Saturday, April 6, 2013
မြန်မာ နှစ်ဆန်း တန်ခူးလတွင် ပြုလုပ်လေ့ရှိသော တနင်္သာရီတိုင်းမြိတ်မြို့က ကျားအကပွဲ
မြိတ်ဒေသတွင် ကျားက ကခြင်းကို မြန်မာ နှစ်ဆန်း တန်ခူးလ ၌ ကလေ့ရှိကြောင်း
မှတ်တမ်းများအရ သိရသည်။ မှတ်တမ်း တစ်ခု ၏ အဆိုအရ ပလောရိုးရာ ဟု ဆိုသလို၊
အချို့ က ပသျှူးတို့ ၏ အကဟု ဆိုကြသည်။ သမန်းကျားအကဟုလည်း ဆိုကြပြန်ရာ
အထက်အညာ ထမံသီဘက်မှ သမန်းကျားအကနှင့် မည်သို့ဆက်နွယ် သနည်းဟု
စဉ်းစားမိရပြန် ပါသည်။မည်သည့် အဆက်အနွယ် ဖြစ်စေ ကျားက၏...
ထူးခြားမှုများကတော့ မှတ်သားဖွယ်ဖြစ်သည်။
မြိတ်ဒေသတွင် ကျားက ကခြင်းကို မြန်မာ နှစ်ဆန်း တန်ခူးလ ၌ ကလေ့ရှိကြောင်း
မှတ်တမ်းများအရ သိရသည်။ မှတ်တမ်း တစ်ခု ၏ အဆိုအရ ပလောရိုးရာ ဟု ဆိုသလို၊
အချို့ က ပသျှူးတို့ ၏ အကဟု ဆိုကြသည်။ သမန်းကျားအကဟုလည်း ဆိုကြပြန်ရာ
အထက်အညာ ထမံသီဘက်မှ သမန်းကျားအကနှင့် မည်သို့ဆက်နွယ် သနည်းဟု
စဉ်းစားမိရပြန် ပါသည်။မည်သည့် အဆက်အနွယ် ဖြစ်စေ ကျားက၏...
ထူးခြားမှုများကတော့ မှတ်သားဖွယ်ဖြစ်သည်။
(၆-၄-၀၁၃)ရက်နေ့ မိတ္ထီလာသတင်း
BREAKING NEWS,,,(၆-၄-၀၁၃)ရက်နေ့ မိတ္ထီလာခရိုင်အားကစားကွင်းအတွင်းမှ ဒုက္ခသည်များအား စစ်ကားကြီးများဖြင့် တစ်အိမ်ထောင်လျှင် (၂)ယောက်နှုန်းဖြင့် ခေါ်ဆောင်သွားခဲ့ခြင်း(၆-၄-၂၀၁၃)ရက်နေ့ မိတ္ထီလာခရိုင်အားကစားကွင်းအတွင်းမှ အစွန်းရောက်ဗုဒ္ဓဘာသာအကြမ်းဖက်များ၏ လုယက်၊ သတ်ဖြတ်၊ မီးရှို့၊ ဖျက်ဆီး ခိုးဝှက်မှုကြောင့် ဒုက္ခရောက်ခဲ့ကြရသော မွတ်စ်လင်မ်ဒုက္ခသည်များအား
မိမိတို့နေအိမ်များသို့ လက်ကျန်ပစ္စည်းများကောက်ယူ သိမ်းဆည်းရန်ဟု ပြောပြီး
စစ်ကားကြီးများဖြင့် တစ်အိမ်ထောင်လျှင် (၂)ယောက်နှုန်းဖြင့်
ခေါ်ဆောင်သွားခဲ့ပါသည်။
နိုင်ငံတ၀န်း ဖြစ်ပွားခဲ့တဲ့ ၉၆၉ တရားပွဲများမှ စွပ်စွဲချက်များ ပြန်လည်ဖြေရှင်းချက်
ယနေ့နိုင်ငံတစ်ဝန်းမှာဖြစ်ပေါ်နေတဲ့၉၆၉ တရားပွဲများတွင်တရားဟောဆရာတော်များစွပ်စွဲပြောဆို နေကြ
တာနဲ့ပတ်သတ်ပြီးဖြေရှင်းချက်များလည်းရှိနေပါတယ်။ ကိုဟင်းဒရစ်ရဲ့အဖြေစကားများကို ဖော်ပြပေးလိုက်
ပါတယ်။
၁..မြန်မာပြည်မှာနေပီး မြန်မာတွေ မသိအောင် ဗလီထဲမှာ လူမှုရေး စီးပွားရေး လူမျိုးရေးစတဲ့ လျှို့ဝှက်ဆွေးနွေးမှုတွေလုပ်တာ...
