ယခုလအတွင်းအအေးပိုလာခြင်းမှာ cold surge (အအေးပျံ့နှံ့မှု )ကြောင့်
ဖြစ်ပြီး Cold Wave ( အအေးလှိုင်း ) ပြတ်ခြင်းကြောင့် မဟုတ်ကြောင်း မိုးဇလမှ
ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်ကပြောသည်။
“လေအေးတွေက အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ကနေ ဟိမ၀န္တာတောင်ခြေ
အတိုင်းရွှေ့လာတယ် 3 ဒီဂရီ စင်တီဂရိတ် လောက်ပိုလာတယ်။အဲ့ဒါကို အအေးလှိုင်းပြတ်တယ်လို့ မခေါ်ဘူး”ဟု ၄င်းကထပ်မံပြောသည်။