Sunday, December 28, 2014
ကြေးနီစီမံကိန်းရပ်ဆိုင်းရန်နှင့် အကြမ်းဖက်ဖြိုခွင်းမှုဆန့်ကျင်ကြောင်း ရန်ကုန်တွင် ဆက်လက်ဆန္ဒပြ
RangonNewsDaily:: December . 28 .2014
ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအမျိုးသမီးကွန်ရက်က ဒီဇင် ဘာ ၂၇ ရက် ညနေ ၃ နာရီခန့်တွင် ကမာရွတ်မြို့နယ် ယုဒသန်ခန်းမရှေ့မှစတင်ကာ လက်ပံတောင်း တောင်ကြေးနီစီမံကိန်းရပ်ဆိုင်း ရေးနှင့် လက်ပံတောင်းတောင်သူ အသတ်ခံရသည့်အတွက် အစိုးရ မှ တာဝန်ယူ ဆောင်ရွက်ပေးရန် တောင်းဆိုဆန္ဒပြခဲ့သည်။
၂၀၁၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုအကယ်ဒမီပွဲတွင် အမျိုးသမီးဇာတ်ပို့ဆုရ ခိုင်သင်းကြည် ရွှေလက်ကောက်ပျောက်
RangonNewsDaily:: December . 28 .2014
၂၀၁၃ ခုနှစ်အတွက် အမျိုးသမီးဇာတ်ပို့ဆု ရရှိခဲ့သော ခိုင်သင်းကြည် ဝတ်ဆင်ခဲ့သည့် ရွှေလက်ကောက်သည် အကယ် ဒမီပေးပွဲ ကျင်းပသည့်အချိန်တွင် ပျောက်ဆုံးသွားကြောင်း ခိုင်သင်း ကြည်၏ခင်ပွန်း ကိုခန့်နိုင်က ပြောသည်။
မျိုးစောင့်ဥပဒေကို ထောက်ခံသူနှင့် ကန့်ကွက်သူများ Debate ပြုလုပ်မည်
RangonNewsDaily:: December . 28 .2014
မျိုးစောင့် ဥပဒေကို ထောက်ခံသူနှင့် ကန့်ကွက်သူများ Debate လုပ်နိုင်ရန် ယှဉ်ပြိုင် ဟောပြောပွဲကို ပြုလုပ် သွားမည် ဖြစ်ကြောင်း ပွဲစီစဉ် ကျင်းပမည့်သူ တစ်ဦး ဖြစ်သည့် ဦးမျိုးချစ်က The Messenger Media သို့ပြောသည်။
ယာဉ်တိုက်မှုဖြစ်၍ ဦးနေဝင်းမြေး ဦးဇွဲနေဝင်း ဒဏ်ရာရ
RangonNewsDaily:: December . 28 .2014
မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းရှိ ကျောက်မျက်ရတနာ ခန်းမရှေ့တွင် ဒီဇင်ဘာလ ၂၅ ရက် နံနက် ၉ နာရီခွဲက ယခင်စစ်အာဏာရှင်ဟောင်း ဦးနေဝင်း၏ မြေးဖြစ်သူ ဦးဇွဲနေဝင်း စီးနင်းလာသော မော်တော်ယာဉ်ကို အခြားယာဉ်တစ်စီးက ဝင်တိုက်မိပြီး ဦးဇွဲနေဝင်း ဒဏ်ရာရရှိခဲ့ကြောင်း မရမ်းကုန်း မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
အကယ်ဒမီဆုစာရင်း တရက်ကြိုပေါက်ကြား
RangonNewsDaily:: December . 28 .2014
တရက်ကြို ပေါက်ကြားခဲ့သော ၂၀၁၄ ရုပ်ရှင်အကယ်ဒမီဆု စာရင်းသည် အကယ်ဒမီဆု ၆ ဆု အားလုံး အတိအကျ မှန်ကန်သည်ကို တွေ့ရသည်။ အသံဆု၊ ဇာတ်ကားဆုနှင့် ဓါတ်ပုံဆု ချီးမြှင့်ခြင်း မရှိပေ။
ဘုရားဖူးယာဉ် တိမ်းမှောက်ခဲ့သဖြင့် (၁)ဦးသေ၊ (၆)ဦးဒဏ်ရာရ
RangonNewsDaily:: December . 28 .2014
၂၆.၁၂.၂၀၁၄ ရက်နေ့ ၀၇၃၀ အချိန်တွင် ထန်းတပင်မြို့နယ်၊ ရေပေါ်သောင် ကားလမ်းအတိုင်း ထန်းတပင်ဘက်မှ မှော်ဘီဘက်သို့ ထန်းတပင်မြို့နယ်နေ ယာဉ်မောင်း ကိုရဲကိုနိုင် မောင်းနှင်လာသော 2G---- SUZUKI Carry ကိုယ်ပိုင်ယာဉ်သည် သံတဇာကျေးရွာ အနီးအရောက် ယာဉ်၏ ယာဘက်နောက်ဘီး ကျွတ်ထွက်သွားကာ တိမ်းမှောက်သွားခဲ့ပြီး ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင် သွားခဲ့ပါသည်။
Subscribe to:
Posts (Atom)