ဖြေ ၁ ။ ။ အရှင်ဘုရား ... မုစ်လင်မ်တွေရဲ့ ဗလီဆိုတာ ၀တ်ပြုဖို့ပါ၊
ဗလီထဲမှာ စီးပွားရေး လူမှုရေး၊ လူမျိုးရေး လုံးဝ (လုံးဝ) လုပ်ခွင့်မရှိတဲ့
နေရာပါ ဘုရား။
တန်ဖိုးနည်း Sim Card များ အပေါ် ပြည်သူတို့ အမြင်
"ကျနော့်နာမည်နဲ့ ၁၉၉၅ လောက်က နိုင်ငံတော်က GSM တစ်လုံးချပေးတယ်၊ ဆက်သွယ်ရေးကို ၅ သိန်းကျပ်သွင်းရတယ်လေ၊ ကျနော်ကလည်း ၀န်ထမ်းဆိုတော့ အသုံးလိုမဲ့ ဘုရင့်နောင်ပွဲရုံက ကျနော့ သူငယ်ချင်း တသ်ယောက်ကို ၄၃ သိန်းနဲ့ ရောင်းလိုက်တယ်၊ ခု အဲ့ဒီသူငယ်ချင်းကို အားနာနေမိပေမဲ့၊ သူကတော့ ကျနော် ခင်ဗျားဆီက ၀ယ်လိုက်တဲ့ ဖုန်းနဲ့ စီးပွားရှာနေတာပဲဗျာ၊ အားနာနေစရာ မလိုပါဘူး ဆိုလို့ တော်ပါသေးရဲ့ဗျာ" လို့ အငြိမ်းစား ဒု/ညွှန်မှူးတစ်ဦးက ပြောသည်။
"ဦးသန့်အိမ်" ပြတိုက်ကို ယနေ့ညနေပိုင်းကဖွင့်လှစ်
ဧပြီလ ၆ ရက် ၂၀၁၃
ကမ္ဘာ့ကုလသမဂ္ဂ၏ တတိယမြောက်အထွေထွေအတွင်းရေးမှူး ချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ သော ဦးသန့်အား ဂုဏ်ပြုသောအားဖြင့် ၎င်းနေထိုင်ခဲ့ရာအိမ်အား ပြုပြင်ထိန်းသိမ်း၍"ဦးသန့်အိမ် " ပြတိုက်အား ယနေ့ ညနေတွင် အကြို ဖွင့်လှစ်ခဲ့သည်။၁၉၉၆ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချု ပ်ရာထူးထမ်းဆောင်ခဲ့ပြီး ကျူးဘားဒုံးပျံအကျပ်အတည်းကဲ့သို့ သောပြဿနာများအား အောင်မြင်စွာကိုင်တွယ်ဖြေရှင်း နိုင်ခဲ့ သော ပန်းတနော်မြို့သား ဦးသန့်အား
အမေရိကန် နိုင်ငံက ဓာတုလက်နက် ကာကွယ်ရေး တပ်ရင်းမှ စစ်သည်များအား တောင်ကိုရီးယားတွင် ဖြန့်ကြက် ချထား
မြောက်ကိုရီးယား နိုင်ငံက နျူကလီးယား လက်နက်ဖြင့် တိုက်ခိုက်မည်ဟူသော
ခြိမ်းခြောက်မှု ပေါ်ထွက် လာပြီးနောက် အမေရိကန် နိုင်ငံသည် နျူကလီး ယား
လက်နက်၊ ဇီဝလက်နက်နှင့် ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုကို အပြည့်အဝ ကာကွယ်မှု
ပေးနိုင်သည့် ဝတ်စုံများ ပါဝင်သော ဓာတုလက်နက် ကာကွယ်ရေး တပ်ရင်းမှ
စစ်သည်များအား တောင်ကိုရီးယား နိုင်ငံတွင် ဖြန့်ကြက် ချထားကြောင်း သိရသည်။
