Monday, January 20, 2014
ဘန်ကောက် ဆန္ဒပြပွဲတွင် ပေါက်ကွဲမှု ထပ်မံဖြစ်ပွား လူ ၂၈ ဦး ဒဏ်ရာရရှိ
RangonNewsDaily:: January . 19 .2014
ထိုင်းနိုင်ငံတွင် အိမ်စောင့်အစိုးရ ဖြုတ်ချရေးအတွက် ဘန်ကောက် ရပ်ဆိုင်းရေးဟူသည့် ခေါင်းစဉ်ဖြင့် တစ်ပတ်နီးပါးကြာမျှ ပြုလုပ်လာသော ဆန္ဒပြပွဲကြီး၏ သတ္တမမြောက်နေ့တွင် ပေါက်ကွဲမှုတစ်ရပ် ထပ်မံဖြစ်ပွားခဲ့ရာ လူပေါင်း ၂၈ ဦးကျော် ဒဏ်ရာရရှိသွားကြောင်း CNN သတင်းဌာနက ရေးသား ဖော်ပြသည်။

ပုဒ်မ ၃ ခုပြင်ဆင်ရေး တောင်ငူမှာဆန္ဒပြ
RangonNewsDaily:: January . 19 .2014
ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ သမ္မတဖြစ်ခွင့် အရည်အချင်း ကန့်သတ်ထားတဲ့ ပုဒ်မ ၅၉(စ) (ဃ) အပါအ၀င် ပုဒ်မ ၃ ခုကို ပြင်ဆင်ဖျက်သိမ်းပေးဖို့ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့မှာ ဒေသခံပြည်သူ နှစ်ရာလောက်က ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ ဥပဒေပြဌာန်းချက်တွေကို ကန့်ကွက်ဆန္ဒပြရတာလို့ တောင်ငူမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမြင့်က ပြောပါတယ်။

မူးယစ်မှောင်ခိုများနှင့် ထိုင်း စစ်တပ် တာချီလိတ်အနီး ပစ်ခတ်မှု ဖြစ်ပွား
တိုက်ပွဲဖြစ်ပွားပြီးနောက် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့် အတူ တွေ့ရသော ထိုင်းစစ်တပ် အာဏာပိုင်များ(ဓာတ်ပုံ – ဘန်ကောက်ပို့စ်) |
RangonNewsDaily:: January . 19 .2014
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ အနီး၌ မြန်မာနိုင်ငံဘက်မှ မူးယစ်ဆေး သယ်ဆောင် လာသည်ဟု ယူဆရသည့် အဖွဲ့နှင့် ထိုင်း နယ်ခြားစောင့် စစ်တပ်တို့ ယမန်နေ့ နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီး ၄ ဦး အသေ ဖမ်းမိကြောင်း သတင်းရသည်။

တိုင်းရင်းသားလက်နက်ကိုင်များညီလာခံ UWSA မတက်
RangonNewsDaily:: January . 20 .2014
ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေ လေးဝါးခေါ် လောခီးလာစခန်းတွင် ပြုလုပ်မည့် တိုင်းရင်း သားခေါင်းဆောင်များ၏ တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲသို့ 
“၀” ပြည် သွေး စည်းညီညွတ်ရေးတပ်မတော်(UWSA) တက်ရောက်နိုင်တော့မည်မဟုတ်ဟု
UWSA ၏ ပြောရေးဆိုခွင့် ရှိသူ ဦးအောင်မြင့်က ဇန်န၀ါရီလ ၁၉ ရက်တွင်
ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေ လေးဝါးခေါ် လောခီးလာစခန်းတွင် ပြုလုပ်မည့် တိုင်းရင်း သားခေါင်းဆောင်များ၏ တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲသို
နိုင်ငံကူး လက်မှတ်အတုဖြင့် ၀င်လာသူ နှစ်ဦးကို လေဆိပ်တွင် ဖမ်းဆီး
RangonNewsDaily:: January . 20 .2014
မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံကူးလက်မှတ်အတုဖြင့် ၀င်ရောက်လာသည့် မြန်မာ နိုင်ငံသားနှစ်ဦးကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးလိုက်သည်ဟု ရန်ကုန်တိုင်း ရဲတပ် ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။ ဖြစ်စဉ်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ Air Asia လေကြောင်းခရီးစဉ် အမှတ်AK 1424 ဖြင့် လိုက်ပါလာသူမှာ
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် အောင်သစ္စာရပ်ကွက်၊ နယ်မြေ (၁၂)နေ
ကိုဝင်းကျော် ထွေး (၂၇) ဆိုသူဖြစ်သည်ဟု ရဲတပ်ဖွဲ့က အတည်ပြုထားသည်။
မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံကူးလက်မှတ်အတုဖြင့် ၀င်ရောက်လာသည့် မြန်မာ နိုင်ငံသားနှစ်ဦးကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တ
Subscribe to:
Posts (Atom)