Monday 8th April 2013
ကမ္ဘာကျော် စမတ်ဖုန်း ကုမ္ပဏီဖြစ်သည့်Appleကုမ္ပဏီမှထုတ်လုပ်သည့်Apple ဖုန်းများ၏ လုပ်ဆောင်ချက်
တစ်ခုဖြစ်သည့်ဖုန်းမျက်နှာပြင်အားပွတ်ဆွဲခြင်းဖြင့် သော့ဖွင့်သည့်လုပ်ဆောင်ချက်အားဖျက်ပေးရန် ဂျာမနီ
Apple ကုမ္ပဏီ၏ စမတ်ဖုန်းများတွင် ဖုန်းမျက်နှာပြင်အား ပွတ်ဆွဲခြင်းဖြင့်
သော့ဖွင့်သည့် လုပ်ဆောင်ချက်ကို ထည့်သွင်း အသုံးပြုထားခြင်းကိုမူပိုင်ခွင့်ချိုးဖောက်မှုဖြင့် Motorola ကုမ္ပဏီနှင့် Samsung ကုမ္ပဏီတို့မှ
ဂျာမနီ
နိုင်ငံ တရားရုံးတွင် တရားစွဲဆိုထားရာ Apple ကုမ္ပဏီမှ ပြန်လည်
အယူခံဝင် ထားကြောင်း သိရှိရသည်။
ရေပြင်ညီအလိုက် လက်ကိုအသုံးပြု၍
လုပ်ဆောင်ရသည့် နည်းပညာသည် အသစ် တီထွင်ထားခြင်း မဟုတ်
ဟုယူဆထားသည့်အတွက်
ဥရောပသမဂ္ဂ စံနှုန်း ၊ မူပိုင်ခွင့်ဆိုင်ရာ လိုအပ်ချက်များနှင့်ကိုက်ညီမှု
မရှိကြောင်း
ဂျာမနီနိုင်ငံဗဟိုမူပိုင်ခွင့်တရားရုံးမှမှတ်ချက်ချထားသည်။
Apple ကုမ္ပဏီမှမူ အဆိုပါ လုပ်ဆောင်ချက်သည်
စမတ်ဖုန်း အသုံးပြုသူများ ပိုမို
လွယ်ကူစေရန် အသုံးပြုထားသည့် ရည်ရွယ်ချက်သာ ရှိပြီး တိကျသည့် နည်း
ပညာ
ပြဿနာကို ဖြေရှင်းထားခြင်း မဟုတ်ပါဟု အယူခံဝင်ထားသည်။
MRTV- 4, Rangonnewsdaily
RND:8.4.2013

0 comments:
Post a Comment