မြောက်ကိုရီးယား နိုင်ငံက နျူကလီးယား လက်နက်ဖြင့် တိုက်ခိုက်မည်ဟူသော
ခြိမ်းခြောက်မှု ပေါ်ထွက် လာပြီးနောက် အမေရိကန် နိုင်ငံသည် နျူကလီး ယား
လက်နက်၊ ဇီဝလက်နက်နှင့် ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုကို အပြည့်အဝ ကာကွယ်မှု
ပေးနိုင်သည့် ဝတ်စုံများ ပါဝင်သော ဓာတုလက်နက် ကာကွယ်ရေး တပ်ရင်းမှ
စစ်သည်များအား တောင်ကိုရီးယား နိုင်ငံတွင် ဖြန့်ကြက် ချထားကြောင်း သိရသည်။
"လားရှိုးတွင် သင်္ကြန် မဏ္ဍပ်ဆာက်လုပ်ရန် ဈေးဆိုင်ခန်းရှင်များအား မထည့်မနေရ ငွေကောက်ခံနေ"
လားရှိုး၊ ဧပြီ ၆
ရှမ်းပြည်မြောက်ပိုင်းလားရှိုြး မို့တွင်
မကြာမီ ကျင်းပမည့် မဟာသင်္ကြန်ပွဲတော်အတွက် မြို့မဈေး သင်္ကြန်
မဏ္ဍပ်ပြုလုပ်ရန်ဟုဆိုကာလားရှိုးမြို့စည်ပင်မှဈေးခေါင်းနှင့်ဈေးအကျိုးဆောင်ဥက္ကဌတို့ကဦးဆောင်ပြီး ဈေး
ဆိုင်ခန်းတစ်ခန်းလျင်
အပေါ်ထပ်ဖြစ်ပါက ကျပ် ၇၀၀၀၊ အောက်ထပ်ဖြစ်ပါက ကျပ် ၈၀၀၀၊ မထည့်မနေရ
သတ်မှတ်ချက်ဖြင့် လိုက်လံကောက်ခံနေကြောင်းလားရှိုးမြို့မဈေး ဈေးဆိုင်ခန်း ပိုင်ရှင်များကပြောသည်။
လားရှိုး၊ ဧပြီ ၆
ရှမ်းပြည်မြောက်ပိုင်းလားရှိုြး မို့တွင်
မကြာမီ ကျင်းပမည့် မဟာသင်္ကြန်ပွဲတော်အတွက် မြို့မဈေး သင်္ကြန်
မဏ္ဍပ်ပြုလုပ်ရန်ဟုဆိုကာလားရှိုးမြို့စည်ပင်မှဈေးခေါင်းနှင့်ဈေးအကျိုးဆောင်ဥက္ကဌတို့ကဦးဆောင်ပြီး ဈေး
ဆိုင်ခန်းတစ်ခန်းလျင်
အပေါ်ထပ်ဖြစ်ပါက ကျပ် ၇၀၀၀၊ အောက်ထပ်ဖြစ်ပါက ကျပ် ၈၀၀၀၊ မထည့်မနေရ
သတ်မှတ်ချက်ဖြင့် လိုက်လံကောက်ခံနေကြောင်းလားရှိုးမြို့မဈေး ဈေးဆိုင်ခန်း ပိုင်ရှင်များကပြောသည်။
ထိုင်းလက်နက်ကိုင်နှင့် မြန်မာတပ် ပစ်ခတ်မှု မဖြစ်ခဲ့ဟု ထိုင်းဝန်ကြီး ငြင်းဆို
ဧပြီလ ၆ ရက် ၂၀၁၃
ထိုင်း-မြန်မာ နယ်စပ်တွင် ထိုင်းလက်နက်ကိုင်များနှင့် မြန်မာအစိုးရ
တပ်များ သောကြာနေ့က တိုက်ပွဲဖြစ်ပွားခြင်း မရှိခဲ့ကြောင်း ထိုင်း
နိုင်ငံခြားရေးဝန်ကြီးက ငြင်းဆိုလိုက်သည်။နားလည်မှု လွဲမှားခြင်းသာ ဖြစ်သည်ဟု ဝန်ကြီး Surapong Tovichakchaikul ၏
ဖြေရှင်းချက်အား ကိုးကား၍ ထိုင်းနိုင်ငံ အခြေစိုက် ဘန်ကောက်ပို့စ်
