ဧပြီလ ၆ ရက် ၂၀၁၃
ကမ္ဘာ့ကုလသမဂ္ဂ၏ တတိယမြောက်အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ သော ဦးသန့်အား ဂုဏ်ပြုသောအားဖြင့် ၎င်းနေထိုင်ခဲ့ရာအိမ်အား ပြုပြင်ထိန်းသိမ်း၍"ဦးသန့်အိမ် " ပြတိုက်အား ယနေ့ ညနေတွင် အကြို ဖွင့်လှစ်ခဲ့သည်။၁၉၉၆ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရာထူးထမ်းဆောင်ခဲ့ပြီး ကျူးဘားဒုံးပျံအကျပ်အတည်းကဲ့သို့သောပြဿနာများအား အောင်မြင်စွာကိုင်တွယ်ဖြေရှင်း နိုင်ခဲ့ သော ပန်းတနော်မြို့သား ဦးသန့်အား နိုင်ငံတကာမှဂုဏ်ပြုအသိအမှတ်ပြခဲ့ကြသော်လည်း
မြန်မာ စစ်အစိုးရ အဘက်ဘက်၏ လျစ်လျူရှုမှုကြောင့် ၎င်းနေထိုင်ရာအိမ်မှာ
လွန်စွာပျက်စီးယိုယွင်း နေခဲ့သဖြင့် ယခုသမ္မတသီးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ ခုနှစ်တွင် ရန်ကုန်မြို့ပြအမွေအနှစ် စောင့်ရှောက်ရေးအဖွဲ့ဥက္ကဌ ဒေါက်တာသန်းမြင့်ဦး(ဦးသန့်၏မြေး)တောင်းဆိုမှုဖြင့် ယခုကဲ့သို့ ပြတိုက်အသွင်ပြောင်းရေး စီစဉ်လာခြင်းဖြစ်ကြောင်း ဦးသန့်အိမ်စောင့်ရှောက်ရေးအဖွဲ့နှင့် ရန်ကုန် မြို့ပြအမွေအနှစ်စောင့်ရှောက်ရေးအဖွဲ့မှ သတင်းထုတ်ပြန်သည်။
ဦးသန့်အိမ်စောင့်ရှောက်ရေးအဖွဲ့နှင့် ရန်ကုန်မြို့ပြအမွေအနှစ်စောင့်ရှောက်ရေးအဖွဲ့တို့
ပူးပေါင်း၍ "ဦးသန့်အိမ်" အားပြန်လည်ပြုပြင်ခဲ့ရာ
ရှစ်လခန့်ကြာမြင့်ခဲ့ပြီးနောက် ယခုအခါ အကြိုဖွင့်လှစ် နိုင်ခြင်းဖြစ်သည်။
ပြတိုက်အဖြစ် ဖွင့်လှစ်ခဲ့သည့် (ယခင်ဝင်ဒါမီယာ ခရက်ဆင့်) ပန်းဝါလမ်းရှိ ဦးသန့်နေအိမ်သည် ၁၉၂၀ ခုနှစ်များကပင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး
၁၉၅၁ မှ ၁၉၅၇ ခုနှစ်အတွင်း ၀န်ကြီးချုပ်ဦးနု၏ အတွင်းဝန်အဖြစ်
တာဝန်ထမ်းဆောင်ခဲ့စဉ်က ဦးသန့်နေထိုင်ခဲ့ရာ၎င်းနေရာအား ပြတိုက် တစ်ခု၊
အများပြည်သူအသုံးပြုနိုင်သော နေရာတစ်ခုအဖြစ်ပြောင်းလဲကာ ဦးသန့်၏ဘ၀နှင့်
အလုပ်များကို အမှတ်ရစေရန် ရည်ရွယ်ပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ငွေကြေး၊ပစ္စည်းအကူအညီနှင့်တကွ ရန်ကုန်မြို့ပြအမွေအနှစ်စောင့်ရှောက်ရေးအဖွဲ့၏ အတတ်ပညာဖြင့်ပံ့ပိုးလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
" ဦးသန့်အိမ် "အကြိုဖွင့်ပွဲသို့ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သံတမန်များနှင့်အရေးကြီးပုဂ္ဂိုလ်များ၊ ဦးသန့်မိသားစုဝင်များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှကိုယ်စားလှယ်များတတ်ရောက်ခဲ့ကြသည်။
ကျော်လင်
ပြတိုက်အဖြစ် ဖွင့်လှစ်ခဲ့သည့် (ယခင်ဝင်ဒါမီယာ ခရက်ဆင့်) ပန်းဝါလမ်းရှိ ဦးသန့်နေအိမ်သည် ၁၉၂၀ ခုနှစ်များကပင်ဆောက်လုပ်ခဲ့ခြင်
" ဦးသန့်အိမ် "အကြိုဖွင့်ပွဲသို့ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သံတမန်များနှင့်အရေးကြီးပုဂ္ဂိုလ
ကျော်လင်
0 comments:
Post a Comment