ဂျပန်နိုင်ငံ မြောက်ပိုင်းရှိ သဘာဝ ဘေးဒဏ်ခံ ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယား စွမ်းအင်စက်ရုံမှ ရေဒီယို
သတ္တိကြွ အရည်တန် ၁၂ဝ ခန့်ယိုစိမ့်ခဲ့ကြောင်းယင်းစက်ရုံအားလည်ပတ်နေသည့် တိုကျို လျှပ်စစ်စွမ်းအင်
၎င်းအရည်များသည် နျူကလီးယား ဓာတ်ပေါင်းဖို အအေးပေး စနစ်အတွက် မြေအောက်တွင် သိုလှောင်ထား
သောရေလှောင်ကန် ခုနစ်ခုအနက် တစ်ခုမှ ယိုထွက်နေခြင်း ဖြစ်ကြောင်း TEPCO က ကြေညာချက် တစ်
စောင်တွင် ပြောကြားထားသည်။
အဆိုပါ ရေဒီယို သတ္တိကြွ အရည်များ ယိုစိမ့်မှုသည် မည်သည့် အတွက်ကြောင့် ဖြစ်ပေါ်သည် ဆိုခြင်းကို လည်းကောင်း၊မည်သည့်အချိန်တွင် ဖြစ်ပွားခဲ့သည်ကိုလည်းကောင်း TEPCO က ပြောကြားထားခြင်းမရှိပေ။
သို့သော် ရေလှောင်ကန်သည်ပင်လယ်မှ မီတာ ၈ဝဝ ခန့် အကွာတွင် တည်ရှိခြင်းကြောင့် ၎င်းသတ္တိကြွ အ
ရည်များသည် သမုဒ္ဒရာ အတွင်းသို့ ယိုစိမ့်မှု မရှိဟု ယူဆရကြောင်းTEPCO က ပြောကြား သည်။
ယိုစိမ့် ထွက်သွားသော ရေများအတွင်း ပါဝင်သည့် ရေဒီယို သတ္တိကြွ ပမာဏမှာ ခန့်မှန်းခြေ အားဖြင့် ၇၁ဝ gigabecquerel ခန့် ရှိကြောင်းကုမ္ပဏီ က ပြောကြားထားသည်။
မြ၀တီသတင်း, ရန်ကုန်နယူးဒေးလီးစ်
ရန်ကုန်-၈.၄.၂၀၁၃

0 comments:
Post a Comment