်းများ တွင် အခြေအနေအလွန်ဆိုးရွားလျက်ရှိသည် ။မြန်မာသတင်းများတွင် လှူဒါန်းမှုများ၊ ကူညီမှုများကို ဝေေ၀ဆာဆာရေးသားဖော်ပြနေကြသော်လည်း
မွတ်စလင် ဒုက္ခသည်များအတွက်မူ ထိန်းသိမ်းရေး စခန်းကဲ့သို့ ဖြစ်နေကြောင်း၊
အစားအသောက် အနေအထိုင် အခြေအနေ အလွန်ဆိုးလျက်ရှိကြောင်း
မိသားစုဝင်များကဆိုသည်။
နှစ် ၂၀ အတွက် တရုတ်ပြည်အား ကျေးဇူးတင်ကြောင်း မြန်မာ သမ္မတ ပြော
တနင်္လာနေ့၊ ဧပြီလ ၀၈ ရက် ၂၀၁၃ ခုနှစ်
အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများခံခဲ့ရသည့်
ကာလများတွင် မြန်မာနိုင်ငံအား ကူညီပံ့ပိုးမှုများ ပေးခဲ့သည့်
တရုတ်နိုင်ငံအား ကျေးဇူးတင်ရှိကြောင်း တရုတ်နိုင်ငံသို့ ခေတ္တရောက်ရှိနေသည့် သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်သည်။China Daily သတင်းစာနှင့် သီးသန့်တွေ့ဆုံစဉ် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
မြန်မာရွှေ့ပြောင်းအလုပ်သမား ၅၀ ကျော်စီးနင်းလာတဲ့ ခရီးသယ်တင်ကား မတော်တဆမှုဖြစ်ပွား
မြန်မာရွှေ့ပြောင်းအလုပ်သမား ၅၀ ကျော်စီးနင်းလာတဲ့ ခရီးသယ်တင်ကားတစီးဟာ ဧပြီလ ၇ ရက်နေ့က ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့နားမရောက်ခင် ကီလိုမီတာ ၅၀လောက်မှာ ဘရိတ်ပေါက်သွားပြီး ခရီးသည် ၃ယောက်ဒဏ်ရာရခဲ့တယ်လို့ ထိုင်းရုပ်သံတခုမှာ ထုတ်လွင့်သွားပါတယ်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အရေးပေါ် ဖုန်းနံပါတ်များနှင့် တိုင်ကြား နိုင်သော ဖုန်းနံပါတ်များ ထုတ်ပြန် ကြေညာ
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အရေးပေါ် ဖုန်းနံပါတ်များနှင့် တိုင်ကြား
နိုင်သော ဖုန်းနံပါတ်များ ထုတ်ပြန် ကြေညာ နေပြည်တော် ဧပြီ ၇ ပြည်ထဲရေး
ဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က
ပြည်သူတို့၏ လုံခြုံရေးအား ကူညီ ဆောင်ရွက်ရန်နှင့် ပြည်သူလူထုမှ ပူးပေါင်း
ကူညီရန် အတွက် ထူးခြားဖြစ်စဉ် သတင်းများ၊ ပြည်သူလူထု၏ နစ်နာချက်များ၊
ရဲတပ်ဖွဲ့များ၏ ဥပဒေနှင့် ညီညွတ်မှု မရှိသော ဆောင်ရွက်ချက်များ၊
လုပ်ပိုင်ခွင့် အလွဲသုံးစား ပြုလုပ်မှုများ၊ အဂတိ လိုက်စားမှုများနှင့်
ပတ်သက်၍ တိုင်ကြားနိုင်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်နှင့်
တိုင်းဒေသကြီး/ ပြည်နယ် ရဲတပ်ဖွဲ့များတွင် အရေးပေါ် Hot Line ဖုန်းနံပါတ်
၁၉၉ တယ်လီဖုန်းများ၊ အော်တို တယ်လီဖုန်းများ တပ်ဆင် ပေးထားကြောင်း
သိရှိရသည်။
အမျိုးသမီးတို့ အနိုင်ကျင့်ခံရစေခြင်းမှ ကင်းဝေးစေမည့် အတွင်းခံ
