Pages

Saturday, April 6, 2013

မိတ္တီလာမြို့ အကြမ်းဖက်မှု သည် မကြာသေးခင်ကမှ ထောင်ကလွတ်လာတဲ့ လူနဲ့ ရဟန်းတွေ အပါအ၀င် အစိုးရ ဘာလုပ်လုပ် ဆန့်ကျင်နေသူတွေက လှုံ့ဆော်တာဖြစ်ကြောင်းလည်း ဦးအောင်သောင်းမှ ပြောကြား

လက်ရှိ ဖြစ်ပွားနေတဲ့ လက်ပန်းတောင် ကြေးနီစီမံကိန်းပြသနာ၊ မြန်မာတရုတ် ဓာတ်ငွေ့ပိုက် လိုင်းပြသနာ၊ ကျောက်ဖြူ ထားဝယ် ရေနက်ဆိပ်ကမ်း ကိစ္စ၊ စက်မှုဇုံကိစ္စ၊ မြေသိမ်းခံကိစ္စတွေမှာ ပြသ နာတွေ ပေါ်ပေါက်အောင် ဗကပ သြဇာခံတွေနဲ့ ယူဂျီတွေက အဓိက လှုံ့ဆော်သူတွေ ဖြစ်တယ်လို့ ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင် ဦးအောင်သောင်းက စွပ်စွဲလိုက်ပါတယ်။ မိတ္တီလာမြို့မှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်နဲ့ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်တွေ တွေ့ဆုံစဉ် သူက အဲလို ပြောလိုက်တာလို့ ဒီကနေ့ထုတ် သံတော်ဆင့် သတင်းစာမှာ ဖော်ပြထားပါတယ်။ 
မိတ္တီလာမြို့ အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီးတော့လည်း မကြာသေးခင်ကမှ ထောင်ကလွတ်လာတဲ့ လူနဲ့ ရဟန်းတွေ အပါအ၀င် အစိုးရ ဘာလုပ်လုပ် ဆန့်ကျင်နေသူတွေက လှုံ့ဆော်တာဖြစ်ကြောင်းလည်း ဦးအောင်သောင်းက စွတ်စွဲထားပါတယ်။
DVB, Rangonnewsdaily
RND:6.4.2013

0 comments:

Post a Comment

 
world time