သတင်းတရပ်တွင် ဖော်ပြပါရှိသည်။
သင်္ကြန်အထူးရထားများ အစုန်/အဆန် ပြေးဆွဲမည့် အစီအစဉ် အသိပေးကြေညာ
မြန်မာ့မီးရထားမှသင်္ကြန်ကာလအတွင်းခရီးသွားပြည်သူများအဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် နေပြည်တော်-ရန်ကုန် လမ်းပိုင်းနှင့် ရန်ကုန်-မန္တလေး လမ်းပိုင်းတို့တွင် သင်္ကြန်အထူးရထားများ ပြေးဆွဲပေးမည်ဖြစ်ရာ နေပြည်တော်-ရန်ကုန် အမှတ်(၃၂)အစုန်၊ အမှတ်(၈)အစုန် အမြန်ရထားနှစ်စင်းအပြင် အထူးရထား နှစ်စင်းကို ဧပြီ ၁၁ ရက်တွင် နေပြည်တော်-ရန်ကုန် ခရီးစဉ်အဖြစ် တိုးချဲ့ပြေးဆွဲပေးမည်ဖြစ်ပြီး
ရန်ကုန်ပြည်သူ့ ဆေးရုံကြီးကို စွမ်းအင်ရုံဟောင်း နေရာ၌ ပြောင်းရွှေ့ ဖွင့်လှစ်မည်
လမ်းမတော် မြို့နယ်ရှိ ရန်ကုန် ပြည်သူ့ ဆေးရုံကြီးမှ ရောဂါကု ဌာနများ ဖြစ်သော ဆီး နှင့် ကျောက်ကပ် အထူးကု ဌာန ၊ ရင်ခေါင်း ဆေးကု အထူးကုဌာန ၊ ရင်ခေါင်း ခွဲစိတ် အထူးကု ဌာန ၊ အသည်းဆေးကု အထူးကု ဌာန ၊ အသည်း ခွဲစိတ် အထူးကု ဌာန ၊ အဆစ်အမြစ် ဆေးကု ဌာနများ အပါအ၀င် ရန်ကုန် အထွေထွေ ရောဂါကု ဆေးရုံသစ် ကြီးရှိ ဆီး နှင့် ကျောက်ကပ် ခွဲစိတ် အထူးကု ဌာန များကို မင်းရဲ ကျော်စွာလမ်း ရှိ စွမ်းအင် ရုံဟောင်း နေရာ၌ ပြောင်းရွှေ့ ဖွင့်လှစ် မည် ဖြစ်ကြောင်း သိရသည်။
ကျပ်(၁၅၀၀)တန် CDMA ဖုန်းအတွက်အင်တာနက်ဝန်ဆောင်ခကို ကျပ်(၁)သောင်းနဲ့လျှောက်ထားရမည်…
ကျပ်(၁၅၀၀)တန် CDMA ဖုန်းအတွက် အင်တာနက်ဝန်ဆောင်ခကို ကျပ်(၁)သောင်းနှင့်သာ ဆက်လက်လျှောက်ထားရမည် ဖြစ်ကြောင်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှတာဝ န်ရှိသူတစ်ဦး၏ပြောကြားချက်အရသိရသည်။
မြန်မာတပ်မတော်သား ( ၁၃ )ဦး သေဆုံးမှု ထိုင်းစစ်သားများအား မြန်မာအစိုးရ စွပ်စွဲ
ရနောင်း ဧပြီ ၆
ကော့သောင်းဒေသတွင် မြန်မာ -ထိုင်းနယ်စပ်အနီး မြန်မာ့တပ်မတော်သား ၁၃
ဦးအသတ်ခံရသည့် ကိစ္စနှင့် ပတ်သတ်၍ ထိုင်းနိုင်ငံ Chumphon ဒေသရှိ
ဆေးရုံတွင် ဆေးကုသမှုခံယူ နေရသော ထိုင်းစစ်သား ၆ ဦးအား စစ်ဆေးမေးမြန်း
ပေးရန် မြန်မာ အာဏာပိုင်များက ထိုင်းအစိုးရအား တောင်းဆိုထားကြောင်းသိရသည်။