အန္ဒိယနိုင်ငံက အင်ဂျင်နီယာ ကျောင်းသားများ ဖန်တီးလိုက်တဲ့ ဝတ်ဆုံ ဖြစ်ပါတယ်။ အန္ဒိယမှာ အမျိုးသမီးတို့
အဓမ္မအကျင့်ခံရတဲ့ မှုခင်းတွေ များလာတာ အတွက်ကြောင့် ယခုလို
ဖန်တီးထုတ်လုပ်လိုက်ခြင်း ဖြစ်ပါတယ်။ အပေါ်အောာက် One-Set အတွင်းခံဖြစ်ပြီး
အမျိုးသားတို့ ထိလိုက် တာနဲ့ မလှုပ်မယှက်ဖြစ်သွားအောင်ကို
ပြုလုပ်နိုင်ပါတယ်။
ခရမ်းလွန်ရောင်ခြည်နဲ့ ယခုနှစ် ၂၀၁၃ မဟာသင်္ကြန်
ခရမ်းလွန်ရောင်ခြည်ဆိုတာ ခရမ်းလွန် UV ဆိုတာ Ultra Violet Radiation
ရဲ့အတိုကောက် အခေါ်အဝေါ်ဖြစ်ပါတယ်။ အမှန်တော့ နေရောင်မှာပါလာတဲ့
အလင်းတန်းလျပ်စစ်သံလိုက်လှို်င်းတွေရဲ့ တစ်စိတ်တစ်ပိုင်းပါဘဲ။ လိုရင်း ပြောရရင်တော့ UV ဆိုတာ စွမ်းအားမြင့်တဲ့ စွမ်းအင်ဖြာထွက်မှုဘဲ ဆိုပါတော့။ တကယ်တော့
ကမ္ဘာပေါ်မှာ ဘယ်နေရာ ဘယ်ဒေသမှာဘဲ နေနေ၊ နေရောင်ခြည်ကိုသာ ခံစားရတယ်ဆိုရင်
UV ရောင်ခြည်ရဲ့ ပြင်းအား အဆင့်တစ်ခုခုကိုတော့ ခံစားကြမှာ အမှန်ဖြစ်ပါတယ်။
စင်္ကာပူမှာ မြန်မာအိမ်ဖေါ်တွေ ထွက်ပြေးနှုန်း မြင့်တက်လာ
စင်္ကာပူနိုင်ငံမှာ အိမ်ဖော်အဖြစ် လုပ်ကိုင်နေကြတဲ့ မြန်မာ မိန်းကလေးတွေဟာ
ကာလကြာရှည် လုပ်ခလစာ မရတာကြောင့် အလုပ်က ထွက်ပြေးသူတွေ များပြားလာနေတယ်လို့
စင်္ကာပူ The Straits Times သတင်းက ဒီကနေ့ ဖော်ပြလိုက်ပါတယ်။
ကချင်အရေးမှာ တရုတ်တို့က အမေရိကန်နဲ့ ယူကေတို့ မပါစေချင်တာ ဘာကြောင့်လဲ
ဧပြီလ ၈ ရက် ၂၀၁၃
ပြီးခဲ့တဲ့ ရွှေလီ ဆွေးနွေးပွဲအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး
ကော်မီတီနဲ့ ကချင် လွတ်လပ်ရေး အဖွဲ့ ကေအိုင်အိုတို့ အခု ရက်ပိုင်း
မြစ်ကြီးနားမြို့မှာ ကျင်းပဖို့ စီစဉ် ထားတဲ့ ဆွေးနွေးပွဲ ပျက်ခဲ့ရတာဟာ
တရုတ် နိုင်ငံဘက်က ကန့်ကွက်မှုကြောင့်လို့ ကချင် လူထု အခြေပြု အဖွဲ့တွေကပြော
ပါတယ်။တရုတ်တို့က ဒီဆွေးနွေးပွဲမှာ ကုလ သမဂ္ဂ၊ ဗြိတိန်နဲ့ အမေရိကန် တို့
ပါဝင်မှာကို ကန့်ကွက် တာဟာ သူတပါး နိုင်ငံရေးကို ဝင်ရောက် စွက်ဖက် တာလို့
အဲဒီအဖွဲ့က ပြောပါတယ်။

မြန်မာ-ထိုင်း နယ်စပ်တွင် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့သော မြန်မာတပ်မတော်သား ၁၃ ဦးကို ပြန်လည်တွေ့ရှိ
ထိုင်း-မြန်မာနယ်စပ် ရနောင်းပြည်နယ် အနီးတွင် ဧပြီလ ၆ ရက်နေ့က အမည်မသိ လက်နက်ကိုင်တပ်နှင့် တိုက်ခိုက်မှုကြောင့် မြန်မာတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့သည်ဟု မှားယွင်းစွာ သတင်းပို့မိခဲ့ကြောင်း မြန်မာစစ်တပ်က ထိုင်းစစ်တပ်သို့ ပြန်လည်အကြောင်းလိုက်ကြောင်း သိရသည်။
Subscribe to:
Posts (Atom)