30.5.2013, Thursday
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည်၏ (၆၈)နှစ်
ပြည့် မွေးနေ့ကို (၂၀၁၃)ခုနှစ်၊ ဇွန်လ(၁၉)ရက်နေ့တွင် အဖွဲ့ချုပ်ရုံးတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရ
သည်။ မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်ကို မွေးနေ့လက်ဆောင် ပေးခြင်းအတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို
့လည်းကောင်း၊ ကျန်းမာရေးကွန်ရက်သို့လည်းကောင်း၊ပညာရေးကွန်ရက်သို့လည်းကောင်းထည့်ဝင်လှူဒါန်း
နိုင်ပြီး မေတ္တာလက်ဆောင်အဖြစ် ပေးလိုသော အလှူငွေများကို ဇွန်လ (၁၆)ရက်နေ့အရောက်ပေးပို့ရမည်
ဖြစ်ကြောင်းသိရသည်။
ဒေါ်အောင်ဆန်းစုကြည်ကို (၁၉၄၅)ခုနှစ် ဇွန်လ (၁၉)ရက်နေ့တွင် မွေးဖွားခဲ့ခြင်းဖြစ်သည်။ ကြားဖြတ်ရွေး
ကောက်ပွဲတွင် ကော့မှူးမဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်ကာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေး
ချယ်ခံခဲ့ရပြီး ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီတွင် ဥက္ကဋ္ဌ
တာဝန်ထမ်းဆောင်နေသူဖြစ်သည်။
SkyNet TV Browser, Rangonnewsdaily
RND: :30.5.2013

0 comments:
Post a Comment