ကော့သောင်းခရိုင် ထိုင်းနယ်စပ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ မြန်မာတပ်မှာ ခမရ ၄၃၂ မှ
တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင် ထိုင်းနယ်စပ်တွင် ယနေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာမြန်မာ့တပ်မတော်မှ ၁၃ ဦး ကျဆုံးခဲ့ရပြီး နှစ်ဦး ပျောက်ဆုံးနေကြောင်း ထိုင်းလုံခြုံရေးဆိုင်ရာအား ကိုးကား၍ ဘန်ကောက်ပို့စ် သတင်းတရပ်တွင် ဖော်ပြထားသည်။ မြန်မာ အစိုးရတပ်များ နယ်စပ် ကင်းလှည့်စဉ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး မည်သည့်လက်နက်ကိုင်အဖွဲ့ကတိုက်ခိုက်ခဲ့သည်ကိုမူအတည်ပြု၍မရနိုင်သေးပေ။ ကင်းလှည့် မြန်မာတပ်မှာ ခမရ ၄၃၂ မှဖြစ်ကြောင်းကော့သောင်း ဒေသခံများက ခန့်မှန်းပြောဆိုသည်။
အစိုးရတပ်တွေ ထိုးစစ်ဆင်လာတာကြောင့် တန့်ယန်းဒေသခံတွေ စစ်ဘေး လွတ်ရာထွက်ပြေး
ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSA- North တပ်တွေရှိတဲ့ တန့်ယန်းမြို့နယ် အတွင်းက သံလွင်မြစ်တလျှောက်နေရာတွေ ကို အစိုးရတပ်တွေ ထိုးစစ်ဆင်လာတာကြောင့် တန့်ယန်းမြို့နယ် ဒေသခံ ကျေးရွာပေါင်း ၁၆ ရွာက ရွာသူရွာသား တစ်ထောင်နီးပါး ရွှေ့ပြောင်းနေရတယ်လို့ ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ရှမ်း လူ့အခွင့်အရေး အဖွဲ့က ဧပြီလ ၅ ရက် ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
လားရှိုးက လောင်းကစား ဂိမ်းများနှင့် အရှုံး သံသရာ
လားရှိုးမြို့ရှိ ငမန်းလောင်းကစား ဂိမ်းစက်များကို ဤသို့မြင်တွေ့ရသည် (ဓာတ်ပုံ – မိုင်အဲမလီ / ဧရာဝတီ)
၂၅ ပေ ပတ်လည်ခန့်ရှိသည့် အခန်းထဲတွင် သဲကြီးမဲကြီး ပုံစံဖြင့်
အသံမျိုးစုံ အော်ဟစ်ကာ ဂိမ်းစက်များဖြင့် ကစားနေသည့် အရွယ်စုံ
ယောက်ျားများကို တွေ့ရသည်။ ထိုနေရာတွင် အသက် ၁၀ နှစ်ကျော်မှ စ၍ အသက် ၄၀
ကျော်အထိ အသက်အရွယ် စုံတို့ အခန်းလုံးပြည့် ရှိနေသည်။ ဂိမ်းကို
စိတ်ဝင်တစားနှင့်အနိုင်ရရေးကိုသာ စိတ်ရောက်နေပုံ ရပြီး နံဘေး
