Saturday, March 5, 2016
တိုက်ကြီး-ရန်ကုန် ခရီးသည်တင်ယာဉ် လမ်းဖြတ်ကူးသူကိုရှောင်ရာမှ လမ်းဘေးသစ်ပင်သို့ ၀င်ရောက်တိုက်မိမှုဖြစ်
တိုက်ကြီးမှ ရန်ကုန်သို့ မောင်းနှင်လာသည့် အမှတ်(၁၃၂) မြောက်ပိုင်း ခရိုင်ယာဉ်လိုင်းမှ မော်တော်ယာဉ်တစ်စီး ရန်ကုန်တိုင်း မှော်ဘီမြို့နယ် ရဲဘော်ဈေးမှတ်တိုင်းအနီး၌ ယနေ့(မတ် ၅ ရက်) နံနက် ၇နာရီခွဲခန့်က လမ်းဖြတ်ကူးသူကို ရှောင်ရာမှ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်သို့ ၀င်ရောက်တိုက်မိခဲ့ကြောင်း၊ ယာဉ်ပေါ်လိုက်ပါလာသူနှင့် လမ်းဘေး ကားမှတ်တိုင်တွင် ဖယ်ရီစောင့်နေသူအချို့ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါယာဉ်ပေါ်တွင်လိုက်ပါခဲ့သည့်ခရီးသည်တစ်ဦးက ပြောဆိုသည်။
ကျပ်သိန်းထောင်ချီ လာဘ်ယူခဲ့သည်ဟုဆိုကာ ပုဒ်မ ၄၀၆ ဖြင့် တရားစွဲဆိုခံထားရသည့် ပြည်တွင်းအခွန် ဦးစီးဌာနမှ အကြီးတန်းစာရေး အမှုတွင် တရားလိုပြသက်သေ တစ်ဦးအား စစ်ဆေး
RangonNewsDaily::March . 5 .2016
ဌာနအတွင်း ကျပ်သိန်းထောင်ချီ လာဘ်ယူခဲ့သည်ဟုဆိုကာ ပုဒ်မ ၄၀၆ ဖြင့် တရားစွဲဆို ခံထားရသည့် ပြည်တွင်းအခွန် ဦးစီးဌာနမှ အကြီးတန်းစာရေး ဦးမြင့်ဇော်ထွေး၏ အမှုအား မတ် ၄ ရက် နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ် တရားရုံး၌ စစ်ဆေးရာတရားလို ဒေါ်သိန်းသိန်းနိုင်၏ သားဖြစ်သူအား စစ်ဆေးခဲ့ကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ် မုဒိတာ အိမ်ရာဝင်းအတွင်း နေအိမ်တစ်အိမ်မှ ကျပ်သိန်းပေါင်း သုံးသောင်းကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများနှင့်အတူ အမျိုးသားငါးဦးနှင့် အမျိုးသမီးတစ်ဦးအား ဖမ်းဆီးရမိ
RangonNewsDaily::March . 5 .2016
မရမ်းကုန်းမြို့နယ် မုဒိတာ အိမ်ရာဝင်းအတွင်း နေအိမ်တစ်အိမ်မှ ကျပ်သိန်းပေါင်း သုံးသောင်းကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများနှင့်အတူ အမျိုးသားငါးဦးနှင့် အမျိုးသမီး တစ်ဦးအား မတ် ၃ ရက်ည ၁၀ နာရီက ဖမ်းဆီးရမိခဲ့ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။

Subscribe to:
Posts (Atom)