ရခိုင်ပြည် ပေါက်တောမြို့နယ် ကြိမ်ခွေမော်ကျေးရွာတွင်
အသက်(၁)ကျော်နှစ်သာရှိသေးသည့် ကလေးငယ်(၂)ဦးကို မိဘများက ဧပြီလ ၈ ရက်နေ့တွင်
လက်ထပ်ပေးရန်စီစဉ်ကြရာ ရဲများမှ အခြေအနေအား လာရောက် မေးမြန်ခဲ့သဖြင့်
မိဘများက ၎င်း တို့အား အပြစ်ပေးမည်ကို စိုးရိမ်ကာ မင်္ဂလာပွဲအား
ပျက်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။ဧပြီလ (၇) ရက်နေ့က ပေါက်တောမြို့
ရဲများမှာ အခြေအနေအား စုံစမ်းမေးမြန်ပြီး မင်္ဂလာပွဲအား ဖျက်သိမ်းရန်
မလိုကြောင်း မှာကြားခဲ့သော်လည်း မိဘများက သူတို့ အလိုအလျှောက်
ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
" ရဲဌာနက တာဝန်ရှိသူများနှင့် လူကြီးများက စစ်ဆေးမှုများလုပ်ခဲ့သည်မှာမှန်ကန်သော်လည်းသူတို့ မင်္ဂလာ
ပွဲကို နှောင့်ယှက်တာမျိုးလုပ်ခဲ့ခြင်း မဟုတ်ဘဲ
တာဝန်အရသာ စစ်ဆေးမှုနှင့် သတင်းမေးရန်အလည်လာတာ
ဖြစ်ကြောင်း၊ ၄င်းတို့
မိဘများကိုလည်း ဒီမင်္ဂလာပွဲကို ဖျက်ဖို့အတွက် လာခဲ့တာမဟုတ်ကြောင်း၊ တာဝန်အရ
စစ်ဆေးခြင်းသာ ဖြစ်ကြောင်း၊ဒီမင်္ဂလာပွဲကိုဖျက်ဖို့မလိုဘူးလို့
ပြောကြားခဲ့ကြောင်းရဲများနှင့်အတူလိုက်ပါသွား
သည့် အရပ်သားထဲမှ
တစ်ဦးက ပြောသည်။
အသက် ၁
နှစ်ကျော် ခလေး(၂) ဦးအား မင်္ဂလာဆောင်ပေးရန် လုပ်ဆောင်ခြင်း အကြေင်းကိစ္စနှင့်
ပတ်
သက်၍ ကလေး၏ မိသားစုဝင် ဒေါ်မစိန်အေးက ရှင်းပြသည်။
"အဲဒီကလေးနှစ်ဦးက လူဝင်စားတွေဖြစ်တယ်၊ အရင်ဘ၀တုန်းက ချစ်သူတွေဖြစ်တယ်၊
နှစ်ဦး နှစ်ဘက် မိဘ
တွေ သဘောမတူတဲ့အတွက် လက်မထပ်ဖြစ်ဘဲ ကွဲသွားပြီး
သေဆုံးသွားကြတယ်။ ကလေးတွေမွေးပြီးတော့ ၅ လလောက်ကြာတော့ အဲဒီကလေးနှစ်ယောက်က
နေမကောင်း ခဏခဏ ဖြစ်လာတယ်။
မိဘတွေကလည်း စိုးရိမ်ပြီး ဗေဒင်သွားမေးတော့
ဗေဒင်ဆရာက သူတို့ဟာ အရင်ဘ၀တုန်းက ချစ်သူတွေ
ဖြစ်တယ်။အခုယတြခြေတဲ့အနေနဲ့သူတို့ နှစ်ဦးကိုလက်ထပ်ပေးလိုက်ပါဆိုလို့လက်ထပ်ပေးဖို့ စီစဉ်တာဖြစ်
တယ်၊
မနေ့က ပေါက်တောမြို့ ရဲမှူးတွေ၊ လူကြီးတွေက မေးမြန်းတာတွေပြုလုပ်တယ်ဆိုတော့
မိဘတွေက ဖမ်းဆီးတာတွေ လုပ်မလား၊ အပြစ်တွေ အများကြီးဖြစ်သွားမလား
တွေးပြီးတော့ ကြောင်းကြစိုးရိမ်စိတ်နဲ့ မင်္ဂလာပွဲကိုဖျက်သိမ်းလိုက်တာပါ။ရဲတွေကဖျက်လိုက်လို့မပြောသွားပါဘူး။ ကျမတို့ကပဲ စိုးရိမ်စိတ်လွန်ပြီး
တော့
ဖျက်လိုက်တာပါ။ " ဒေါ်မစိန်အေးက ဟု ပြောသည်။
ကလေးငယ်(၂)ဦး၏
အမည်မှာ မောင်ဖြူသန်းလင်း(ဘ- ဦးမောင်ညွန်တင်၊ မိ- ဒေါ်သန်းသန်းယဉ်) နှင့်
မပု
ပုသန်း (ဘ- ဦးသန်းမောင်၊ မိ- ဒေါ်ခင်ခင်သန်း) တို့ဖြစ်ပြီး
သူတို့နှစ်ဦးကို ခရစ်နှစ် မြန်မာသက္ကရာဇ် ၁၉၇၃ ခုနှစ်နယုန်လဆန်း၂
ရက်နေ့တွင်တစ်ရက်တည်းမှာပင် နာရီပိုင်းလောက်အကွာတွင် မွေးဖွားခဲ့ကြောင်း
၎င်း
မိဘများက ပြောသည်။
အဆိုပါ ကလေးငယ်(၂)ဦး၏ မိခင်များမှာ
ညီအစ်မများဖြစ်ကြပြီး ၄င်းကလေးများကြီးလာရင် မောင်နှမဖြစ်
တဲ့အတွက်
လက်ထပ်ပေးလို့မရသောကြောင့် ဗေဒင်ဆရာပြောသည့်အတိုင်း ကလေးတွေကျန်းမာရေးအရ
ယတြာခြေသောအနေဖြင့် အသက်ငယ်ရွယ်တုန်းအချိန်ခါ လက်ထပ်ပေးခြင်းဖြစ်သည်ဟု
ဆက်လက်ပြော
ကြားခဲ့သည်။
ARAKAN TIMES , Rangonnewsdaily
RND:8.4.2013

0 comments:
Post a Comment