ပတ်ဝန်းကျင်တွင် ကပ်ထိုင်နေသူကိုပင် သတိမထား၊ မကြည့်အား လောက်အောင် ဂိမ်းက
ဆွဲဆောင်မှုအား ပြင်းထန်ပုံရသည်။
လက်ပတောင်းတောင် မီးလောင်တဲ့ကိစ္စ ထုတ်စရာ တရားခံ မရှိဟု ဒေါ်အောင်ဆန်းစုကြည်ပြော
“လက်ပံတောင်းတောင်အစီရင်ခံစာနဲ့
ပတ်သက်လို့ ရဲတွေထဲမှာ တရားခံမထုတ်လို့ ဆိုပြီးတော့
မကျေနပ်တဲ့လူတွေရှိတယ်။ ဒါပေမယ့် အမှန်ပြောရရင် ထုတ်စရာတရားခံ ကို မရှိဘူး။
အဆင့်ဆင့်က သူတို့ဥပဒေ အရလုပ်သွားတာပဲ ၊ တကယ်ပြဿနာက ဘာလဲဆိုတော့
အဲဒီမီးလောင်တဲ့ ကိစ္စပဲ။ အဲဒီတော့ မီးလောင်တဲ့ကိစ္စဟာ ဒါရည်ရွယ်
ချက်မရှိဘူး။ ရည်ရွယ်ချက်မရှိဘူးဆိုတော့ တရားဥပဒေအရ ရည်ရွယ်ချက်မရှိရင်
ဒီဟာကို ရည်ရွယ်ချက်နဲ့လုပ်တဲ့အပြစ်လို့ သတ်မှတ်လို့မရဘူး”
(WCDMA) ဖုန်း သုံးစွဲနိုင်သည့် စက်ကိရိယာများ မြောက်ဦးမြို့နှင့် သံတွဲမြို့တို့၌ တပ်ဆင်
ရခိုင်ပြည်နယ် အတွင်း (WCDMA) ဖုန်း သုံးစွဲနိုင်သည့် စက် ကိရိယာ များကို
စစ်တွေမြို့တစ်မြို့တည်းတွင်သာ တပ်ဆင်ထားရှိ ရာမှ ကျေး လက်နေ ပြည်သူများ
(WCDMA) ဖုန်းသုံးစွဲရာတွင် အဆင်ပြေ ချောမွေ့ စေရေးအတွက်(WCDMA) ဖုန်းများ အသုံးပြုနိုင် သည့် စက်ကိရိယာများ ကို မြောက်ဦးနှင့်
သံတွဲမြို့နယ် တို့၌ ယခုနှစ် အတွင်း တပ်ဆင် ပေး သွားရန်စီစဉ်လျက်ရှိကြောင်း ရခိုင်ပြည် နယ် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။
မိတ္တီလာမြို့ အကြမ်းဖက်မှု သည် မကြာသေးခင်ကမှ ထောင်ကလွတ်လာတဲ့ လူနဲ့ ရဟန်းတွေ အပါအ၀င် အစိုးရ ဘာလုပ်လုပ် ဆန့်ကျင်နေသူတွေက လှုံ့ဆော်တာဖြစ်ကြောင်းလည်း ဦးအောင်သောင်းမှ ပြောကြား
လက်ရှိ ဖြစ်ပွားနေတဲ့ လက်ပန်းတောင် ကြေးနီစီမံကိန်းပြသနာ၊ မြန်မာတရုတ် ဓာတ်ငွေ့ပိုက် လိုင်းပြသနာ၊ ကျောက်ဖြူ ထားဝယ် ရေနက်ဆိပ်ကမ်း ကိစ္စ၊ စက်မှုဇုံကိစ္စ၊ မြေသိမ်းခံကိစ္စတွေမှာ ပြသ နာတွေ ပေါ်ပေါက်အောင် ဗကပ သြဇာခံတွေနဲ့ ယူဂျီတွေက အဓိက လှုံ့ဆော်သူတွေ ဖြစ်တယ်လို့ ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင် ဦးအောင်သောင်းက စွပ်စွဲလိုက်ပါတယ်။
Subscribe to:
Posts (Atom)