Thursday, May 30, 2013
ပြင်သစ်စစ်သားအား ဓားဖြင့်ထိုးသူကို DNA စစ်ဆေးမှုဖြင့် ဖော်ထုတ်ဖမ်းဆီး
ထုတ်နိုင်ခဲ့ကြောင်း သိရှိရသည်။
မက္ကစီကိုတွင် ဟာရီကိန်းမုန်တိုင်း ဘာဘရာ ဝင်ရောက်တိုက်ခတ်
သွားပြီး (၁၀)ဦးကျော် ပျောက်ဆုံးနေကြောင်း သိရှိရသည်။ ဘာဘရာ မုန်တိုင်းသည် ဗုဒ္ဓဟူးနေ့ (မေလ ၂၉ ရက်) က မက္ကစီကို နိုင်ငံ၏ ပစိတ်ဖိတ် ကမ်းခြေ ဒေသကို ဖြတ်သန်းကာ ကုန်းတွင်း ဝင်ရောက်ခဲ့သည်။
လားရှိုး အကြမ်းဖက်မှုသည် ဗုဒ္ဓဘာသာ ဂိုဏ်းခွဲသစ် နိင်ငံ အနှံ့ပျံ့နှံ့သည့် လက္ခဏရပ်ပာု နာမည်ကြီးဆောင်းပါးရှင် Thomas Fuller သုံးသပ်
ဓါတ်ပုံ Al Jazeera |
ပဲခူးတိုင်း မုန်းမြို့တွင် ဗလီတလုံးနှင့် လူနေအိမ်တလုံးဖျက်ဆီးခံရ
May 30, 2013
ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မုန်းမြိုမှာအရပ်သားအချင်းချင်းစကားများရာကနေ မေ ၂၉ ရက်နေ့ ညနေပိုင်း
မှာ ဗလီတလုံးနဲ့ နေအိမ် တလုံး ဖျက်ဆီးခံရပါတယ်။ နယ်မြေခံတဦးရဲ့ ပြောဆိုချက်အရ မနက် ၁၀ နာရီက
တည်းက မြန်မာ ၂ ဦးနဲ့ အစ္စလာမ်သာသာဝင် ၂ ဦး အချင်းများရန်ဖြစ်ပြီး ရဲက အစ္စလာမ်ဘာသာဝင် ၃ ဦးကို ထိန်းသိမ်းခဲ့ပါတယ်။

လားရှိုးမြို့ ဒုက္ခသည်များအတွက် ကယ်ဆယ်ရေးစခန်း နှစ်ခု ဖွင့်လှစ်ထား
ရှမ်းပြည်နယ်
လားရှိုးမြို့တွင် ပဋိပက္ခကြောင့် ပျက်စီးခဲ့သည့် နေအိမ်မှ ဒေသခံများနှင့်
ဒဏ်ရာရရှိသူများ အတွက် ကယ်ဆယ်ရေးစခန်းကို မေလ(၃၀)ရက်နေ့တွင်
ဖွင့်လှစ်ပေးထားပြီးဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ
ဒုက္ခသည်စခန်းကို လားရှိုးမြို့ သိင်္ဂီလမ်း ရပ်ကွက်(၈)ရှိ
မန်ဆူဘုန်းကြီးကျောင်း နှင့် ရပ်ကွက်(၇)ရှိ စိတ္တသုခ ဘုန်းကြီးကျောင်း၌
ဖွင့်လှစ်ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်နယ် ပြန်ကြားရေးနှင့်
ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးကဆိုသည်။
ကျေးရွာကျောင်းအုပ်ကို မကျေနပ်သဖြင့် ရွာလုံးကျွတ် ကျောင်းမအပ်
Thursday, May 30, 2013
စစ်ကိုင်းတိုင်းဒေသကြီး ပင်လယ်ဘူး မြို့နယ် ဆားတောင်ပုံကျေးရွာရှိ အခြေခံ
ပညာ မူလတန်းကျောင်း ကျောင်းအုပ်ဆရာကြီးကို မကျေနပ်သဖြင့် ယင်းကျေးရွာ
တစ်ရွာလုံးရှိ ကျောင်းသားမိဘများက ကျောင်းအပ်ကာလသို့ ရောက်ရှိ နေသော်လည်း
ယခုအချိန်ထိ ကျောင်းမအပ်ကြသေး ကြောင်း အဆိုပါ ကျောင်းသားမိဘများနှင့်
ကျောင်းအကျိုးဆောင် ကော်မတီ တာဝန် ရှိသူထံမှ စုံစမ်းသိရှိရသည်။
တက္ကသိုလ်ဝင်တန်း အောင်စာရင်း ဇွန်လဒုတိယပတ် ထွက်မည်
၂၀၁၂-၂၀၁၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများ စာရင်းကို လာမည့် ဇွန်လ ၉ ရက် တနင်္ဂနွေနေ့တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန အကြီးတန်းအရာရှိ တစ်ဦးက The Voice သို့ ပြောကြားသည်။"ပြည်နယ်နှင့်တိုင်း ပညာရေးမှူး တွေကို လျှို့ဝှက်အစည်းအဝေး ခေါ်နေပြီ။ ၈ဝ ရာခိုင်နှုန်း သေချာပါတယ်"ဟု ၄င်းက ထပ်လောင်းပြောကြားသည်။
ကေအိုင်အိုနှင့် အစိုးရ အချက် ၇ ချက်သ ဘောတူ
Thursday, May 30, 2013
ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို)နဲ့ အစိုးရအြကား
နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လက်လုပ်ဆောင်ရေး အပါအ၀င် အချက် ၇ ချက်ကို မေ
၃၀ရက်ညေနပိုင်းမှာ သေဘာတူလက်မှတ်ထိုး လိုက်နိုင်ပြီလို့
မြစ်ကြီးနားမြို့မှာ အဲဒီဆွေးနွေးပွဲကိုတက်နေတဲ့
ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလှေမာင်ရွှေက ဒီဗွီဘီကို
လက်မှတ်ထိုးနေချိန် မေးမြန်းရာမှာ ဖြေဆိုပါတယ်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ထိုင်းဘုရင်၏ ''Knight Grand Cross (First Class) of the Most Noble Order of the Crown of Thailand'' တော်ဝင်ဘွဲ့ တံဆိပ် ပေးအပ် ချီးမြှင့်
Thursday, May 30, 2013
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မေ ၂၈ ရက်၊ နံနက်ပိုင်းတွင် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၌ ကျင်းပ ပြုလုပ်သည့် ထိုင်းဘုရင် မင်းမြတ်မှ ပေးအပ် ချီးမြှင့်သော တော်ဝင် ဘွဲ့ တံဆိပ် ပေးအပ် ချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်၍ တော်ဝင်ဘွဲ့ တံဆိပ်အား လက်ခံ ရယူသည်။

လားရှိုးပဋိပက္ခ ပျက်စီးမှုတန်ဖိုး သိန်း ၆ဝဝ ရှိ လုံခြုံရေးအဖွဲ့များ တိုးချဲ့ဖွဲ့စည်း
ရှမ်းပြည်နယ် လားရှိုးမြို့တွင် မေလ ၂၈ ရက်ကဖြစ်ပွားခဲ့သော ပဋိပက္ခများမှ မီးလောင်ပြီး ပျက်စီးဆုံးရှုံးခဲ့မှု တန်ဖိုး သိန်း ၆ဝဝ နီးပါးရှိပြီး လုံခြုံရေးအတွက် အဖွဲ့ငါးဖွဲ့ ဖွဲ့စည်းလိုက်သည်ဟု လားရှိုးမြို့ ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေး ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝေလင်းက မဇ္ဈိမကို ပြောသည်။
ပဋိပက္ခ ဖြစ်ပွားမှုများ ကူးစက်မလာစေရန် မန္တလေးတွင် လုံခြုံရေးအင်အား တိုးမြှင့်
မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးရှေ့တွင် အဓိကရုဏ်း နှိမ်နင်းရေးကားများ အသင့်ပြင်ဆင် ထားသည်ကို မေ ၂၉ ရက်က တွေ့ရစဉ်
Thursday, May 30, 2013
ရှမ်းပြည်နယ်၊ လာရှိုးမြို့ပေါ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခ အခြေအနေများ
ကူးစက်လာမှု မရှိစေရန် မန္တလေး
တိုင်း ရဲတပ်ဖွဲ့ အနေဖြင့်
ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးရှေ့တွင် အဓိကရုဏ်း နှိမ်နင်းရေးကားများ အသင့်ပြင်ဆင် ထားသည်ကို မေ ၂၉ ရက်က တွေ့ရစဉ် |
Thursday, May 30, 2013
ရှမ်းပြည်နယ်၊ လာရှိုးမြို့ပေါ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခ အခြေအနေများ ကူးစက်လာမှု မရှိစေရန် မန္တလေး
ရှမ်းပြည်နယ်၊ လာရှိုးမြို့ပေါ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခ အခြေအနေများ ကူးစက်လာမှု မရှိစေရန် မန္တလေး
တိုင်း ရဲတပ်ဖွဲ့ အနေဖြင့်
ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
Subscribe to:
Posts (Atom)